မိဘတွေရှိရာမြန်မာပြည်သို့ အသက်ရှင်လျှက်ပြန်မလာနိုင်တော့တဲ့ ကိုဇွဲလင်းမောင်ရဲ့ ရင့်နင့်ဖွယ်ရာဖြစ်ရပ်။

မောင်ဇွဲလင်းမောင်နဲ့ ကိုရီးယားနိုင်ငံအတွင်း နိုင်ငံခြားသား သတင်းများ သြဂုတ် ၁ ရက်

၁။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က မြေအောက် ရေပိုက်လုံးအတွင်း ရေနစ်မြုပ်ကာ ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ်ရှိ မောင်ဇွဲလင်းမောင် အပါအ၀င် မောင်နှမ ၇ ဦး ရှိပြီး မောင်ဇွဲလင်းမောင်သည် ၅ယောက်မြောက် ဖြစ်ပါတယ်။

ကွယ်လွန်သူ မောင်ဇွဲလင်းမောင်သည် ၂၀၁၇ခု မေလက ကိုရီးယားနိုင်ငံကို ဆောက်လုပ်ရေး လုပ်သားအဖြစ် အလုပ် လုပ်ကိုင်ရန် ရောက်ရှိလာသူ ဖြစ်ပြီး ဟွန်ဒိုင်း ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ အတူ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်နေတဲ့ ဟန်ယူ ဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

အရပ်က ပုပြီး စိတ်ထား အလွန်ကောင်းတဲ့ သူပါ၊ သူ့မှာလည်း ရည်းစား ရှိကြောင်း၊ မိသားစု စားဝတ်နေရေး အဆင်မပြေလို့ ဒီကို လာရောက် အလုပ် လုပ်ကိုင်နေရကြောင်း၊ နားရက်မယူပဲ အလုပ်လည်း အလွန် ကြိုးစား လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ကိုရီးယားမှာ ၅နှစ်လောက် အလုပ် လုပ်ကိုင်ပြီး အိမ် အသစ် ဆောက်ချင်ကြောင်း လက်ရှိ မောင်ဇွဲလင်းမောင်နဲ့ အတူ အလုပ် လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဘက် မြန်မာနိုင်ငံသားက ပြောပါတယ်။

ကျန်ရစ်သူ မိဘများက ကွယ်လွန်သူ မောင်ဇွဲလင်းမောင်ရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံကို ပြန်လည် သယ်ယူကာ မြန်မာပြည်မှာပဲ သဂြိုင်္ဟ်ချင်ကြောင်း ကွယ်လွန်သူ မောင်ဇွဲလင်းမောင်ရဲ့ အရေး ကိစ္စကို လိုက်လံ လုပ်ဆောင်ပေးနေတဲ့ ကိုရီးယားရှိ မြန်မာသံရုံး အလုပ်သမား တာဝန်ခံက ပြောပါတယ်။

ဟွန်ဒိုင်း ဆောက်လုပ်ရေး တာဝန်ရှိသူက ကိုရီးယားနိုင်ငံသား ဥပဒေများအတိုင်း ကွယ်လွန်သူအတွက် အသုဘ စရိတ်၊ အာမခံ စရိတ် အားလုံးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

၂။ သြဂုတ် ၁ရက် နံနက်ပိုင်း ဂယောင်ဆန်မြောက်ပိုင်းပြည်နယ် ယောင်းချွန်မြို့ မွန်နဲဒုန် ရှိ တခုသော အိမ်တအိမ်ရှိ အခန်းထဲတွင် ဥဘက်ဂျစ္စတန်နိုင်ငံသား ၂ဦး အရက် အတူသောက်နေယင်းက တယောက်သောသူက တယောက်သော သူရဲ့ အမေကို ဆဲဆိုခဲ့သဖြင့် အမေကို ထိခိုက် ဆဲဆို ခံခဲ့ရတဲ့ သူက ဆဲသူရဲ့ ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်ပါတယ်။

အသက် ၄၆ နှစ် အရွယ်ရှိ ဓားထိုးခံလိုက်ရတဲ့ ဥဘက်ဂျစ္စတန်ကို ဒဲဂုမြို့ ယောင်းဒဲ ဆေးရုံကို ကားဖြင့် ပို့နေစဉ် လမ်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဓားနဲ့ ထိုးတဲ့ အသက် ၄၂ နှစ် အရွယ်ရှိ ဥဘက်ဂျစ္စတန်နိုင်ငံသားကို ကိုရီးယား ရဲများက ချက်ခြင်း ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ နိုင်ငံသားသည် ကိုရီးယား နိုင်ငံမှာ တရားမ၀င် နေထိုင် အလုပ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

၃။ နမ်ယန်းဂျုမြို့အတွင်းရှိ အလုပ် လုပ်ကိုင်နေကြတဲ့ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားကို ကိုရီးယား လ၀ကများက ဖမ်းဆီးတဲ့အခါ ထိုးကြိပ် ရိုက်နှက်မှုများ ရှိပါက တိုင်ကြားရန် ကြော်ငြာထားပါတယ်။

သတင်းနဲ့ ဓာတ်ပုံများကို ကိုရီးယား အင်တာနက် သတင်းများက ကူးယူ ဖော်ပြပါတယ်။

မောင်ဇွဲလင်းမောင်ရဲ့ ဓာတ်ပုံကို သူရဲ့ သူငယ်ချင်း ဖေစ်ဘုတ်က ကူးယူ ဖော်ပြပါတယ်။

ဇော်မိုး

၂၀၁၉ခု သြဂုတ် ၁ ရက်