ကံကောင်းချင်ရင် ကိုယ့်အပေါ်မျှော်လင့်ခြင်းမရှိ ချစ်မေတ္တာတွေပေးခဲ့သူတွေကို ဂရုစိုက် စောင့်ရှောက်ပါနော် …

လူကြီးမိဘတွေကို သိတတ်လိမ္မာရင် ကံကောင်းမယ်ဆိုတာ တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမယ့်လည်း တကယ်လုပ်တဲ့သူကတော့ နည်းပါတယ်။ တကယ်စိတ်ရင်းအမှန်နဲ့ မိဘ၊ အဖိုးအဖွားတွေအပေါ်ကို သိတတ်တဲ့သူတွေ ရရှိမယ့် ကံကောင်းခြင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) လမ်းမမှားတော့ဘူး

မိဘ၊ အဖိုးအဖွားတွေဆိုတာ လူ့လောကအကြောင်းကို အများကြီးနားလည်ပြီးတဲ့သူတွေပါ။ ဒါကြောင့် သူတို့ပေးတဲ့ အကြံဥာဏ်တွေ၊ သူတို့ရဲ့ ပြောစကားကို နားထောင်ခြင်းဖြင့် လမ်းမှားကိုရောက်တော့မှာ မဟုတ်ပါဘူး။ မိဘ၊ အဖိုးအဖွားတွေက မှန်ကန်တဲ့လမ်းတွေကို ညွှန်ပြပေးနိုင်တဲ့ မီးအိမ်ရှင်တွေပါ။

(၂) အောင်မြင်မယ်

မိဘ၊ အဖိုးအဖွားတွေကို သိတတ်တဲ့သူ၊ ရိုသေတဲ့သူတွေဟာ အောင်မြင်မှုကို ရရှိကြပါတယ်။ ကံကောင်းခြင်းတွေက သူတို့နောက်ကို အမြဲလိုက်နေပြီး ကြံတိုင်းအောင်၊ လုပ်သမျှမှာ ကောင်းမွန်တဲ့ အသီးအပွင့်တွေကို တွေ့မြင်ရကြပါတယ်။

(၃) လူချစ်လူခင်ပေါမယ်

မိဘ၊ အဖိုးအဖွားတွေကို သိတတ်တဲ့သူတွေဟာ လူချစ်လူခင်ပေါများကြပါတယ်။ ရောက်လေရမှာ ကူညီမယ့်သူ၊ အားပေးမယ့်သူတွေနဲ့ တွေ့ဆုံကြပါတယ်။ ဒါတင်မကပဲ ကိုယ့်အပေါ် တကယ်ကောင်းတဲ့ လက်တွဲဖော်၊ သူငယ်ချင်း၊ မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံရမှာပါ။

(၄) အသက်ရှည်မယ်

မိဘ၊ အဖိုးအဖွားတွေကို သိတတ်ပြီး ရိုသေတဲ့သူတွေဟာ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းဆုလာဘ်ကို ရရှိကြပါတယ်။ ရောဂါဘယတွေ ကင်းစင်ပြီး စိတ်ပျိုကိုယ်နုတဲ့အပြင် အသက်ရှည်ပြီး အိုဇာတာလည်းကောင်းကြပါတယ်။

(၅) ကံကောင်းနေမယ်

မိဘ၊ အဖိုးအဖွားတွေကို ရိုသေပြီး သိတတ်တဲ့သူတွေဟာ ရောက်လေရာမှာ ကံကောင်းကြပါတယ်။ ဘာပဲလုပ်လုပ်သူများတွေထက် သာလွန်ကြပြီး အမြဲလိုလို ကံကောင်းနေမှာပါ။ ဘေးမသီရန်မခဘဲ လိုရာခရီးပန်းတိုင်ကို ရောက်နိုင်ကြသလို၊ အဆင့်အတန်းမြင့်မြင့်နဲ့ ကံကောင်းစွာနေထိုင်ကြရမှာပါ။

Em Em