အသက်အသေခံပြီးကလေးတွေကို ဝင်ရောက်ကယ်တင်ခဲ့တဲ့ ကလေးထိန်း

မလေးရှားနိုင်ငံ ၊ Johor ပြည်နယ်မှာနေထိုင်တဲ့ Xu အမည်ရှိ ၊အသက် 59 နှစ်အရွယ် ကလေးထိန်းဟာ ကလေးထိန်းအလုပ်ကိုလုပ်ကိုင်လာတာ နှစ်ပေါင်း 24နှစ်ရှိပါပြီ ။ သူမမှာသားသမီး 5ယောက်ရှိပြီး ၊သူမ၏ အသက် 31နှစ်အရွယ် အငယ်ဆုံးသား၏ပြောပြချက်အရ – Xu ဟာ2နှစ်အရွယ်ကလေးငယ်နှစ်ယောက်ကို ထိန်းနေခဲ့တာဖြစ်ပြီး ၊ အဆိုပါနေ့တွင်ကလေးငယ်များအိပ်နေချိန်သူမဟာ မနက်စာဝယ်ရန်အိမ်အပြင်ထွက်သွားခဲ့ပြီး သားဖြစ်သူအိမ်သို့ပြန်ရောက်လာချိန်မှာတော့ ဧည့်ခန်းဟာ အရှိန်းပြင်စွာမီးတောက်လောင်နေခဲ့ပါတယ် ။အိမ်ထဲဝင်ပြီးကလေးငယ်များကိုကယ်တင်ရန်ကြိုးစားခဲ့ပေမဲ့ မီးမှာအရှိမ်ပြင်းလွန်းတဲ့အတွက် ပြန်ထွက်လာခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။

ထို့အချိန်တွင်ပြန်ရောက်လာသော မိခင်ဖြစ်သူမှာထိန်းမရတော့လောက်အောင် ကြောက်စိတ်မွှန်းနေခဲ့ပြီး ၊ သဘက်အသေးလေးကိုရေစွပ်ကာ ခေါင်ပေါ်အုပ်ထားပြီး မီးလောင်နေသောအိမ်အတွင်းသို့ပြေးဝင်ကာ ကလေးများကိုဝင်ရောက်ကယ်တင်ခဲ့ပါတယ် ။ သားဖြစ်သူမှာလည်း အိမ်အနောက်ဖက်တံခါးကိုဖြတ်ပြီး အိမ်ထဲဝင်လိုက်ချိန်မှာတော့ ကလေးနှစ်ယောက်ကိုဖက်ကာ ငြိမ်ငြိမ်လေးကြမ်းပြင်ပေါ် ထိုင်နေတဲ့မိခင်ကိုတွေ့ရှိခဲ့ပါတယ် ။ ထို့နောက်မိခင် နှင့် ကလေးနှစ်ယောက်ကိုကယ်တင်ပြီး ဆေးရုံသို့ပို့ဆောင်ချိန်မှာတော့ မိခင်မှာခန္ဓာကိုယ်အနှံ့ 80% လောက်မီးလောင်ကျွမ်းခဲ့ပြီး ၊ ကလေးငယ်တစ်ယောက်သာလျှင် ခြေထောက်နားအနယ်ငယ်သာ ဒဏ်ရာရရှိခဲ့ပါတယ် ။

Xu ဟာဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပေမဲ့ ကံမကောင်စွာဖြင့်နောက်တစ်ရက် မနက် 5နာရီအချိန်တွင်ကွယ်လွန်သွားခဲ့ပါတယ် ။ Xu ဟာ ‘အခြားလူတွေကသူတို့ကလေးကိုယုံယုံကြည်ကြည်နဲ့ကိုယ်နားအပ်နှံထားတာက တာဝန်ကြီးလွန်တယ်’ဟု သားဖြစ်သူကိုပြောပြလေ့ရှိပြီး ၊ သူမဟာကလေးငယ်များကိုလည်းသူမ၏ မိသားစုတစ်ဖွယ်အမြဲစောင့်ရှောက်လေ့ရှိကြောင်းသိရှိရပါတယ် ။

သားဖြစ်သူကတော့ အဆိုပါကလေးနှစ်ယောက်ဟာ မိခင်ဖြစ်သူအနားမယူခင်နောက်ဆုံးစောင့်ရှောက်မည့်ကလေးဖြစ်ပြီး ၊ သူမ၏မြေးကလေးများဖြင့် အချိန်အကြာကြီးအတူမနေခဲ့ရတဲ့အတွက်ဝမ်းနည်းမိကြောင် ပြောပြထားပါတယ် ။

Jasmine (Yatanar media)

Source: worldofbuzz

Credit – yatanarmedia