သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ (၂)ဦးကို လူပုံအလယ်မှာ ရက်ရက်စက်စက် ကွပ်မျက်လိုက်ပြီ

ယီမင်နိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကလေးမုဒိမ်းကောင် ၂ ဦးကို လူပုံလယ်မှာ AK-47s နဲ့ ကွပ်မျက်ခဲ့ပါတယ်။ယီမင်နိုင်ငံ၊ ဆိပ်ကမ်းမြို့ဖြစ်တဲ့ အေဒင်မြို့မှာ ကလေးမုဒိမ်းကောင် ၂ ဦးဖြစ်တဲ့ ဝါဒါရီဖက်နဲ့ မိုဟာမက်ခါလတ်တို့ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ချိန်ပြီး ကွပ်မျက်မယ့်နေရာအထိ ခေါ်ဆောင်လာတာကို ရိုက်ကူးထားတဲ့ ကြောက်မက်ဖွယ်ဓာတ်ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။

ယီမင်နိုင်ငံဟာ မြို့အတွင်းမှာ ကွပ်မျက်ခြင်းကို တရားဝင်ခွင့်ပြုထားတဲ့ ကမ္ဘာပေါ်က နိုင်ငံအနည်းငယ်တွေထဲက တစ်နိုင်ငံဖြစ်ပြီး ကြောက်မက်ဖွယ်မြင်ကွင်းတွေကို ကလေးငယ်တွေတောင် လာရောက်ကြည့်ရှုကြပါတယ်။အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဖက်နဲ့ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခါလတ်တို့ဟာ လမ်းပေါ်မှာ ဆော့ကစားနေတဲ့ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို အလိုမတူဘဲ အတင်းအဓမ္မဖမ်းခေါ်သွားပြီး မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ရီဖက်နဲ့ ခါလတ်တို့ဟာ ယင်းကလေးငယ်ကို အိမ်ထဲဆွဲခေါ်သွားခဲ့ပြီး မုဒိမ်းကျင့်ခဲ့တာဖြစ်ပါတယ်။ တရားရုံးမှာ ရီဖက်နဲ့ ခါလတ်တို့ နှစ်ဦးကို ပြစ်ဒဏ်ချမှတ်နေစဉ်မှာ တရားသူကြီးက “မုဒိမ်းကျင့်ခဲ့ပြီးနောက် အကူအညီရရှိဖို့အတွက် ငိုကြွေးနေတဲ့ကလေးငယ်ရဲ့ အသံကို တိတ်ဆိတ်အောင်မပြုလုပ်နိုင်ခဲ့ဘဲ ၎င်းတို့ ၂ ဦးထဲက ၁ ဦးဟာ ဓားကိုဆွဲယူပြီး ကလေးငယ်ရဲ့ဦးခေါင်းကို ဖြတ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။