ဖရဲသီးတခြမ်းက ပေးတဲ့ သင်ခန်းစာ..

ဖရဲသီးတခြမ်းက ပေးတဲ့ သင်ခန်းစာ

နေခင်းမှာ ကျွန်တော် အလုပ်က ပြန်လာတော့ အဲ့ဒီနေ့က တအားပူတယ် အိမ်ရောက်တာနဲ့ ကျွန်တော်လည်းရေခဲ သေတ္တာဆီ တန်းသွားပြီး ဖွင့်ကြည့် လိုက်တယ် ရေခဲသေတ္တာထဲ မှာ က ဖရဲသီး တခြမ်း ထည့်စိမ်ထားတာ သွားတွေ့ တယ် “ မိုက်တာပဲ ” ဆိုပြီး ကျွန်တော်လည်း အဲ့ဒီ ဖရဲသီးခြမ်းကို စိတ်လန်းဆန်းစွာနဲ့ ရှင်းပစ်လိုက်တယ်

ခဏလောက်ကြာတော့ ကျွန်တော်မိန်းမလဲ အလုပ်ကနေ ပြန်ရောက်လာတယ် သူလည်း တော်တော်ပူလောင်လာပုံပဲ

“ ဒီနေ့ ရာသီဥတုကလည်း ပူလိုက်တာ တကိုယ်လုံး အရည်ပျော်ကျတော့မဲ့ အတိုင်းပဲ ” လို့ပြောပြီးရေခဲသေတ္တာ ဆီလျှောက်သွားပြီး ဖွင့်ကြည့်ပြီး ပြန်ပိတ်လိုက်တယ် ပြီးတော့ ကျွန်တော့်ဆီကို စိုက်ကြည့်လာရော

ဒါနဲ့ ကျွန်တော်ကလည်း “ အော် … ရေခဲသေတ္တာထဲက ဖရဲသီးလား ငါခုလေးတင်ပဲ စားပစ်လိုက်ပြီ ” ဆိုတော့ သူမ ဘာမှမပြောဘူး

ဖရဲသီးတခြမ်းက ပေးတဲ့ သင်ခန်းစာ.. 1

ဒါနဲ့သူ ရေခွက်ကိုင်ပြီး မနက်တိုင်း ကျွန်တော်တို့ အတူ ကော်ဖီသောက်တဲ့ အခါ တည်ထားတတ်ပြီး ညနေသောက်ဖို့ ရေကျက်အေး လုပ်ထားတတ်တဲ့ ရေဗူးဆီ သွားပြီး ရေသောက်မလို့ မလိုက်တယ် ရေကျက်အေးက တစ်စက်မှ မရှိတော့ ပြန်ဘူး

“ရေ ကလည်း ကုန်နေပြန်ပြီ” သူမက စိတ်တိုတဲ့ လေသံနဲ့ ပြောထွက် လာတယ်

“ရှင်အိမ်ပြန်ရောက်လာတာ ကြာလှပြီ ဘာလို့ ရေ နွေးလေးတောင် တည်ထားဖို့ မသိတတ် တာလဲ ?”

“ ဟ..ဘာလို့ ငါချည်းပဲ ရေနွေးတည်နေ ရမှာလဲ နင်ကကော ဘာလို့ မတည်လည်း ”

ကျွန်တော်လည်း စိတ်ရှုတ်ရှုတ်နဲ့ ပြန်ပြောပစ် လိုက်တယ်

အဲ့ဒီကိစ္စ ကြောင့်နဲ့ ပဲ ကျွန်တော် နဲ့ ကျွန်တော် ဇနီးဟာ အိမ်တွင်း စစ်အေး တိုက်ပွဲ ဖြစ်နေကြတော့တယ် တပတ်လောက် တိတိ စကား ကောင်းကောင်း မပြော ကြဘူး

ဖရဲသီးတခြမ်းက ပေးတဲ့ သင်ခန်းစာ.. 2

စနေနေ့ကျတော့ ကျွန်တော် တစ်ယောက်တည်း အဖေအမေတို့အိမ် သွားလည်ဖြစ်တယ်

“ သမီးလေး ငုဝါ ကဘာလို့ မလိုက်လာတာလဲ ?”

အမေ ကမေးရော … ဒါနဲ့ ကျွန်တော်လည်း အမေအမေတို့ ကို ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ပြောပြမိရော အမေက ကျွန်တော် ကို အပြစ်ပြောတယ်

“ သား ကဘာပဲ လုပ်လုပ် ကိုယ့်အတွက် ကိုယ်ပဲ မကြည့်သင့်ဘူး ”

“အာ အမေက လည်း ဖရဲသီးလေးတစ်ခြမ်းတည်း အတွက်နဲ့ သူ သားကို အဲ့လိုလာ စိတ်မဆိုးသင့်ဘူးလေ ဗျာ” သားကသူ့ ယောက်ျာလေ အမေကလည်း ….ကျွန်တော် အမေ့ကို မိန်းမရဲ့ စိတ်ကို နားမလည်နိုင်စွာနဲ့ ပြောပြလိုက်တယ်

“မင်း က မင်းဖက်ကို မင်းယက်ပြီး တွေးပြီး ပြောမနေနဲ့ ကွ မနက်ဖြန် မင်းမိန်းမရော မြေးလေးပါ ခေါ်ပြီး ပြန်လာခဲ့ ”

အဖေက ကျွန်တော်အမေ့ကို ပြန်ခံငြင်းနေ တဲ့ လေသံ ကို နားထောင်ပြီး ဖြတ်ပြောလာတယ်

နောက်နေ့ ကျတော့ ကျွန်တော်လည်း မိန်းမ နဲ့ ဘော်ဒါဆောင်မှာ သွားအပ်ထားတဲ့ သားကို ခေါ်ပြီး အဖေအမေ တို့ အိမ်ကို သွားကြတော့တယ်

အမေတို့ အိမ် မှာ နားကြ ပြီးတော့ အဖေက ကျွန်တော် ကို မြို့ထဲ သွားပြီး ဆီသွားဝယ်ခိုင်းတယ် ကျွန်တော် ဆီသွားဝယ်ပြီး ပြန်လာတော့ အဖေကပြောတယ် “ ငုဝါ မြေးလေးနဲ့ သူ့အဖွားရယ် ခေါ်ပြီး လမ်းလျောက် ထွက် သွားကြတယ် ပြန်မလာသေးဘူးတဲ့

ပြီးတော့ မင်းလည်း မောလာရောပေါ့ ကွာ ရော့ဒါစားလိုက် ဆိုပြီး ကျွန်တော်ကို ဖရဲသီး တစ်ခြမ်း ယူလာပေးတယ် ဖရဲသီးက အလုံး တော်တော်ကြီး ပုံရတယ် တခြမ်းတည်းတောင် အကြီးကြီးပဲ

“ အာ … အဖေ ကလည်းဒီလောက်ကြီးတာ ကျွန်တော် ဘယ်လိုလုပ်စားလို့ ကုန်မှာလဲ ဗျ ”ဆိုတော့ အဖေက ကုန်သလောက် စားပြီး မကုန်ရင်လဲ မင်းရဲ့ မိန်းမနဲ့ ခလေးအတွက် ချန်ထားလိုက်ပေါ့ ကွ တဲ့ ”

ဒါနဲ့ ကျွန်တော်လည်းဇွန်းယူ ပြီး ဖရဲသီး ချိုချို အေးအေးလေးကို အားရပါးရ ခြစ်ပြီး ထိုင်စားလိုက်တော့ တယ် တစ်ဝက်လောက် ကုန်တော့ ကျွန်တော်လည်းဝ တာနဲ့ ကျန်တာကို ချန်ထားလိုက်တော့တယ်

ညနေ ပိုင်းလူစုံတော့ အဖေက ဖရဲသီးနှစ်ခြမ်း သွားထုတ်လာပြီး ကျွန်တော်ကိုပြတယ် မင်းကြည့်စမ်း ဒီဖရဲသီး၂ ခြမ်းက ဘာကွာခြားသလဲ ဆိုတာ ? တဲ့

ကျွန်တော် ဖရဲသီး ၂ ခြမ်းကို ကြည့်ပြီး နားမလည်ဘူး ဘာမှမှ မကွာခြားတာ ၂ ခြမ်းလုံး ညီညီ ညာညာ ခြမ်းထားတာပဲ တခြမ်း ကစောစော ကကျွန်တော် စားထားတဲ့ အခြမ်း ဖြစ်ပြီး ကျန်တစ်ခြမ်းကတော့ ဘယ်သူစားထားမှန်း မသိဘူး ကျွန်တော်ကြည့်ပြီး နားမလည်တာနဲ့ အဖေ့ကို ခေါင်းခါ ပြလိုက်တယ်

အဖေဟာ ဖရဲသီးအခြမ်းဆီကို လက်ညိုး ထိုးပြပြီးပြောတာ “ ဒါ မင်းစားခဲ့တဲ့ အခြမ်းပဲကွ ကျန်တစ်ခြမ်းက “ငုဝါ ” စားထားတဲ့ အခြမ်းပဲ

အဖေ နှစ်ယောက်လုံးကို ပြောပြချင်တာက အကယ်လို့ ကိုယ်စားမကုန် လောက်ရင်လည်း တစ်ပါးသူအတွက် ချန်ထားပေးတတ် ရမယ်

ငုဝါ ရဲ့ ဖရဲသီးကို ကြည့်လိုက်စမ်း … သူ ဘေးကနေ မှ အလယ်ဆီကို နည်းနည်းချင်းစီဖဲ့ ပြီးခပ်စားသွားတာ တစ်ချန်းစာတောင်မှ မင်းပြန်လာရင် စားလို့ ရအောင် ချန်ထားပေးတယ်

ဒါပေမဲ့ မင်းရဲ့ အခြမ်းကျတော့ အလယ်ကနေ နိုက်စားထားတယ် တစ်ခြားလူအတွက် ကောင်းတာ ဘာမှ ချန်မထားပေးဘူး … ငုဝါ က ဖရဲသီးရဲ့ ဘယ်အပိုင်းက အရသာရှိတယ် ဆိုတာ မသိဘူး လို့များ မင်းထင်နေသလား တကယ်တမ်းတော့ ငုဝါက မင်းကို ပိုအလေးထား လို့ကွ

အဖေ အဲ့လိုလဲ ပြောရော ကျွန်တော် အရှက်ရပြီး မျက်နှာတွေ ထူပူနေ မိတော့တယ်

“ လူနှစ်ယောက် တစ်သက်လုံး အတူတူ နေသွားကြ တဲ့အခါ ဘယ်သူတွေ များ ချစ်ချစ် ခင်ခင် နဲ့သေတဲ့အထိ နေ နိုင်ကြလဲ တစ်ယောက်တစ်ဝမ်းစီကနေ မွေးလာကြတဲ့ လင်မယားတွေ အတူတူနေသွားနိုင်ကြစေမဲ့ အချစ် ဆိုတာ အတူတူ လုပ်ဆောင်ကြတဲ့ အရာအားလုံးထဲမှာ ပါဝင်နေတတ်တယ် ထမင်းစားတာ ဟင်းချက်တာ ကအစ ပါတယ်

မနေ့တုန်းကမင်း ငုဝါ နဲ့ ရန်ဖြစ်လာတာ လဲ ဒီဖရဲသီးစားတဲ့ ကိစ္စကြောင့်ပဲ တကယ်တမ်းက မင်းက မှားတဲ့လူ ဖြစ်နေပြီး သူကို သွားပြသနာ ရှာ ချင်နေသေးတယ်

အဖေ သိနေတယ် တကယ်လို့ ငုဝါ သာ အိမ်အရင် ရောက်ရင် မင်း စားဖို့ အတွက် ဖရဲသီးတစ်ခြမ်းတော့ ချန်ထားပေးမှာ ဆိုတာ ဒီလောက် သေးသေးမွားမွား ကိစ္စ လေးလို့ မင်းတွေးရင် တွေးလိမ့်မယ် ဒါပေမဲ့ ဒါဟာလည်း လူရဲ့ အတွင်းစိတ်ကိုပြနေ တာပဲ ဖရဲသီးလေး တစ်စိတ်ကလဲ စုံတွဲဘဝရဲ့ ရေးပါမှု့တွေ ရှိနေတယ် မင်းသေသေချာချာ စဉ်းစားကြည့်လိုက်ပေါ့ကွာ အကယ်လို့များ “ငုဝါ ” ကလည်း မင်းလိုပဲ ဖြစ်နေခဲ့မယ် ဘာပဲလုပ်လုပ် မင်းအတွက် ထည့်မတွက်ခဲ့ဘူး ဆိုရင် ကြာလာရင် မင်းဘယ်လို ခံစားရမလဲ ?

အဖေ့ စကားဟာ ကျွန်တော်ကို လန့်ဖြန့် သွားအောင် နာရင်း အုပ်လိုက် သလိုပါပဲ အဲ့နေ့ က ကျွန်တော် အလုပ်ပြန်လာတဲ့ ပုံရိပ်တွေ တစ်ကွက်ချင်းစီ ပြန်မြင်ယောင်လာ မိတော့တယ်

ကျွန်တော် အိမ်တံခါးဖွင့် ပြီးဝင်လာတော့ ရေနွေးအိုးထဲ မှာရေ က အဆင်သင့် ကျွန်တော်ပဲ ကုန်အောင်သောက်ပစ်တာ ဘယ်သူက အဆင်သင့် လုပ်ထားပေးတာလဲ ?

မိုးတွင်းဆိုရင် လည်း အလုပ်သွား ဖို့ အိမ်ကထွက် တော့မယ်ဆိုရင် လဲ ထီးကအိမ်ရှေ့မှာ အဆင်သင့် ထောင်ထားပေးတယ် ကျွန်တော် ကောက်ဆွဲ ပြီးအိမ်က တန်းထွက်လာ ပြီးအလုပ်သွားနှင့် ခဲ့တတ်တာပဲ ပြီးတော့ တစ်ခြားတစ်ခြား အများကြီး ပဲ သေးသေးမွားမွားလေးတွေ ဆိုပေမဲ့ အမြဲ အသင့်ဖြစ်နေအောင် ဒါတွေ ဘယ်သူ ပြင်ဆင်ထားပေး ခဲ့တာလဲ ?

ဒါတွေ ဟာ “ငုဝါ ” ကျွန်တော်နဲ့ သားလေးတို့ အပေါ်မှာ ထားရှိခဲ့တဲ့ ချစ်ခြင်း ဂရုစိုက်ခြင်းလေးတွေ ပါလား ဒါပေမဲ့ ကျွန်တော်က တစ်ခါမှ ကို အလေးမထား တန်ဖိုးမထားခဲ့ မိဘူး တွေ့နေပေမဲ့ မမြင်ခဲ့ မိသလိုပါ ပဲ တကယ်တော့ ကျွန်တော်ဟာ တော်တော် အသုံးမကျ ခဲ့တာပါလား…

ကျွန်တော် ရေခွက်သွားယူ ရေအေးအေးလေးသွားခပ်ပြီး မယားလေးကို ယူသွားတိုက် လိုက်မိတော့တယ် “ ဒီရေ အကိုမသောက်တော့ဘူး သဲလေး အရင်သောက်နော်”

ငုဝါ က ရီတယ် ပြီးတော့ “ ခုမှ အဖေ့ရှေမှာ ဟန်ဆောင်ပန်ဆောင် မျက်နှာလာလုပ်ပြမနေပါနဲ့ နော် ” လို့ပြောတယ် ပြီးတော့ ရေကျွန်တော်ဆီက ရေခွက်ကို ယူပြီး မော့သောက်လိုက်ပါ တော့တယ်

“ တကယ်လို့ ဒီလို တစ်သက်လုံး ဟန်ဆောင်ပန်ဆောင် မျက်နှာလုပ် သွားတတ်ရင်လည်း မင်း လင်ကောင်းသားကောင်း ဖြစ်နိုင်ပြီပေါ့ကွာ ” တဲ့

အဖေက ထပြောတယ် ကျွန်တော်တို့ တစ်အိမ်သားလုံး အဖေ့ စကားကို သဘောကျစွာနဲ့ ရီကြပါတော့တယ် ခင်ဗျာ

စိတ်ထဲမှာ အချစ်ဆိုတာ ရှိတတ်ပါတယ် … အချစ်ဆိုတာ “ နားလည်မှု့ ရှိခြင်း ပါပဲ”

ကိုယ့်ကြင်ဖော်ရဲ့ ဘဝကို ကိုယ်နားလည် ပေးပြီး ခွင့်လွတ် ပေးတတ်ကြပါစေ

သူ၊ သူမ တို့ ကိုယ့်အပေါ် လုပ်ဆောင်ပေးတဲ့ အရာတွေ ကို သူတို့ လုပ်ပေးသင့်လို့ လုပ်ပေးတာလို့ မတွက်ပါနဲ့ သင်သာဆိုရင် ကော သင်သူတို့ လို လုပ်ပေးပါ့ မလား?

ကံကြမ္မာကောင်း ဆိုတာ အိမ်ကြီးအိမ်ကောင်း ဘယ်လောက်ကြီးကြီးနဲ့ အိမ်တစ်ဆောင် မီးတစ်ပြောင်နေရ သလဲ ဆိုတာပေါ် မမူတည်ပါဘူး

အဲ့ဒီအိမ်မှာ ရီမောသံလေးတွေ ရှိသလား ဆိုတာပေါ်မှာ မူတည်တာပါ

ကံကြမ္မာကောင်း ဆိုတာ ဘယ်လို ဈေးကြီးတဲ့ ကားအကောင်းစားကြီးတွေ မောင်းရသလဲ ဆိုတာပေါ်မှာ မမူတည်ပါဘူး

အိမ်ပြန်လာတာ ဘယ်လောက် အန္တရာယ် ကင်းသလဲ ဆိုတာပေါ်မှာမူ တည်တာပါ

ကံကြမ္မာကောင်းဆိုတာ ချစ်သူစုံတွဲတွေ ဘယ်လောက်ချောသလဲ ခန်ညားသလဲ ဆိုတာပေါ် မှာမမူတည်ပါဘူး

ဒါပေမဲ့ သူတို့ မျက်နှာတွေ မှာ အပြုံးလေးတွေ တင်ကျန်နေ တတ်သလား ဆိုတာ ပေါ်မှာပဲ မူတည်သွားတာပါ

ကံကြမ္မာကောင်း ဆိုတာ ပါးစပ်ကနေ အပြောချိုချိုလေးတွေ အများကြီး ပြောတတ်နေတဲ့အပေါ်မှာမမူတည်ပါ ဘူး

ဒါပေမဲ့ ခက်ခဲကြပ်တည်းတဲ့ အချိန်မှာ ကိုယ့်ဘေးမှာ နေပြီး ဘာမှမဖြစ်ပါဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးမှာ ရှိနေသေးတာပဲ လို့ ပြောတတ်တဲ့လူ ရှိနေသေးရဲ့ လား ဆိုတာပေါ်မှာပဲ မူတည်တာပါ

လွပ်လပ်မှု ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်

ကိုယ်ကသာ ရွေးချယ်မလား ဆိုတာ မူတည်သွားတာပါ

မေတ္တာ များစွာဖြင်

credit

Be the first to comment

Leave a Reply

Your email address will not be published.


*