တောင်ပြိုကျတဲ့ အချိန်မှာ ထူးဆန်းအံ့သြဖွယ် မတိမ်းမစောင်း တည်ရှိနေတဲ့ စေတီတော်ရဲ့ သမိုင်းကြောင်း

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတောင်ပြိုတဲ့နေရာမှာအံ့သြဖွယ်ရာ မတိမ်းမစောင်း တည်ရှိနေခဲ့တဲ့စေတီတော်မြတ်ကို ဓာတ်ပုံတွေထဲမှာဖူးမြင်ပြီးကြဖြစ်ပါလိမ့်မယ်။ မဖူးမြင်ရသေးရင်လည်း ဖူးမြင်ရအောင် ပုံပါ တင်ပေးလိုက်ပါတယ်။

အဲ့ဒီစေတီရဲ့ ထူးခြားချက်ကတော့ သမ္မတဟောင်း စိန်လွင်၏ အိပ်မက်အရ ရှေးဟောင်းစေတီတစ်ဆူကို ပြန်လည်မွမ်းမံကာ သမ္မတဟောင်းဦးစိန်လွင် ဒါယကာပြုတည်ထားခဲ့သော စေတီတော် ဖြစ်တယ်လို့ ပြောဆိုမှုတွေ အရသိရပါတယ်။

ယခု တောင်ပြိုကျမှုတွင် ပျံလွန်တော်မူသွားတဲ့ ဦးဇင်းကြီးကတော့ သမ္မတဟောင်း ဦးစိန်လွင်၏ ညီဝမ်းကွဲ တော်စပ်သူပါတဲ့ ။ ဘွဲ့တော်က ဦးဓမ္မသာရ ဖြစ်ပြီး မော်လမြိုင်မြို့ မြစေတီ(ရဲ)ကျောင်း စာသင်တိုက်ကြီးတွင် ဓမ္မာစရိယ စာပေများကို သင်ယူပြီး ဘာသာ လူမျိုးခြားများအားကြီးသော ကျေးရွာတွင် ဘာသာ သာသနာအတွက် ခက်ခက်ခဲခဲ ဖခင်ဖြစ်တဲ့ ကျောင်းထိုင် ဦးဇင်းကြီးနှင့်အတူ သာသနာပြုနေခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

အခုတော့ စေတီသာ မတိမ်းမစောင်းပဲ ရွှေသင်္ကန်တလူလူနဲ့ ကျန်ခဲ့ပြီး ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို နှလုံးသွင်းနေသလိုပါပဲ..

ဒီလို ထူးဆန်းတဲ့ရာဇဝင်နဲ့ တန်ခိုးကြီးတဲ့စတေီတော်မြတ်ကို အားလုံး ဖူးမျှော်ကြည်ညိုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

source-Ko Thet