အကာအကွယ်ကို ချွတ်ပြီး ချစ်တင်းနှော ခဲ့တဲ့ချစ်သူကို မုဒိမ်းမှုနဲ့တရားစွဲတဲ့ မိန်ကလေး

မလေးရှားနိုင်ငံက အမျိုးသမီးငယ်လေးတစ်ယောက်ဟာ ချစ်သူနဲ့ နှစ်ဦးသဘောတူ ချစ်တင်းနှောစဉ်၊ သူမရဲ့ ချစ်သူက အကာအကွယ်ကို ချွတ်ပစ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ထံကို မုဒိမ်းမှုနဲ့ တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇူလိုင်(၂၀)ရက်က ဖြစ်ခဲ့တာပါ။

Kajang မြို့ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ Dzaffir Mohd Yussof က ဒီတိုင်ကြားမှုကို အတည်ပြုခဲ့ပြီး၊ အရင်က ဒီလိုမျိုး တစ်ခါမှ မတိုင်ကြားခံခဲ့ရဖူးလို့ ပြောပါတယ်။ အဆိုပါ အမျိုးသမီးငယ်ဟာ နိုင်ငံခြားသားတစ်ဦးနဲ့ ချစ်သူဖြစ်နေတာဖြစ်ပါတယ်။

သူမနဲ့ အဲဒီအမျိုးသားဟာ Cheras မြို့က ငှားထားတဲ့အခန်းမှာ နှစ်ဦးသဘောတူ နေထိုင်ကြပြီး၊ ချစ်တင်းနှောစဉ်မှာ သူမရဲ့ သဘောထားကို မေးမြန်းခြင်းမပြုဘဲ အကာအကွယ်ကို ချွတ်ပစ်ခဲ့လို့ မုဒိမ်းမှုနဲ့ တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။ သူမက HIV ကူးစက်ခံရမှာကို ကြောက်တာတစ်ကြောင်း-

နိုင်ငံခြားသားရည်းစားမို့ သူမကို သစ္စာဖောက်ပြီး ဗိုက်တစ်လုံးနဲ့ ထားခဲ့မှာကို ကြောက်တာက တစ်ကြောင်း၊ သူမတို့ အတူတူနေတဲ့အခါတိုင်း အကာအကွယ်သုံးမှ ခွင့်ပြုမယ်လို့ ချစ်သူကို ကတိခံထားပါတယ်တဲ့။ ဒီအမှုမှာ အမျိုးသမီးဘက်က မကျေနပ်လို့ ဥပဒေအရ ကာမအလွဲသုံးစားမှု မြောက်တယ်လို့ သိရပါတယ်။

လင်းဇော်ကို (D Nae Thit)

source : World Of Buzz

Unicode






source : World Of Buzz