ဆေးရုံက ဆရာဝန်တွေရဲ့ ပေါ့ဆမှုကြောင့် လူ့လောကကို နာရီပိုင်းလေးသာနေသွားရတဲ့ ကလေး

– ည ၁၀ နာရီလောက်မှာ အရည်ကြည်လေးတွေစဆင်းပါတယ် ( dd က ၁၂ ရက်နေ့ပေမယ့် ၃ ရက်နေ့မှာဖြစ်တာပါ)

– ဆေးရုံသွားဖို့ လိုအပ်တာအားလုံးပြင်ဆင်ထားပါတယ်

– ၁၂ နာရီလောက်မှာ နည်းနည်းချင်းစနာလာပါတယ် ဒါပေမယ့် ခဏလေးပဲနာပြီး အချိန်ကျဲပါတယ်

– မနက် ၃ နာရီလောက်မှာတော့ ၅ မိနစ်ခြားတစ်ခါနာလာပါတယ်

-ကျွန်မနေတာက ရေနံချောင်းမြို့လေးဖြစ်တဲ့အတွက် ပထမဆုံးသားဦးလည်းဖြစ်တာကြောင့် မကွေးတိုင်းဆေးရုံကြီးမှာ ရိုးရိုးမွေးဖို့စီစဉ်ထားခဲ့တာပါ (ရိုးရိုးမွေးရင် တိုင်းဆေးရုံက ပုဂ္ဂလိကဆေးရုံ ထက်ပိုကောင်းတယ်ပြောကြလို့/ OG နဲ့သေချာတိုင်ပင်ပြီး USG လဲ ၃ ခါရိုက်ကြည့်ပြီး ကလေး လူကြီးအခြေအနေအားလုံးကောင်းလို့ OG ကလဲ ရိုးရိုးပဲမွေးဖို့အားပေးတယ်)

– ၄ နာရီခွဲမှာ မကွေးတိုင်းဆေးရုံကြီးကိုရောက်ပါတယ်။ သားအိမ် ၂ လက်မပွင့်နေပါပြီတဲ့…ပြီးတော့ သွေးကစစ်ပြီးသားပါ က်ုယ်ဝန် ၅ လမှာ ဒါပေမယ့် ထပ်စစ်မယ်ဆိုပြီး သွေးထပ်ဖောက်ယူပါတယ်….သွေးရှာပေးထားရပါတယ်

– ဗိုက်ကအနာစိပ်လာပါပြီ ဒါပေမယ့် မညှစ်သေးပါဘူး….ပုလင်းချိတ်ပေးထားပါတယ်

– ၉ နာရီခွဲမှာတော့ ဆီးခြူပြီး ရေမွှာဖောက်လိုက်ပါပြီတဲ့…

– ၁၀ နာရီခွဲနောက်ပိုင်းမှာတော့ အရမ်းညှစ်ချင်လာပါပြီ ( ကလေးတိုးတာလားတော့ ကိုယ်လဲပထမဆုံးဆိုတော့ သေချာနားမလည်သေး)

– လူနာစောင့်လည်း ဘယ်သူမှအဝင်မခံ ( ဆူ/ငေါက် လွှတ်) အနားမှာလည်းဘယ်သူမှမရှိ ( တစ်ယောက်တည်း ဆေးရုံကုတင်ပေါ်မှာ အော်ဟစ်ရင်း မွေးနေရတယ်) လာကြည့်ပေးကြပါဆိုတော့လဲ ဆရာဝန်ဝေး သူနာပြုတောင်မလာ (ကိုယ့်မှာတော့ အသနားခံပြီးအော်တာပဲ ရှက်လဲမရှက်နိုင်တော့ဘူးလေ)

– ၁၁ နာရီလောက်မှာတော့ စောင်းအိပ်ပြီး ပေါင်စိထားတဲ့ အဲလိုမနေရင် ကလေးဒုက္ခရောက်လိမ့်မယ်တဲ့ (ကိုယ်လဲစိုးရိမ်သွားပြီး စောင်းအိပ်ရင်းနဲ့ပဲ ကိုယ်မညှစ်ပဲနဲ့တောင် ညှစ်မိနေတယ်…လူကြီးတွေပြောတာတော့ ကလေးက အရမ်းသန်လို့တိုးနေတာလို့ပြောတာပဲ)

– ကိုယ့်ဘေးက ကုတင်မှာ USG ရိုက်နေတယ် (USG ရိုက်တဲ့အခန်းကမှောင်လို့တဲ့ မမွေးခင်ဗိုက်နာတဲ့လူတွေထားတဲ့ waiting room မှာလာရိုက်နေတာ) အဲဒါမပြီးမချင်း ကိုယ့်နားကို ဘယ်သူမှရောက်မလာတဲ့အပြင် လူနာစောင့်လည်းနေခွင့်မရှိခဲ့ဘူး….

– ၁၁ ခွဲလောက်မှာတော့ ကလေးကခေါင်းပြူနေပြီ…အဲဒါလည်းစောင်းအိပ်နေဦးတဲ့ (ညှစ်ရင်လည်းတစ်ခါတည်းထွက်အောင်ညှစ်တဲ့) ဆူလိုက်ငေါက်လိုက်တာလည်းပြောမနေနဲ့ ( နင့်ပါးစပ်ပိတ်ထားလို့မရဘူးလား အနှောင့်အယှက်ဖြစ်တယ်တဲ့)

– မွေးခန်းကိုလည်းပို့မပေးသေးပဲ ဆေးကျောင်းသူ/သားတွေကို ကလေးခေါင်းပြူတာစမ်းခိုင်းရင်း စာတွေမေးနေတယ် ( ဘယ် year မှာဘယ်အခန်းမှာ သင်ရတာတွေဆိုတာကမှအစ)

– ၁ နာရီခွဲသွားပြီ လူလည်း အရမ်းပင်ပန်းပြီး အသံတောင်မထွက်နိုင်တော့ဘူး….အဲဒီ့အချိန်မှာ သူတို့ ကလေးနှလုံးခုန်သံကိုနားထောင်ကြည့်တယ်

– ကလေးနှလုံးခုန်သံမကြားတော့ဘူးတဲ့ ( သူတို့အချင်းချင်းပြောနေကြတာ) ကိုယ်လဲဗိုက်နာနေတဲ့ကြား ဆောက်တည်ရာမရဖြစ်သွားခဲ့တယ် သားဘာမှမဖြစ်ပါစေနဲ့ သားလေးရယ်အားတင်းထားပါ အားပေးရင်း စိတ်ထဲမှာအရမ်းဝမ်းနည်းနေခဲ့တယ်

-အဲ့ဒီအချိန်ကျမှ မွေးခန်းကိုပို့ပေးခဲ့တယ်

-တညလုံး တနေ့လုံး လုံးဝမအိပ် ဘာမှမစားပဲ အသည်းအသန်ဗိုက်နာနေခဲ့ပြီး ပင်ပန်းနေပေမယ့် မွေးစင်ပေါ်မှာ နောက်ဆုံးအင်အားညှစ်ထုတ်ပြီး ၅ မိနစ်ကျော်ကျော်အတွင်း မွေးဖွားနိုင်ခဲ့တယ်

-၁ နာရီ ၄၄ မိနစ်မှာ သားကိုမွေးပြီးတယ် ( ငိုသံမကြားရသေး) အဲဒီ့အချိန်မှာလဲ ကလေးကိုကိုင်ရင်း ဒီလိုမျိုးဖြစ်ရင်လည်းလန့်စရာမလိုဘူးဆိုပြီး စာသင်ပေးနေတုန်း

– ခဏနေတော့ ငိုသံလေး ၂ ခါထွက်လာတယ် ( မေမေ့ကိုများနှုတ်ဆက်တာလားသားရယ် ) ဘုရားစာအစုံရွတ် ဆုတောင်းနေတုန်းပဲ သားဘာမှမဖြစ်ပါနဲ့ အသက်ရှင်ပေးပါဆိုပြီး

– ကလေးကြပ်မတ်ဆောင်ကိုပို့ရမယ်တဲ့ နှလုံးခုန်နေသေးတယ်တဲ့ (ကိုယ့်မှာစိတ်ကိုမနည်းတင်းထားရတယ်)

– ခဏနေတော့ မေမေတို့ဝင်လာတယ် မျက်နှာမကောင်းကြ…ကလေးနဲ့ပက်သက်ပြီးမေးတော့ ဆေးတွေတော့အများကြီးဝယ်ပို့ထားရတယ်တဲ့

– ညနေ ၅ နာရီခွဲလောက်မှာတော့ သားကိုလက်လျှော့လိုက်ရပါပြီတဲ့

တကယ်တော့ သားက 3.3 kg ရှိတယ်…OG ကိုယ်တိုင် သန်တယ်တဲ့…( ဗိုက်အပ်ထားတဲ့ OGက လာကြည့်ပေးတယ် သူ့duty ချိန်မဟုတ်တော့ နောက် dutyကျတဲ့ OG ကမွေးပေးတာ…)

ဖြစ်သွားတာက တကယ်မွေးချင်တဲ့အချိန်မှာ မွေးခန်းကိုမပို့ပဲ စောင်းပြီး ပေါင်စိပြီး နေခိုင်းခဲ့တယ်( ခုမှပြန်တွေးကြည့်ရင် သားကိုထွက်မရအောင် ကိုယ့်ဘသာလုပ်ထားသလိုဖြစ်ခဲ့တယ်

….ကလေးနှလုံးခုန်ရပ်မှ မွေးခန်းထဲကိုပို့ခဲ့တယ်

(မအားကြလို့လား ဘာလို့လဲ)

Source – FB

https://www.facebook.com/su.hlaing.39750?hc_ref=ARRSKOs2B0F0XlurkuwdizHpVXlT3JE9gGOtNtEtzoAbeU6mCZRGF2V50AhOSitpa2Y