




Credit : Cele Family

unicode

ဇူလိုင်(၁၉) ရက်နေ့မှာ ချစ်သူနဲ့အတူ ရွှေလက်တွဲပြီး မင်္ဂလာပွဲ ကျင်းပတော့မယ့် အဆိုတော် ဇွဲပြည့်

ဇွဲပြည့်ဟာ ၂၀၁၆ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီး ထွက်ရှိခဲ့ပါတယ် ။ ဇွဲပြည့်ဟာ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့လို့ အမည်ပေးထားတဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေမှာတင် ပရိသတ် အားပေးမှု အများကြီး ရခဲ့တာ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ၂၀၁၇ ခုနှစ်မှာ ခိုလှုံရာ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု များစွာ ရရှိခဲ့ပါတယ် ။ နောက်ထပ် တစ်ကိုယ်တော် တေးစီးရီးတွေလည်း ထွက်ရှိထားပါသေးတယ် ။ အဲ့ဒီနောက် သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားတာ အများကြီး ရှိပါတယ် ။

လတ်တလောမှာတော့ ဇွဲပြည့်ဟာ ချစ်ရသူလေးနဲ့အတူ မင်္ဂလာပွဲ ကျင်းပတော့မှာပဲ ဖြစ်ပါတယ် ။ မင်္ဂလာပွဲကိုတော့ မနက်ဖြန် ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ကျင်းပမှာပဲ ဖြစ်ပါတယ် ။ မင်္ဂလာပွဲကိုတော့ မေမြို့မှာ ကျင်းပမှာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် အဆိုတော် ဇွဲပြည့်ရဲ့ မင်္ဂလာသတင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော် ။

Credit : Cele Family