ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခါ အစအဆံုး အဆင္ေျပၿပီး အခ်စ္ေတြ တိုးလာေစခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို မေမ့ပါနဲ႔ေနာ္…

ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခါ အစအဆံုး အဆင္ေျပၿပီး အခ်စ္ေတြ တိုးလာေစခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို မေမ့ပါနဲ႔ေနာ္။ ေသခ်ာေလး သတိထားေပးဖုိ႔ လုိပါတယ္။

ခ်စ္သူေလးျဖစ္သြားၿပီဆိုရင္ေတာ့ ႏွစ္ေယာက္က ဒိတ္ၾကေတာ့မယ္မလား၊ ခ်ိန္းေတြ႔တဲ့ေန႔မွာ အဆင္ေျပမွ ေနာက္ေန႔ေတြလည္း အဆင္ေျပမွာေလေနာ္။ စစခ်င္းရက္မွာကတည္းက စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတြ ရွိေနမယ္ဆိုရင္ေတာ့ ေနာက္ပိုင္းမွာလည္း ဘယ္လိုမွ ညွိယူလုိ႔ရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ခ်စ္သူနဲ႔ ခ်ိန္းေတြ႔ရင္ ဘယ္လိုအခ်က္ေတြကို ေရွာင္ရမလဲဆိုတာ ေျပာျပမယ္ေနာ္။

ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခါ အစအဆံုး အဆင္ေျပၿပီး အခ်စ္ေတြ တိုးလာေစခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို မေမ့ပါနဲ႔ေနာ္... 1

အကုန္ဆန္႔က်င္ေနတာ

ခ်စ္သူနဲ႔ ေတြ႔တဲ့အခါ လိုက္ေလ်ာသင့္တာေတြ လုိက္ေလ်ာဖို႔ လိုပါတယ္။ ရွိသမွ် အကုန္လံုး ဆန္႔က်င္ၿပီး ျငင္းဆန္ေနတာက စိတ္ညစ္စရာ ေကာင္းပါတယ္။ ခ်စ္သူက ဟိုသြားမယ္၊ ဒီသြားမယ္ဆိုလည္း ဘာတစ္ခုမွ မႀကိဳက္ဘဲ အကုန္ ျငင္းေနတာမ်ိဳးက ခ်စ္သူေတြၾကားမွာ စိတ္အေႏွာင့္အယွက္ ျဖစ္ေစတဲ့ ကိစၥပါပဲ။

စပ္စုလြန္းတာ

ခ်စ္သူသမီးရည္းစားဆိုေပမယ့္ ရွိသမွ် ကိစၥအကုန္လံုး သိခ်င္ေနတာက အဆင္မေျပပါဘူး။ ဖုန္းေျပာသမွ်ေတြ၊ မိသားစုအေၾကာင္းေတြ ခ်ိန္းေတြ႔ေနတဲ့အခ်ိန္မွာ တၿပိဳင္တည္း သိခ်င္တာ၊ ေမးျမန္းလြန္းတာေတြ မလုပ္မိဖို႔ လိုပါတယ္။ ဒီအခ်က္ကလည္း စိတ္အေႏွာင့္အယွက္ ျဖစ္ေစတဲ့အျပင္ သမီးရည္းစားေတြၾကားမွာ မျဖစ္သင့္ပါဘူးေနာ္။ အကယ္လုိ႔ ကိုယ္က သိခ်င္တယ္ဆိုရင္လည္း ျဖည္းျဖည္းခ်င္း သိထားရံုေလာက္သာ ေမးပါ။

ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခါ အစအဆံုး အဆင္ေျပၿပီး အခ်စ္ေတြ တိုးလာေစခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို မေမ့ပါနဲ႔ေနာ္... 2

ဖုန္းသံုးတာ

ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခါမွာ ဖုန္းသံုးတာမ်ိဳး ေရွာင္ပါ။ ေယာက်္ားေလးေတြလည္း ဂိမ္းေဆာ့တာမ်ိဳး မလုပ္ဖို႔ လိုပါတယ္။ ခ်စ္သူနဲ႔ ခ်ိန္းေတြ႔ေနတဲ့ အခ်ိန္မွာ ဖုန္းသံုးတာက မေလးစားရာ ေရာက္သလို အခ်စ္ေတြ ေအးစက္တာ၊ တစ္ေယာက္ရဲ႕ စိတ္ကို တစ္ေယာက္က အေလးမထားေတာ့တာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္ေနာ္။ ဒါေၾကာင့္ ခ်ိန္းေတြ႔ေနခ်ိန္မွာ ဖုန္းမသံုးပါနဲ႔။

ပံုမွန္အတိုင္း မဆက္ဆံတာ

ခ်စ္သူအေပၚမွာ ရာႏႈန္းျပည့္ ရိုးသားဖို႔၊ အမွန္အတိုင္း ရွိေနဖုိ႔ လိုပါတယ္။ ခ်စ္သူသမီးရည္းစား ျဖစ္ခါစမွာ ဟန္ေဆာင္တာေတြ မမ်ားဖုိ႔ လိုပါတယ္။ တခ်ိဳ႔ေကာင္မေလးေတြက ရည္းစားေရွ႕ဆို နည္းနည္းေတာ့ မူပိုခၽြဲတတ္ၾကတယ္မလား။ အဲဒါက ရည္းစားေရွ႕မို႔ ဟန္ေဆာင္တာမ်ိဳး မျဖစ္ဖုိ႔ လိုပါတယ္။ အမွန္တကယ္လို႔ တဖက္က ထင္သြားၿပီး ေရွ႕ဆက္ၿပီးမွ ေနာက္ပိုင္းမွာ အဆင္မေျပတာမ်ိဳး ျဖစ္ႏိုိင္တာေၾကာင့္ပါ။ ဘယ္သူမွ အၾကာႀကီး ဟန္မေဆာင္ႏုိင္ဘူးေလ။

ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခါ အစအဆံုး အဆင္ေျပၿပီး အခ်စ္ေတြ တိုးလာေစခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို မေမ့ပါနဲ႔ေနာ္... 3

ကိုယ့္ဆႏၵကိုပဲ ဦးစားေပးတာ

စံုတြဲေလးတို႔ ခ်စ္သူေတြ ျဖစ္ၾကၿပီဆိုရင္ေတာ့ ကိုယ့္ဆႏၵကိုပဲ ဦးစားေပးတာေတြ ေလွ်ာ့လုိက္ဖုိ႔ လိုပါၿပီ။ ခ်ိန္းေတြ႔တဲ့အခါ ကိုယ္ကခ်ည္း စကားေတြ ေျပာေနတာ၊ လံုးဝ နားေထာင္မေပးတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ကိုယ္ျဖစ္ခ်င္တာေတြပဲ ဇြတ္လုပ္ရင္ ခ်စ္သူက စိတ္ကုန္သြားမွာေပ့ါ။ ဒီအခ်က္ေလးေတြ သတိထားေပးပါ။

ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခါ အစအဆံုး အဆင္ေျပၿပီး အခ်စ္ေတြ တိုးလာေစခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို မေမ့ပါနဲ႔ေနာ္။ ေသခ်ာေလး သတိထားေပးဖုိ႔ လုိပါတယ္။

From Marry with

Unicode

ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ အစအဆုံး အဆင်ပြေပြီး အချစ်တွေ တိုးလာစေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို မမေ့ပါနဲ့နော်။ သေချာလေး သတိထားပေးဖို့ လိုပါတယ်။

ချစ်သူလေးဖြစ်သွားပြီဆိုရင်တော့ နှစ်ယောက်က ဒိတ်ကြတော့မယ်မလား၊ ချိန်းတွေ့တဲ့နေ့မှာ အဆင်ပြေမှ နောက်နေ့တွေလည်း အဆင်ပြေမှာလေနော်။ စစချင်းရက်မှာကတည်းက စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ရှိနေမယ်ဆိုရင်တော့ နောက်ပိုင်းမှာလည်း ဘယ်လိုမှ ညှိယူလို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ချစ်သူနဲ့ ချိန်းတွေ့ရင် ဘယ်လိုအချက်တွေကို ရှောင်ရမလဲဆိုတာ ပြောပြမယ်နော်။

အကုန်ဆန့်ကျင်နေတာ

ချစ်သူနဲ့ တွေ့တဲ့အခါ လိုက်လျောသင့်တာတွေ လိုက်လျောဖို့ လိုပါတယ်။ ရှိသမျှ အကုန်လုံး ဆန့်ကျင်ပြီး ငြင်းဆန်နေတာက စိတ်ညစ်စရာ ကောင်းပါတယ်။ ချစ်သူက ဟိုသွားမယ်၊ ဒီသွားမယ်ဆိုလည်း ဘာတစ်ခုမှ မကြိုက်ဘဲ အကုန် ငြင်းနေတာမျိုးက ချစ်သူတွေကြားမှာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ကိစ္စပါပဲ။

စပ်စုလွန်းတာ

ချစ်သူသမီးရည်းစားဆိုပေမယ့် ရှိသမျှ ကိစ္စအကုန်လုံး သိချင်နေတာက အဆင်မပြေပါဘူး။ ဖုန်းပြောသမျှတွေ၊ မိသားစုအကြောင်းတွေ ချိန်းတွေ့နေတဲ့အချိန်မှာ တပြိုင်တည်း သိချင်တာ၊ မေးမြန်းလွန်းတာတွေ မလုပ်မိဖို့ လိုပါတယ်။ ဒီအချက်ကလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အပြင် သမီးရည်းစားတွေကြားမှာ မဖြစ်သင့်ပါဘူးနော်။ အကယ်လို့ ကိုယ်က သိချင်တယ်ဆိုရင်လည်း ဖြည်းဖြည်းချင်း သိထားရုံလောက်သာ မေးပါ။

ဖုန်းသုံးတာ

ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါမှာ ဖုန်းသုံးတာမျိုး ရှောင်ပါ။ ယောကျ်ားလေးတွေလည်း ဂိမ်းဆော့တာမျိုး မလုပ်ဖို့ လိုပါတယ်။ ချစ်သူနဲ့ ချိန်းတွေ့နေတဲ့ အချိန်မှာ ဖုန်းသုံးတာက မလေးစားရာ ရောက်သလို အချစ်တွေ အေးစက်တာ၊ တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က အလေးမထားတော့တာမျိုး ဖြစ်စေနိုင်ပါတယ်နော်။ ဒါကြောင့် ချိန်းတွေ့နေချိန်မှာ ဖုန်းမသုံးပါနဲ့။

ပုံမှန်အတိုင်း မဆက်ဆံတာ

ချစ်သူအပေါ်မှာ ရာနှုန်းပြည့် ရိုးသားဖို့၊ အမှန်အတိုင်း ရှိနေဖို့ လိုပါတယ်။ ချစ်သူသမီးရည်းစား ဖြစ်ခါစမှာ ဟန်ဆောင်တာတွေ မများဖို့ လိုပါတယ်။ တချို့ကောင်မလေးတွေက ရည်းစားရှေ့ဆို နည်းနည်းတော့ မူပိုချွဲတတ်ကြတယ်မလား။ အဲဒါက ရည်းစားရှေ့မို့ ဟန်ဆောင်တာမျိုး မဖြစ်ဖို့ လိုပါတယ်။ အမှန်တကယ်လို့ တဖက်က ထင်သွားပြီး ရှေ့ဆက်ပြီးမှ နောက်ပိုင်းမှာ အဆင်မပြေတာမျိုး ဖြစ်နိိုင်တာကြောင့်ပါ။ ဘယ်သူမှ အကြာကြီး ဟန်မဆောင်နိုင်ဘူးလေ။

ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးတာ

စုံတွဲလေးတို့ ချစ်သူတွေ ဖြစ်ကြပြီဆိုရင်တော့ ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးတာတွေ လျှော့လိုက်ဖို့ လိုပါပြီ။ ချိန်းတွေ့တဲ့အခါ ကိုယ်ကချည်း စကားတွေ ပြောနေတာ၊ လုံးဝ နားထောင်မပေးတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ်ဖြစ်ချင်တာတွေပဲ ဇွတ်လုပ်ရင် ချစ်သူက စိတ်ကုန်သွားမှာပေ့ါ။ ဒီအချက်လေးတွေ သတိထားပေးပါ။

ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ အစအဆုံး အဆင်ပြေပြီး အချစ်တွေ တိုးလာစေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို မမေ့ပါနဲ့နော်။ သေချာလေး သတိထားပေးဖို့ လိုပါတယ်။

From Marry with

Be the first to comment

Leave a Reply

Your email address will not be published.


*