ဂုဏ္ေတြ ပကာသနေတြထက္ အခ်စ္က ပုိၿပီးအေရးပါေၾကာင္း သက္ေသျပခဲ့တဲ့ ဇနီးေမာင္ႏွံ

ဘဝမွာ အခ်စ္ထက္ အေရးပါတဲ့အရာ ဘာေတြ ရွိႏုိင္မလဲ။ တခ်ိဳ႕က အခ်စ္ထက္အေရးပါတာ ဂုဏ္ေတြ၊ ေငြေတြလုိ႔ ထင္ေနၾကပါတယ္။ တစ္ခါတေလ အခ်စ္က ခ်က္စားလုိ႔မရဘူး-လုိ႔ေတာင္ ေျပာၾကပါတယ္။

တကယ္လည္း ေငြတုိ႔ ဂုဏ္တုိ႔က အေရးပါေသာ္ ပါျငားလည္း အခ်စ္ဆုိတာ မရွိရင္ မိသားစုရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈဟာ ေျခာက္ကပ္ေနလိမ့္မယ္။

ႏွစ္ကုိယ္ ထမင္းေရပဲ ေသာက္ရေသာက္ရဆုိတဲ့ အေျခအေနကုိေတာ့ လူတုိင္း ေပ်ာ္ေမႊ႕ၾကမွာမဟုတ္ေပမယ့္၊ ခ်စ္သူရဲ႕ရင္ခြင္ၾကားမွာ အိမ္ေခါင္အမိုးမလုံလဲ ၾကယ္တာရာေတြကို ေပ်ာ္ေပ်ာ္ႀကီး ေရတြက္ရဲတယ္ဆုိတာ တကယ္ႀကဳံဖူးသူေတြမွ သိတဲ့အရသာပါ။

ဂုဏ္ေတြ ပကာသနေတြထက္ အခ်စ္က ပုိၿပီးအေရးပါေၾကာင္း သက္ေသျပခဲ့တဲ့ ဇနီးေမာင္ႏွံ 1

အခုလည္း ထင္မွတ္မထားတဲ့ Snap ဓာတ္ပုံေလးတစ္ခုက လူငယ္ေတြရဲ႕ ေသြးေၾကာေတြကို ကုိင္လႈပ္လုိက္သလုိပါဘဲ။ ဓာတ္ပုံေလးကလည္း အသက္ ပါလွပါတယ္။ လမ္းေဘးမွာ ႀကဳံသလုိ လုပ္စားေနရဟန္ရွိတဲ့ လူငယ္လင္မယားရဲ႕ပုံေလးပါ။ သူတုိ႔ကေတာ့ ဒီပုံကို သိခ်င္မွ သိပါလိမ့္မယ္။

အုိးခြက္ပန္းကန္ေတြေဆးေနတဲ့ ခင္ပြန္းကို ဇနီးက ေနာက္ကေန အားရပါးရ ေပြ႕ဖက္ၿပီး က်ီစယ္ေနတာပါ။ ခင္ပြန္းသည္လည္း ခ်စ္ဇနီးရဲ႕အျပဳအမူေၾကာင့္ သေဘာက်စြာၿပဳံးေနပါတယ္။ လင္မယားႏွစ္ေယာက္ ဘဝခရီးၾကမ္းမွာ ေမာင္တစ္ထမ္း မယ္တစ္ရြက္၊ ဆင္းရဲျခင္းကို ရဲရဲႀကီးေပြ႕ဖက္ ရင္ဆုိင္ေနၾကတာပါ။

ဒီဓာတ္ပုံေလးဟာ ဇြန္လ (၂၅)ရက္က လူမႈကြန္ရက္ Facebook ေပၚမွာ လူသိမ်ားသြားတဲ့ ဓာတ္ပုံေလးျဖစ္ပါတယ္။ ပုံေလးရဲ႕ ညႊန္းစာကုိေတာ့ မူလပုိ႔စ္တင္လုိက္တဲ့သူက ” ေငြေၾကးခ်မ္းသာျခင္းထက္ ပုိၿပီးအေရးႀကီးေသာအရာမွာ ေပ်ာ္ေပ်ာ္ေနဖုိ႔ရန္သာျဖစ္သည္ “လုိ႔ ေဖာ္ျပထားတာပါ။

ဂုဏ္ေတြ ပကာသနေတြထက္ အခ်စ္က ပုိၿပီးအေရးပါေၾကာင္း သက္ေသျပခဲ့တဲ့ ဇနီးေမာင္ႏွံ 1

သူတုိ႔တစ္ေတြရဲ႕အဝတ္အစားေတြဟာ ေတာက္ေတာက္ေျပာင္ေျပာင္ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတုိ႔တစ္ေတြရဲ႕အေပ်ာ္ေတြဟာ ဘယ္ေလာက္ လက္ဆက္သလဲဆုိတာ ၾကည့္သူရင္ထဲအထိ ေရာက္သြားႏုိင္တဲ့ အေပ်ာ္မ်ိဳးေလးပါ။ ဒီဓာတ္ပုံေလးဟာ ဘယ္ေနရာ ဘယ္ေဒသမွာ ႐ိုက္ခဲ့တယ္ဆုိတာေတာ့ မသိရေသးပါဘူး။

ခရက္ဒစ္

Unicode

ဘဝမှာ အချစ်ထက် အရေးပါတဲ့အရာ ဘာတွေ ရှိနိုင်မလဲ။ တချို့က အချစ်ထက်အရေးပါတာ ဂုဏ်တွေ၊ ငွေတွေလို့ ထင်နေကြပါတယ်။ တစ်ခါတလေ အချစ်က ချက်စားလို့မရဘူး-လို့တောင် ပြောကြပါတယ်။

တကယ်လည်း ငွေတို့ ဂုဏ်တို့က အရေးပါသော် ပါငြားလည်း အချစ်ဆိုတာ မရှိရင် မိသားစုရဲ့ တည်ငြိမ်အေးချမ်းမှုဟာ ခြောက်ကပ်နေလိမ့်မယ်။

နှစ်ကိုယ် ထမင်းရေပဲ သောက်ရသောက်ရဆိုတဲ့ အခြေအနေကိုတော့ လူတိုင်း ပျော်မွှေ့ကြမှာမဟုတ်ပေမယ့်၊ ချစ်သူရဲ့ရင်ခွင်ကြားမှာ အိမ်ခေါင်အမိုးမလုံလဲ ကြယ်တာရာတွေကို ပျော်ပျော်ကြီး ရေတွက်ရဲတယ်ဆိုတာ တကယ်ကြုံဖူးသူတွေမှ သိတဲ့အရသာပါ။

အခုလည်း ထင်မှတ်မထားတဲ့ Snap ဓာတ်ပုံလေးတစ်ခုက လူငယ်တွေရဲ့ သွေးကြောတွေကို ကိုင်လှုပ်လိုက်သလိုပါဘဲ။ ဓာတ်ပုံလေးကလည်း အသက် ပါလှပါတယ်။ လမ်းဘေးမှာ ကြုံသလို လုပ်စားနေရဟန်ရှိတဲ့ လူငယ်လင်မယားရဲ့ပုံလေးပါ။ သူတို့ကတော့ ဒီပုံကို သိချင်မှ သိပါလိမ့်မယ်။

အိုးခွက်ပန်းကန်တွေဆေးနေတဲ့ ခင်ပွန်းကို ဇနီးက နောက်ကနေ အားရပါးရ ပွေ့ဖက်ပြီး ကျီစယ်နေတာပါ။ ခင်ပွန်းသည်လည်း ချစ်ဇနီးရဲ့အပြုအမူကြောင့် သဘောကျစွာပြုံးနေပါတယ်။ လင်မယားနှစ်ယောက် ဘဝခရီးကြမ်းမှာ မောင်တစ်ထမ်း မယ်တစ်ရွက်၊ ဆင်းရဲခြင်းကို ရဲရဲကြီးပွေ့ဖက် ရင်ဆိုင်နေကြတာပါ။

ဒီဓာတ်ပုံလေးဟာ ဇွန်လ (၂၅)ရက်က လူမှုကွန်ရက် Facebook ပေါ်မှာ လူသိများသွားတဲ့ ဓာတ်ပုံလေးဖြစ်ပါတယ်။ ပုံလေးရဲ့ ညွှန်းစာကိုတော့ မူလပို့စ်တင်လိုက်တဲ့သူက ” ငွေကြေးချမ်းသာခြင်းထက် ပိုပြီးအရေးကြီးသောအရာမှာ ပျော်ပျော်နေဖို့ရန်သာဖြစ်သည် “လို့ ဖော်ပြထားတာပါ။

သူတို့တစ်တွေရဲ့အဝတ်အစားတွေဟာ တောက်တောက်ပြောင်ပြောင် မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တစ်တွေရဲ့အပျော်တွေဟာ ဘယ်လောက် လက်ဆက်သလဲဆိုတာ ကြည့်သူရင်ထဲအထိ ရောက်သွားနိုင်တဲ့ အပျော်မျိုးလေးပါ။ ဒီဓာတ်ပုံလေးဟာ ဘယ်နေရာ ဘယ်ဒေသမှာ ရိုက်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*