ဆရာဝန်တစ်ဦးပြောပြလာတဲ့ မနေ့ကဖြစ်ပွားခဲ့တဲ့ အသက် ၉ နှစ်သမီးလေးရဲ့ ရင်နင့်ဖွယ် သက်ငယ်မုဒိမ်းမှု…..

လာပြန်ပြီ ဒီနေ့လည်း ရဲနဲ့သမီးကလေး နဲ့ဆေးရုံကို

တရားသူကြီးခွင့်ပြုချက်နဲ့ FIR ကိုကြည့်လိုက်တော့ ၁.၇.၁၉ ညနေမှာပျောက်သွားတဲ့ကလေးမလေး အသက်က၉နှစ်တဲ့။Facebookမှာတောင်တက်နေတာတဲ့ ကိုယ်တောင်မသိဘူး။ အဲ့ဒါနဲ့ကိုယ်တို့မြို့နယ်ဆရာဝန်ကြီးနဲ့ကိုယ်နဲ့ သူ့အမေဆီကနေ Consent ယူပြီးတော့ စစ်ရတော့တာပေါ့။

ဆရာကြီးက ကလေးကိုမေးကြည့်တော့ သူတို့အမေဆိုင်မှာထမင်းလာစားတဲ့ကောင်ကခေါ်သွားတာတဲ့။ ကျောင်းဆင်းချိန်မှာအမေကြိုခိုင်းတယ်ဆိုပြီးလာခေါ်တာတဲ့။ ပြီးတော့သူ့ကိုညနေမှာ ၂၂လမ်းဘက်ခေါ်ပြီးတော့ ပိတ်ထားတဲ့ထမင်းဆိုင်ထဲမှာ သမီးကို (နားနဲ့မနာဖဝါးနဲ့နာ) ဟိုနမ်းဒီနမ်းလုပ်တယ်တဲ့။ ပါးစပ်ကိုလည်းနမ်းတယ်တဲ့။ ဟိုကိုင်ဒီကိုင်လည်းလုပ်တယ်။ သူ့ဟာကိုလည်းကိုင်ခိုင်းတယ်တဲ့။သမီးကကြောက်လို့မလုပ်ဘူးတဲ့။ ပြီးတော့အရှေ့ကတစ်ခါအနောက်ကတစ်ခါလုပ်တယ်တဲ့။ သူ့အရည်တွေသမီးအဝတ်အစားကိုပေကုန်တယ်တဲ့။ တညလုံးအဲ့ပိတ်ထားတဲ့ထမင်းဆိုင်လေးထဲမှာအိပ်ခဲ့ရတယ်တဲ့။

ကြားရတာလုံးဝစိတ်မချမ်းသာဘူး။ ဝမ်းနည်းတယ်။ ကလေးမှာ Love Bite တွေလည်းရှိတယ်။ ကျန်တဲ့ Positive finding တချို့တော့မပြောလိုပါ။ Swab တောင်အယူမခံဘူး။ နာနေတယ်တဲ့။ ဪ ကလေးရယ်။ ခုတော့ သူ့ကို PEP တိုက်ရပြန်ဦးမယ်လေ။

ဘာဖြစ်လို့လူတွေက ရမ္မက်တဏှာတွေကြီးပြီး မထိန်းသိမ်းနိုင်ကြတော့တာလည်း။ အရွယ်မရောက်သေးတဲ့ကလေးကိုဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတာ ကိုယ်မှတ်မိသလောက်ဆို Fnial Part One မှာ Forensic မှာပဲသိဖူးတာ။ အခုကတကယ့်ကိုဖြစ်နေတာပဲ။ နောက်ထပ် Victoria လေးများစွာကိုလည်းထပ်မကြားချင်တော့ပါ။ ထပ်လည်းမဖြစ်စေလိုပါ။ ပြီးတော့ လူကိုလူလိုမသိ ကိုယ်ချင်းစာစိတ်မရှိ အသိဉာဏ်မရှိတဲ့ ဒီလိုကောင်တွေအတွက်ထိုက်သင့်တဲ့ပြစ်ဒဏ်ဆိုတာကျစေချင်တယ်။ အမေရိကားမှာတော့ လူကိုသေဒဏ်ပေးတာထက် နိုင်ငံသားအခွင့်အရေးလူ့အခွင့်အရေးဘာတစ်ခုမှ မပေးတော့ ဘူး။ လူ့အသိုင်းဝိုင်းကနေ ဖယ်လိုက်တာပဲ။ ဒါဟာ လူတစ်ယောက်ကိုသတ်တာထက် အကြိမ်ကြိမ်သေဆုံးအောင်ဘဝကိုသတ်လိုက်တာပဲ။

မိဘတိုင်းမိဘတိုင်း သားသမီးတွေအတွက် စိတ်ချမ်းချမ်းသာသာနဲ့စိတ်ချလက်ချ အိပ်နိုင်တဲ့ ညတွေ မြန်မြန်ရောက်ပါစေဆုတောင်းပါတယ်။ဒီကလေးလေးကတော့ ၁ ရက်နေ့ကပျောက်ဆုံးခဲ့တာ ဖြစ်ပြီး နှစ်ရက်နေ့မှာ ရှမ်းလေးကျွန်း ကန်ပတ်လမ်းက ရပ်ကွက်ကလူတွေဝိုင်းဖမ်းပေးကြလို့ မိခဲ့ပါတယ်။ မိဘများအနေနဲ့ သမီးလေးကငယ်သေးတယ်ဆိုပြီး စိတ်ချလက်ချပြစ်မထားကြပါနဲ့။ သက်ငယ်မုဒိမ်းမှုတွေဟာနေရာတိုင်းမှာ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးသင့်နေပါပြီ။

Credit – swelsonenews