မႏၲေလးတိုင္း ခ်မ္းျမသာစည္က ေနအိမ္ ၉ လုံး အင္အားအလုံးအရင္းျဖင့္ ဖယ္ရွား၊ ႐ုန္းရင္းဆန္ခတ္ျဖစ္…

မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္က က်ဴးေက်ာ္ ေနအိမ္ ၉ လံုးကို ဒီေန႔မနက္ပိုင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ရွင္းလင္းဖယ္ရွားရာမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ပါတယ္။

မႏၳေလးတိုင္း ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ က်ြန္းလံုးဥ ေသွ်ာင္ရပ္ကြက္၊ ပန္းပဲတန္းရပ္ အကြက္အမွတ္ ၄၉၈၊ စစ္ကိုင္း-မႏၲေလးလမ္းရွိ ေနအိမ္ ၉ လံုးကို မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ က်ဴးေက်ာ္အျဖစ္သတ္မွတ္ၿပီး …..

ေဖေဖာ္ဝါရီလက ဖယ္ရွားေပးဖို႔ စာေပးပို႔ထားေပမယ့္ ဖယ္ရွားမေပးတာေၾကာင့္ ဇူလိူင္ ၂၇ ရက္မွာ ဖယ္ရွားရွင္းလင္းခဲ့တာလို႔ သိရပါတယ္။အဖ်က္ခံရတဲ့ အိမ္ရွင္ ကိုမ်ိဳးဝင္းက “က်ေနာ္တို့ မိသားစုေတြက လြန္ခဲ့တဲ့ ၆၂ ခုႏွစ္ကတည္းက ေနလာခဲ့တာ အခြန္ေတြလည္း ေဆာင္ထားခဲ့တယ္။

အရင္အစိုးေခတ္တုန္းက ႏွစ္ႀကိမ္လာဖ်က္ဖူးတယ္။ ပိုင္ဆိုင္မႈ အေထာက္အထားေတြျပလိုက္ေတာ့ ေနာက္ထပ္မလာေတာ့ဘူး။ က်ေနာ္တို႔အားကိုးလို႔ မဲေပးတင္ေျမာက္လိုက္တဲ့ အစိုးရေခတ္က်မွ အဖ်က္ခံရတယ္” လို႔ ေျပာပါတယ္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ က်ြန္းလံုးဥေသွ်ာင္ရပ္ကြက္၊ ပန္းပဲတန္းရပ္အကြက္အမွတ္ ၄၉၈ စစ္ကိုင္း-မႏၲေလးလမ္းက အိမ္ ၉ လံုးကို မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ က်ဴးေက်ာ္အျဖစ္ သတ္မွတ္ၿပီး ဖယ္ရွားရွင္းလင္းရာမွာ ၿမိဳ႕နယ္တာ၀န္ရွိသူေတြ၊ ရဲအင္အား ၁၅၀ ေက်ာ္၊ မႏၲေလးၿမိဳ႕ စည္ပင္သာယာေရးက အင္အား ၂၀၀ ေက်ာ္နဲ႔ ဖယ္ရွားရွင္းလင္းခဲ့တာပါ။DVB

Unicode

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က ကျူးကျော် နေအိမ် ၉ လုံးကို ဒီနေ့မနက်ပိုင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရှင်းလင်းဖယ်ရှားရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

မန္ထလေးတိုင်း ၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥ သျှောင်ရပ်ကွက်၊ ပန်းပဲတန်းရပ် အကွက်အမှတ် ၄၉၈၊ စစ်ကိုင်း-မန္တလေးလမ်းရှိ နေအိမ် ၉ လုံးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကျူးကျော်အဖြစ်သတ်မှတ်ပြီး …..

ဖေဖော်ဝါရီလက ဖယ်ရှားပေးဖို့ စာပေးပို့ထားပေမယ့် ဖယ်ရှားမပေးတာကြောင့် ဇူလိူင် ၂၇ ရက်မှာ ဖယ်ရှားရှင်းလင်းခဲ့တာလို့ သိရပါတယ်။အဖျက်ခံရတဲ့ အိမ်ရှင် ကိုမျိုးဝင်းက “ကျနော်တို့ မိသားစုတွေက လွန်ခဲ့တဲ့ ၆၂ ခုနှစ်ကတည်းက နေလာခဲ့တာ အခွန်တွေလည်း ဆောင်ထားခဲ့တယ်။

အရင်အစိုးခေတ်တုန်းက နှစ်ကြိမ်လာဖျက်ဖူးတယ်။ ပိုင်ဆိုင်မှု အထောက်အထားတွေပြလိုက်တော့ နောက်ထပ်မလာတော့ဘူး။ ကျနော်တို့အားကိုးလို့ မဲပေးတင်မြောက်လိုက်တဲ့ အစိုးရခေတ်ကျမှ အဖျက်ခံရတယ်” လို့ ပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ပန်းပဲတန်းရပ်အကွက်အမှတ် ၄၉၈ စစ်ကိုင်း-မန္တလေးလမ်းက အိမ် ၉ လုံးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖယ်ရှားရှင်းလင်းရာမှာ မြို့နယ်တာဝန်ရှိသူတွေ၊ ရဲအင်အား ၁၅၀ ကျော်၊ မန္တလေးမြို့ စည်ပင်သာယာရေးက အင်အား ၂၀၀ ကျော်နဲ့ ဖယ်ရှားရှင်းလင်းခဲ့တာပါ။DVB