ယေန႔႐ုံးခ်ိန္းတြင္ တရားခံကို ဗစ္တိုးရီးယားေလး ေရြးျပသည့္ ႐ုပ္သံဖိုင္အား သက္ေသတင္မည္…

ယေန႔႐ုံးခ်ိန္းတြင္ တရားခံကို ဗစ္တိုးရီးယားေလး ေရြးျပသည့္ ႐ုပ္သံဖိုင္အား သက္ေသတင္မည္

ၾသဂုတ္-၁၄၊ ၂၀၁၉၊ ဗစ္တိုးရီးယားေလးရဲ့ဖခင္ျဖစ္သူကို ဒီကေန႔ ဒကၡိဏရိုင္တရား႐ုံးမွာ စစ္ေဆးမွာပါ။ ကေလးေလး ရဲ့ဖခင္ကို ဥပေဒအရာရွိက စစ္ေဆးမွာျဖစ္ၿပီး ေနာက္ထပ္တရားလိုသက္ေသတစ္ဦးကိုလည္းစစ္ေဆးဖို႔ ႐ုံးေတာ္က ခ်ိန္းဆိုထားတာျဖစ္ပါတယ္။

ဒီကေန႔႐ုံးခ်ိန္းမွာပဲ ဗစ္တိုးရီးယားေလးရဲ့ဖခင္က ႐ုံးေတာ္ကို သက္ေသဗီဒီယိုဖိုင္တင္သြားဖို႔လည္း ရွိပါတယ္။ ဒီဗီယိုဖိုင္မွာ ကေလးက တရားခံလို႔ယူဆရသူေတြကို ေရြးခ်ယ္ျပထားတဲ့ ဗီဒီယိုဖိုင္ျဖစ္တယ္လို႔လည္း ဒီကေန႔ ႐ုံးခ်ိန္မစတင္ခင္ ထြက္ေပၚေနတဲ့သတင္းေတြအရသိရပါတယ္။

တရား႐ုံးကလက္ခံ၊ မခံကို ဆက္လက္ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။ ဒီကေန႔စစ္ေဆးမႈအၿပီးမွာ တရားလိုေရွ႕ေန ဘက္ကေန အေရးႀကီးတဲ့ထုတ္ျပန္ခ်င္အခ်ိဳ႕လည္း ထုတ္ျပန္ေပးဖို႔ရွိတယ္လို႔ သိရပါတယ္။

7Day Daily (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

ယနေ့ရုံးချိန်းတွင် တရားခံကို ဗစ်တိုးရီးယားလေး ရွေးပြသည့် ရုပ်သံဖိုင်အား သက်သေတင်မည်

သြဂုတ်-၁၄၊ ၂၀၁၉၊ ဗစ်တိုးရီးယားလေးရဲ့ဖခင်ဖြစ်သူကို ဒီကနေ့ ဒက္ခိဏရိုင်တရားရုံးမှာ စစ်ဆေးမှာပါ။ ကလေးလေး ရဲ့ဖခင်ကို ဥပဒေအရာရှိက စစ်ဆေးမှာဖြစ်ပြီး နောက်ထပ်တရားလိုသက်သေတစ်ဦးကိုလည်းစစ်ဆေးဖို့ ရုံးတော်က ချိန်းဆိုထားတာဖြစ်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာပဲ ဗစ်တိုးရီးယားလေးရဲ့ဖခင်က ရုံးတော်ကို သက်သေဗီဒီယိုဖိုင်တင်သွားဖို့လည်း ရှိပါတယ်။ ဒီဗီယိုဖိုင်မှာ ကလေးက တရားခံလို့ယူဆရသူတွေကို ရွေးချယ်ပြထားတဲ့ ဗီဒီယိုဖိုင်ဖြစ်တယ်လို့လည်း ဒီကနေ့ ရုံးချိန်မစတင်ခင် ထွက်ပေါ်နေတဲ့သတင်းတွေအရသိရပါတယ်။

တရားရုံးကလက်ခံ၊ မခံကို ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဒီကနေ့စစ်ဆေးမှုအပြီးမှာ တရားလိုရှေ့နေ ဘက်ကနေ အရေးကြီးတဲ့ထုတ်ပြန်ချင်အချို့လည်း ထုတ်ပြန်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)