အမျိုးသားထုကြီး သဲသဲလှုပ်​ဝန်းရံ​နေကြတဲ့ Myanmar Idol Season 4 ပြိုင်ပွဲဝင် ​တောင်​ကြီးသူ​လေး ချယ်​ရီနန်း

လတ်​တ​လောမှာ ဆိုရှယ်​မီဒီယာထက်​​နေရာယူထားရုံမက မြန်​မာပြည်​တဝှမ်းလုံးက ပုရိသ​အ​ပေါင်းတို့ရဲ့ စိတ်​နှလုံးအိမ်​ထဲ​နေရာယူထားသူ​လေးက Myanmar Idol Season 4 က အဆိုပြိုင်​ပွဲဝင်​ ​တောင်​ကြီးသူ​လေး ချယ်​ရီနန်းဆိုတာ ​ပြောစရာ​တောင်​မလို​အောင်​ကို နာမည်​ကြီးလူကြိုက်​များပြီး လူတိုင်းရဲ့ပါးစပ်​ဖျားမှာ တဖွဖွချီးမွမ်းခံ​နေရသူပါ။

အမျိုးသားထုကြီး သဲသဲလှုပ်​ဝန်းရံ​နေကြတဲ့ Myanmar Idol Season 4 ပြိုင်ပွဲဝင် ​တောင်​ကြီးသူ​လေး ချယ်​ရီနန်း 1

အသက်​ ၂၁ နှစ်​အရွယ်​ ချယ်ရီနန်းဟာ ​တောင်​ကြီးမြို့မှာကျင်းပခဲ့တဲ့ Myanmar Idol Judges Audition မှာ မျက်​နှာများတဲ့​မောင်​ သီချင်းနဲ့ ပြိုင်​ပွဲဝင်​ခဲ့တာဖြစ်​ပြီး သူရဲ့အဆိုပိုင်​နိုင်​မှု၊ အဆိုပညာ​ကျေညက်​မှုနဲ့အတူ အသံပါဝါ​တွေ​ကြောင့်​ ဒိုင်​သုံးဦးစလုံးကအထူးသ​ဘောကျနှစ်​ခြိုက်​ခဲ့ကြပြီး သုံးဦးစလုံးထံက Yes ကို ရရှိကာ Golden Ticker Winner ဖြစ်​ကာ ​နောက်​တဆင့်​ကိုတက်​​ရောက်​သွားနိုင်​ခဲ့တာပဲဖြစ်​ပါတယ်​​။

အမျိုးသားထုကြီး သဲသဲလှုပ်​ဝန်းရံ​နေကြတဲ့ Myanmar Idol Season 4 ပြိုင်ပွဲဝင် ​တောင်​ကြီးသူ​လေး ချယ်​ရီနန်း 2

သူ့ရဲ့အဆိုပညာနဲ့ပိုင်​နိုင်​မှု၊ အသံပါဝင်​နဲ့အဆို​ပိုင်း​ကျေညက်​မှု​တွေ​အပြင်​ ချစ်​စဖွယ်​ရာဟန်​ပန်​အမူအရာတို့က အမျိုးသားထုကြီး သဲသဲလှုပ်​ဝန်းရံ​လာတဲ့အထိ ဆွဲ​ဆောင်​မှုအား​ကောင်းခဲ့တာဖြစ်​ပါတယ်​ ApannPyay ချစ်​ပရိသတ်​ကြီးတို့​ရေ။

အမျိုးသားထုကြီး သဲသဲလှုပ်​ဝန်းရံ​နေကြတဲ့ Myanmar Idol Season 4 ပြိုင်ပွဲဝင် ​တောင်​ကြီးသူ​လေး ချယ်​ရီနန်း 3

ဒါ့အပြင်​ သူ့ရဲ့အသံချိုချို​လေးနဲ့ ဖမ်းစာမှုတင်​မက Audition ဝင်​ချိန်​မှာ တင့်​တယ်​လှတဲ့ ရှမ်းရိုးရာ တိုင်းရင်းသူဝတ်​စုံ​လေးကို သူနဲ့အလိုက်​ဖက်​ဆုံးနနဲ့ ​ကျော့ရှင်းပြီး ကျက်​သ​ရေရှိ​နေ​အောင်​ ဝတ်စားဆင်​ယင်​လာခဲ့တဲ့ ချယ်​ရီနန်းရဲ့ပုံစံက အားလုံးရဲ့အမြင်​မှာတမျိုး​လေးဆန်း​စေခဲ့တာဖြစ်​ပါတယ်​။

အမျိုးသားထုကြီး သဲသဲလှုပ်​ဝန်းရံ​နေကြတဲ့ Myanmar Idol Season 4 ပြိုင်ပွဲဝင် ​တောင်​ကြီးသူ​လေး ချယ်​ရီနန်း 4

ဒါ့အပြင်​ သူ့ရဲ့ညှို့အားက ပုရိသထုကြီးတရပ်​လုံး​ကြွေဆင်းသွားခဲ့ရတဲ့ မျက်​နှာချိုချိုနဲ့ အ​ပြောချိုချို​လေး​တွေဖြစ်​ပြီး “ကြိုးစားပါ့မယ်​ ကတိ​ပေးပါတယ်​ မလိမ်​ပါဘူး” ဆိုတဲ့ သူ့ရဲ့အ​ပြော​အောက်​မှာ Myanmar Idol ရဲ့ အမာခံပရိသတ်​​တွေတင်​မက Myanmar Idol ကို မကြည့်​ဖြစ်​ပါဘူးဆိုတဲ့အမျိုးသား​တွေကပါ အကြင်​နာပိုခဲ့ကြရတာပါ။

သူ့ရဲ့ချစ်​စဖွယ်​အ​ပြောအဆိုနဲ့ ဟန်​ပန်အမူယာ​​လေးကိုလည်း ApannPyay ချစ်​ပရိသတ်​ကြီးကြည့်​ရှုခံစားနိုင်​​စေဖို့ တင်​ဆက်​​ပေးမှာဖြစ်​ပြီး ချယ်​ရီနန်းရဲ့သီချင်းတပုဒ်​ကို ဘယ်​လိုခံစားသီဆိုပုံကိုလည်း တပါတည်းခံစားနိုင်​​အောင်​လို့ သူပြိုင်​ပွဲဝင်​ခဲ့တဲ့ မျက်​နှာများတဲ့​မောင်​ သီချင်းကိုပါ အခုပဲတင်​ဆက်​​ပေးလိုက်​ပါရ​စေ။ အားလုံးကို​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ။

EFIL-ApannPyay , Source – Myanmar Idol, Cherry Nang FB

Be the first to comment

Leave a Reply

Your email address will not be published.


*