ဝမ္းနည္းစရာေကာင္းတဲ့ ျဖစ္ရပ္မတိုင္ခင္ေလးမွာ ဆယ္ဖီဆြဲေနၾကတဲ့ မိန္းကေလးမ်ား…

ကံၾကမၼာဟာ ႀကိဳတင္သိျမင္ႏိုင္စြမ္းမရွိသလို အရမ္းကိုျမန္ဆန္လြန္းလွပါတယ္။ ေနာက္ထပ္တစ္မိနစ္ေနရင္ ျဖစ္လာမယ့္အရာကိုလည္း ႀကိဳတင္သိျမင္ႏိုင္စြမ္း မရွိႏိုင္ပါဘူး။ ၁၅၊ ၁၆ အ႐ြယ္ ဆယ္ေက်ာ္သက္ႏွစ္ေယာက္နဲ႔ အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ မိန္းမပ်ိဳေလး သုံးေယာက္ဟာ ေပ ၃၀ ျမင့္တဲ့ ရထားလမ္းတံတားတစ္ခုမွာ ဆယ္ဖီ႐ိုက္ေနရင္းနဲ႔ တံတားက်ိဳးက်မႈကို ႀကဳံခဲ့ရပါတယ္ …။

အဆိုပါ ထိတ္လန္႔စရာေကာင္းတဲ့ မေတာ္တဆမႈဟာ ဘရာဇီးႏိုင္ငံေျမာက္ပိုင္း Cais ျမစ္ကိုျဖတ္ေက်ာ္ထားတဲ့ ရထားလမ္းတံတား မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး မိန္းကေလးသုံးေယာက္က တံတာက်ိဳးက်တဲ့ဖက္အျခမ္းမွာေရာက္ေနၿပီး ဓါတ္ပုံ႐ိုက္တဲ့ တစ္ေယာက္ကေတာ့ လြတ္သြားခဲ့ပါတယ္။ ျဖစ္ပြားတဲ့အခ်ိန္မွာ တံတားေပၚမွာ လူရွစ္ေယာက္ရွိေနၿပီး မိန္းကေလးသုံးေယာက္ရွိေနတဲ့ အပိုင္းကပဲ က်ိဳးက်သြားခဲ႔ တာျဖစ္ပါတယ္ …။

ကံေကာင္းစြာနဲ႔ပဲ သုံးေယာက္လုံးအသက္ရွင္ၿပီး တစ္ေယာက္ပဲျပင္းျပင္းထန္ထန္ ဒါဏ္ရာရရွိခဲ့ပါတယ္။ ျဖစ္ျဖစ္ခ်င္းမွာပဲ အေရးေပၚကားေရာက္လာတာေၾကာင့္ ေဆးခန္းကို အခ်ိန္မွီပို႔ေပးႏိုင္ခဲ့ပါတယ္။ မိန္းကေလးႏွစ္ေယာက္ကေတာ့ေျခေထာက္အ႐ိုးအက္သြားခဲ့ၿပီး တစ္ေယာက္ကေတာ့ ဘယ္ဖက္ေျခေထာက္ က်ိဳးသြားခဲ့ပါတယ္။ ေဒသခံအာဏာပိုင္ေတြကေတာ့ ယခုလိုျဖစ္စဥ္ဟာ ဖက္ဒရယ္အစိုးရရဲ႕ တာဝန္ျဖစ္ၿပီး ပို႔ေဆာင္ေရးဝန္ႀကီးဌာနရဲ႕ တုံျပန္မႈကို ေစာင့္ဆိုင္းေနေၾကာင္း ေျပာၾကားခဲ့ပါတယ္ …။

ဘာပဲျဖစ္ျဖစ္ ေပသုံးဆယ္အျမင့္ေလာက္က ျပဳတ္က်တာေတာင္ ေျခေထာက္ထိခိုက္႐ုံေလာက္ပဲျဖစ္ခဲ့တဲ့အတြက္ အဆိုပါမိန္းကေလးေတြ ကံေကာင္းတယ္လို႔ ေျပာရမလိုပါပဲေနာ္ … ။ ။

Lifestyle_Myanmar

Unicode

ကံကြမ္မာဟာ ကြိုတင်သိမြင်နိုင်စွမ်းမရှိသလို အရမ်းကိုမြန်ဆန်လွန်းလှပါတယ်။ နောက်ထပ်တစ်မိနစ်နေရင် ဖြစ်လာမယ့်အရာကိုလည်း ကြိုတင်သိမြင်နိုင်စွမ်း မရှိနိုင်ပါဘူး။ ၁၅၊ ၁၆ အရွယ် ဆယ်ကျော်သက်နှစ်ယောက်နဲ့ အသက် ၂၂ နှစ်အရွယ်ရှိ မိန်းမပျိုလေး သုံးယောက်ဟာ ပေ ၃၀ မြင့်တဲ့ ရထားလမ်းတံတားတစ်ခုမှာ ဆယ်ဖီရိုက်နေရင်းနဲ့ တံတားကျိုးကျမှုကို ကြုံခဲ့ရပါတယ် …။

အဆိုပါ ထိတ်လန့်စရာကောင်းတဲ့ မတော်တဆမှုဟာ ဘရာဇီးနိုင်ငံမြောက်ပိုင်း Cais မြစ်ကိုဖြတ်ကျော်ထားတဲ့ ရထားလမ်းတံတား မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးသုံးယောက်က တံတာကျိုးကျတဲ့ဖက်အခြမ်းမှာရောက်နေပြီး ဓါတ်ပုံရိုက်တဲ့ တစ်ယောက်ကတော့ လွတ်သွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့အချိန်မှာ တံတားပေါ်မှာ လူရှစ်ယောက်ရှိနေပြီး မိန်းကလေးသုံးယောက်ရှိနေတဲ့ အပိုင်းကပဲ ကျိုးကျသွားခဲ့ တာဖြစ်ပါတယ် …။

ကံကောင်းစွာနဲ့ပဲ သုံးယောက်လုံးအသက်ရှင်ပြီး တစ်ယောက်ပဲပြင်းပြင်းထန်ထန် ဒါဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းမှာပဲ အရေးပေါ်ကားရောက်လာတာကြောင့် ဆေးခန်းကို အချိန်မှီပို့ပေးနိုင်ခဲ့ပါတယ်။ မိန်းကလေးနှစ်ယောက်ကတော့ခြေထောက်အရိုးအက်သွားခဲ့ပြီး တစ်ယောက်ကတော့ ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ ယခုလိုဖြစ်စဉ်ဟာ ဖက်ဒရယ်အစိုးရရဲ့ တာဝန်ဖြစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ တုံပြန်မှုကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါတယ် …။

ဘာပဲဖြစ်ဖြစ် ပေသုံးဆယ်အမြင့်လောက်က ပြုတ်ကျတာတောင် ခြေထောက်ထိခိုက်ရုံလောက်ပဲဖြစ်ခဲ့တဲ့အတွက် အဆိုပါမိန်းကလေးတွေ ကံကောင်းတယ်လို့ ပြောရမလိုပါပဲနော် … ။ ။

Lifestyle_Myanmar