နေပြည်တော်မူကြိုကျောင်းက သက်ငယ်မုဒိန်းမှုရဲ့အဓိက တရားခံ ညီအစ်ကိုနှစ်ယောက် …

ကိုယ်တိုင်မမြင်ဖူးပေမယ့် အားလုံးက အသိမှတ်ပြုထားတဲ့တရားခံအစစ် ညီအစ်ကိုနှစ်ယောက်ပါအဖေက ရဲအုပ် အမေကတော့ အမှုဖြစ်ပွားခဲ့တဲ့ကျောင်းအုပ်ပါ။

အကြီးကောင်က 10တန်းကျ…အငယ်ကောင်က 8တန်းတက်ရဲမှုးကြီးပြောသလို နှစ်ဖက်လုံးမနစ်နာစေချင်ပါဘူးဆိုတာက တရားခံညီအစ်ကိုက ကျောင်းသားဖြစ်နေလို့ပါတဲ့

ကျောင်းသားဖြစ်လို့ မနစ်နာစေချင်ဘူးဆိုရင်မူကြိုကျောင်းသူလေးရဲ့ အရွယ်မသေးတဲ့ကလေးမလေးရဲ့ ဘဝတစ်လျှောက်လုံးကရောအမှန်တရားဆိုတာ အမှန်တရားပါပဲ….တရားခံက တရားခံပါပဲဗျာ။

ပြီးတော့ အဲ့ဒီကလေးဆိုတဲ့ တရားခံနှစ်ယောက်က တက်ညီလက်ညီ စိတ်တူကိုယ်တူနဲ့ ကလေးမလေးကို မုဒိန်းကျင့်ကြတာပါမသိမမြင်အောင် ကြိတ်ကြံတာမဟုတ်ပါဘူး။

အရင်ကထဲက ရင်းနှီးပြီးသားဆိုတော့ ကြိုတင်ကြံစည်တာလဲ ဖြစ်နိုင်ပါတယ်( ကျောင်းသားလေးတွေကနော်) …

ပြီးတော့ အတိတ်မှာလဲ သမိုင်းမကောင်းပါဘူး…

သူတို့ ဆွေမျိုးထဲ ကလေးမလေးတစ်ယောက်ကိုညီအစ်ကိုနှစ်ယောက်လုံးမဖွယ်မရာလုပ်ကြလို့လူကြီးတွေသိပြီး ရန်ဖြစ်ကြတာ ခုထိမခေါ်ကြတော့ပါဘူးတဲ့ …

(သတင်းသေချာအောင် စုံစမ်းရမှာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အလုပ်ပါ)

ဒီအမှုမှာတော့ ကလေးမလေးက ကိုကိုနှစ်ယောက်လုပ်တာ ဆရာမနှင်းနုသိတယ်လို့လဲထွက်ဆိုထားပြီးသားပါ။ထိထိရောက်ရောက်စစ်ဆေးလိုက်ရင် အမှုကပေါ်နေပါပြီ …

ဘာကြောင့် အပြစ်မချမှတ်သေးတာပါလဲနော်…

တစ်လကျော်လာပါပြီ….

မှတ်ချက်/ခုထိအမှုမပြီးနိုင်သေးလို့ ပြည်သူတစ်ယောက်အနေနဲ့ တရားမှုကို မကျေနပ်လို့ တင်ပြတာပါနော်…..

Ei Ei Zaw

Credit; P r o m i s e Juu