အောင်ဘာလေထီ သိန်းဆုကြီး (၂) ဆုတောင် ပိုင်ဆိုင်သွားတဲ့ အဆိုတော် သရုပ်ဆောင် ရတနာမိုင်

အောင်ဘာလေထီ သိန်းဆုကြီး (၂) ဆုတောင် ပိုင်ဆိုင်သွားတဲ့ အဆိုတော် သရုပ်ဆောင် ရတနာမိုင်

ရတနာမိုင် ကတော့ အသံ ချိုချို အေးအေးလေးနဲ့ အများနဲ့မတူတဲ့ အသံ ပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။ အဆိုတော်မိုင်ရဲ့ တစ်ဦးတည်းသော သမီးလေး ဖြစ်ပြီး ရခိုင် တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။ အဆိုတော်ပိုင်းတင် မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းကိုလည်း စိတ်ဝင်စားကာ သရုပ်ဆောင် မင်းသမီး တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

ပရိသတ်တွေ အပေါ်မှာလည်း ဖော်ဖော် ရွေရွေ နဲ့ ဆက်ဆွတတ်တဲ့အပြင် အနုပညာ လုပ်ဖော် ကိုင်ဖက်တွေ နဲ့လည်း ရင်းနှီးဖ်ာရွေစွာ ဆက်ဆံ တတ်တဲ့ ရခိုင် တိုင်းရင်းသူလေးလို့ ဆိုနိုင် ပါတယ်။

ကလေးလေးသဖွယ် ချစ်စရာကောင်းတဲ့ အပြုအမူလးတွေ အပြောလေးတွေ အသံလေးတွေကြောင့် တစ်နိုင်ငံလုံးက အမျိုးသားပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်တဲ့ အပြင် သူမရဲ့ သီချင်းတွေက မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့စေတဲ့ သီချင်းမျိုးလေးတွေ လို့ဆိုနိုင်ပါတယ် ။

အဆိုတော် သရုပ်ဆောင် အပြင် အကဘက်မှာလည်း ကျွမ်းကျင်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ဘာသာရေးကိုင်းရှိုင်းကာ အလှူအတန်းတွေ မကြာခဏပြုလုပ်ပြီး မိဘကို အလုပ် အကျွေးပြုကာ သိတတ် လိမ္မာတဲ့ သမီးလိမ္မာလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

စိတ်ထားကောင်းပြီး ဖော်ရွေတဲ့မိုင်လေးကတော့ လက်ရှိမှာ အောင်ဘာလေထီ (၁) သိန်းဆု နှစ်ဆုကို ဆွတ်ခူး ခဲ့တာကြောင့် ပျော်ရွှင်နေ တာပဲ ဖြစ်ပါတယ်။” ဒီလက ( ၁ ) သိန်းဆု (၂ ) ဆုပေါက်တယ် “ ဟု ဆိုကာ ထီလက်မှတ် နှစ်ဆောင်ကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ တာပဲ ဖြစ်ပါတယ်။

သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း သူမနဲ့ ထပ်တူ ဝမ်းသာတဲ့ မှတ်ချက်လေးတွေ ပေးထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ကံကောင်လွန်းတဲ့ ရတနာမိုင်လေး အတွက် ဝမ်းသာ စကားလေး ပြောသွားခဲ့ ပါဦးနော်။

CRD-Source :Yadanar My, Shwe Poe , CeleGabar