(15.8.2019 မှ 21.8.2019) တပတ်စာ ( ၇ ) ရက်သားသမီးဟောစာတမ်း

15.8.2019 မှ 21.8.2019 တပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီကာလဟာအဟောင်းတွေခဏမေ့ပြီးအသစ်တွေစတင်ရမဲ့အချိန်ပါ။ စိတ်ကူး သစ်၊ အတွေးသစ်တွေရပြီဆိုရင်တော့ချက်ချင်းအကောင်အထည်ဖော်လိုက်ပါ။ ဘုရားတည်ခြင်း ၊ကျောင်းဆောက် ခြင်း၊ ဘာသာရေးအခမ်းအနားကျင်းပခြင်းနှင့်အလှူလုပ်ခြင်းတွေအတွက်အကောင်းဆုံးကာလပါ။ ကုသိုလ်ရေးနဲ့ ပက်သက်ပြီး ဆောင်ရွက်စရာများကြုံလာရင်တော့ လက်မနှေးဘဲလုပ်ကိုင်လိုက်ပါ။

ကံတွေမြင့်လာပါလိမ့်မယ်။ ဘာပဲလုပ်လုပ်အထစ်အငေါ့လေးကြုံပြီးမှ အဆင်ပြေလိမ့်မယ်။ ကံအကောင်းအဆိုးမျှနေတဲ့ကာလပါ။ မိမိလုပ် လိုက်တဲ့ကိစ္စတစ်ခုက မိခင်နဲ့မကြိုက်တဲ့ကိစ္စဖြစ်နေတတ်ပါတယ်။ကိုယ်လက်မအီမသာဖြစ်တာ အိမ်ရေးမဝတာ မျိုးခံစားရလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ပါ။

အချစ်ရေးမှာ ဝေးနေတဲ့ ချစ်သူတွေအဆင်ပြေနေပေမဲ့ အနေနီးကြတဲ့ ချစ်သူချင်းကတော့ နားလည်မှုလွဲနေတတ်သည်။မိသားစုအတွင်းကျန်းမာရေးညံသူများကြောင့် ဗျာများရတတ် သည်။ ကိစ္စကြီးငယ်ရှိက ခေါင်းအေးအေးထားပြီး ဆောင်ရွက်ပါ။ အိမ်ထောင်ရေးအညံ့များနေပါလိမ့်မယ်။ပညာရေး မှာ မိမိကိုယ်တိုင် self-study လုပ်တာ မျိုးကပိုပြီး တတ်မြောက်လွယ်မှာပါ။

အကျိုးပေးဂဏန်း .၂၊၄၊၅

အထူးဟော ဝေခွဲရခက်နေသလို ခံစားနေရတတ်သည်။

ယတြာ ဖိနပ်အဟောင်း /အပြတ်ရှိရင် စွန့်လိုက်ပါ

တနင်္လာ

ဒီတစ်ပတ်က တနင်္လာသားသမီးတွေအနေနဲ့ စီးပွားကံကောင်းနေတယ်လို့ပဲဆိုရမှာပါ။ အားနည်းမှုတွေကတော့ စီးပွားချဲ့ချင်ပေမဲ့ ငွေမနိုင်တာ။ ကိုယ်ကလာဘ်မြင်ပေမဲ့ လူကြီးတွေကတားဆီးနေတာ။ ကိုယ်ကလုပ်ချင်ပေမဲ့ အထက်လူကြီးက လုပ်ခွင့်မပေးတာ မျိုးကြုံရတတ်ပါတယ်။ ငွေကြေးချေးငှားခြင်းမလုပ်ပါနဲ့ ။

ငွေအပေးအယူကိစ္စ အငြင်းပွားစရာများ ကြုံလာနိုင်ဖွယ်ရှိနေပါတယ်။ အဖွဲ့အစည်း ၊ပရဟိတ လူမှုရေးအဖွဲ့က ငွေကြေးအပ်နှံတာမျိုး တွေလက်မခံပါနဲ့။ မည်သူတစ်ဦးတစ်ယောက်ကိုမဆို အာမခံပေးတာ မျိုးမလုပ်ပါနဲ့။ အလုပ်မှာအော်ဒါတွေရ လာပါလိမ့်မယ်။ မိမိက..ကတိတည်ဖို့လိုပါတယ်။ ခံစားချက်ကို ဦးစားမပေးဘဲ ဖြစ်သင့်တာကိုပဲအရေးပေးဆောင် ရွက်ပါ။ တစ်ခုသတိပေးချင်တာက တတ်နိုင်သမျှ ဒီကာလမှာလောင်းကစားမလုပ်ပါနဲ့။
ကျန်းမာရေးလဲအထူး ကောင်းမည်။ အရင်ကတည်းကကျန်းမာရေးအားနည်းသူများအနာနဲ့ဆေးတွေ့မည်။အချစ်ရေးမှာ သတိထားရမှာ က မတွေ့လိုက်နဲ တွေ့တာနဲ့ စကားများရတတ်ပါတယ်။အိမ်ထောင်ရေးအညံ့မရှိပါ။အဆင်ပြေသာယာပါလိမ့်မယ်။ ပညာရေးမှာ ကြိုးစားပေမဲ့ စာမလိုက်နိုင်တာမျိုးကြုံရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆/၃/၁

အထူးဟော လုပ်ချင်တိုင်းလုပ်ခွင့်မရတဲ့ ကာလပါ။

ယတြာ ဂန္ဓာမာပန်း ၇ပွင့် ဘုရားလှူပါ။

အင်္ဂါ

ဒီကာလဟာအင်္ဂါသားသမီးအနေနဲ့ ငြိမ်နေရတာမျိုး မရှိဘဲ လှုပ်လှုပ်ရှားရှားနဲ့ပင်ပန်းရမဲ့ကာလပါပဲ။ အလုပ်ကိစ္စ တွေတစ်မျိုးပြီး တစ်မျိုးတာဝန်ပေးခြင်းခံရပါလိမ့်မယ်။ ကိုယ်ပိုင် အလုပ်ဆိုလဲ မိမိအလုပ်အတွက်လိုအပ်တာ ဝယ်ရခြမ်းရနဲ့ အချိန်ကုန်လူပန်းရပါလိမ့်မယ်။ မိမိနဲ့မသိသော တစိမ်းတရံတွေနဲ့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ငွေယူခြင်း ကြွေးတောင်းခြင်းမလုပ်ပါနဲ့ ။

မိသားစုအရေးကိစ္စတွေအပြင် အလုပ်ကိစ္စတွေကြောင့်ပါ မနားမနေ အလုပ် များနေရတတ်ပါတယ်။ လူငယ်များ စိတ်လေပြီး အိမ်မကပ်ချင်တာမျိုးဖြစ်နေရတတ်ပါတယ်။ စိတ်ကူးထား တာ ရည်မှန်းထားတာတွေ ဖြေးဖြေးမှန်မှန်အကျိုးပေးပါလိမ့်မယ်။ညဥ့်နက်သည်အထိ အပြင်ထွက်တာမျိုး မလုပ် ပါနဲ့။ မိမိအနေနဲ့ အနားယူချိန် အလုပ်လုပ်ချိန်တွေကိုသေချာပိုင်းခြားထားပါ။

weakဖြစ်ပြီး ကျန်းမာရေး အားနည်း သွားတတ်တဲ့ ကာလမို့ပါ။ အချစ်ရေးအနေနဲ့ အကောင်းဘက်မှာရှိနေပါတယ်။ ချစ်သူအချင်းချင်း မအားလပ်ဘဲ မတွေ့နိုင်တာမျိုးကြုံနေရတတ်တယ်။အိမ်ထောင်ဘက်ရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မယ်။ ပညာရေး မှာ စာမလိုက်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ စာမေးပွဲအတွက်စိုးရိမ်ကြောင့်ကြနေရတတ်ပါ တယ်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော စိတ်များ အလုပ်များနေရတတ်သည်။

ယတြာ ဘုရားရင်ပြင်တွေ တန်ဆောင်းတွေမှာတံမြက်စည်းလှဲပါ။

ဗုဒ္ဓဟူး/ရာဟု

အရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲစကားများရတတ်တယ်။ အထူးသဖြင့် မိမိကိုမနာလို၍ပြဿ နာရှာ တာ မျိုးလဲဖြစ်နိုင်ပါတယ်။ ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါတယ်။ ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းမျိုး မပြုသင့်သေးတဲ့အချိန်ပါ။အတွေးချော်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမယ်ဆို လောဘ ဒေါသမောဟနည်းတဲ့ အချိန် ဆုံးဖြတ်ပါ။

ဒီကာလမှာ ရွှေငွေလက်ဝတ်ရတနာများ ထွက်ရတတ်ပါတယ်။မိမိနဲ့ နှစ်ပေါင်းများစွာ ဝေးကွာ နေတဲ့ မိတ်ဆွေဟောင်းနဲ့ပြန်ဆုံရတတ်ပါတယ်။ အလုပ်သစ် စီးပွားသစ်မကောင်းသေးပါ။ ယာဉ်ကားနဲ့ ပက်သက် သောလုပ်ငန်းများ အရှုံးပေါ်ရတတ်ပါတယ်။ ပြဿ နာတိုင်းကို မိမိခေါင်းပေါ်မတင်ထားပါနဲ့။ မိသားစုအရေး ကိစ္စ တွေက မိမိတစ်ယောက်ထဲပူပန်နေလို့ ငြိမ်းအေးမည်မဟုတ်ပါ။

ဘာသာရေးနဲ့ သက်ဆိုင်သောပစ္စည်းများ လက်ဆောင်ရပါလိမ့်မယ်။ကျန်းမာရေးအညံ့ကြီးမဟုတ်ပေမဲ့ ကိုယ်လက်မအီမသာဖြစ်ရတတ်ပါတယ်။ အချစ်ရေး ကိစ္စတွေမှာ အကောင်းအဆိုးတလှည့်ဆီဖြစ်နေမဲ့အချိန်ပါ။ အိမ်ထောင်ရေးမှာတော့ နှစ်ဖက်ဆွေမျိုးတွေကြောင့် လင်မယားချင်းစကားများရမည်။ပညာရေးအတွက်အထူးစိတ်ချမ်းမြေ့ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၉/၁

အထူးဟော စက်ပစ္စည်းများပျက်လွယ်မည်။

ယတြာ ရွက်လှ ၄ညွှန့်+ သစ္စာပန်း ၆ညွှန့်ဘုရားလှူပါ

ကြာသပတေး

ဒီကာလအတွင်းမှာ ပျော်စရာ စိတ်ချမ်းမြေ့စရာတွေ ကြုံရပါလိမ့်မယ်။ လုပ်သမျှ အဆင်ပြေချောမွေ့နေ တတ်တဲ့အချိန်ပါ။ ဒါပေမဲ့ သီလရှိအောင်တော့ နေမှအဆင်ပြေမဲ့ကာလပါပဲ။ အလုပ်စီးပွား လဲတိုးတတ်လာပါ လိမ့်မယ်။ လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ်များ အဆင်ပြေအောင်မြင်မဲ့အချိန်ပါ။ အနာဂတ်အတွက် ကြိုတင်စဉ်းစားထားသည်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

အတိတ်ကံရဲ့ ကောင်းကျိုး တရားတွေကို ခံစားရနိုင်တဲ့ကာလဖြစ်တဲ့အတွက် ထီကံစမ်းခြင်းမျိုးပြုသင့်ပါတယ်။ အဓိဋ္ဌာန်ဝင်ခြင်း တရားရှုမှတ် ခြင်းတွေ ပြုလုပ်ဖို့အကောင်းဆုံးကာလပါ။ အထည်၊ထီး၊ဖိနပ် စတဲ့ စနေနံပစ္စည်းတွေ ဝင်လာဖို့ရှိနေပါတယ်။ လူကြီးသူမတွေရဲ့ အကူအညီအထောက်အပံ့တွေလဲ အများကြီးရနိုင်တဲ့အချိန်ပါ။အလုပ်ရှာနေသူများအလုပ်ရပါလိမ့်မယ်။

မိမိကို နှုတ်၏ဆောင်မခြင်း ဖြင့် အကြံဉာဏ်ကောင်းတွေပေးမဲ့သူကို ကြုံရတတ်ပါတယ်။ ကျန်းမာရေးလဲ အထူးကောင်းနေမဲ့အချိန်ပါပဲ။ အချစ်ရေးကံကောင်းပါတယ်။ ဇာတိမတူ လူမျိုးမတူသူနဲ့ ဒီကာလအတွင်းဆုံဆည်း ရတတ်ပါတယ်။အိမ်ထောင်ရေးကတော့သိပ်ပြီးအဆင်မပြေနိုင်သေးပါ ဘူး။ ပညာရေနယ်ပယ်ကျယ်ပြန့်စွာ အောင် မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၅/၁/၂

အထူးဟော စိတ်ကြိုက်ဖန်တီးခွင့်တွေရလာပါလိမ့်မယ်။

ယတြာ ပေါင်မုန့်ထောပတ်သုတ်ဘုရားကပ်ပါ

သောကြာ

စပ်တူအလုပ်များ ရှယ်ယာအလုပ်များ အကျိုးပေးကောင်းနေမဲ့ကာလပါ။ နိုင်ငံခြား ခရီး ရပ်ဝေးခရီးသွားဖို့ ကြန့်ကြာနေသူများ ဒီကာလအတွင်းအဆင်ပြေပါလိမ့်မယ်။ ကုန်သွယ်မှုလုပ်ငန်းများ ၊အရောင်းအဝယ်အလုပ်များ အကျိုးပေးနေမည်။ ရပ်ဝေးမှသတင်းကောင်းကြားရမည်။ ငွေကံလဲကောင်းနေပေမဲ့ အဖတ်မတင်ဘဲကုန်သွား တတ်တဲ့ကာလပါ။ အလုပ်အကိုင်အထူးအဆင်ပြေခြင်း ၊ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုး ကြုံရပါလိမ့်မယ်။

ကျန်းမာရေးအထူးကောင်းမွန်နေချိန်ပါ။ နာတာရှည်ဖြစ်နေသူများ ဒီကာလမှာ ဆေးတိုးသွားနိုင်ပါတယ်။ အတွင်း အုပ်စု ရန်သဘောဆောင်နေခြင်းကြောင့် အတူနေသူများ မိသားစုဝင်များနဲ့ စကားများ စိတ်ဝမ်းကွဲတာမျိုး တော့ရှိပါတယ်။မိမိအဆင်ပြေနေတာကို မနာလိုဝန်တိုသူတွေလဲများ နေတတ်ပါတယ်။ ယောကျာ်းလေးထက် မိန်းကလေးများ စန်းပွင့်နေတဲ့ကာလပါ။

အချစ်ရေးကံကောင်းပေမဲ့ စိတ်ကောက်စိတ်ဆိုးတာမျိုးလဲရှိတတ်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ရေး ရှုပ်ထွေးမှုများကြုံလာနိုင်၍ အနေအထိုင်တော့ ဆင်ခြင်ပါ။ပညာရေးကိစ္စများ အဘက်ဘက်ကအဆင်ပြေသွားပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၀/၇

အထူးဟော အလိုဆန္ဒတွေပြည့်ဝမည်

ယတြာ . သပြေပန်း လက်တစ်ဆုပ်ခန့် သောကြာထောင့်မှာ လှူဒါန်းလိုက်ပါ

စနေ

ကုန်သည်များ ရောင်းမှားဝယ်မှားဖြစ်တတ်တဲ့အတွက် သတိထားပါ။ ခရီးကိစ္စများရှိပါက ထိုခရီးသည် အခက်အခဲများသောခရီးလမ်းဖြစ်ရတတ်ပါတယ်။ အထိုင်စီးပွားမဟုတ်ဘဲ လှုပ်ရှားသွားလာလုပ်ကိုင်ရသော လုပ်ငန်းများ အဆင်မပြေဖြစ်တတ်သည်။ အောက်လက်ငယ်သားများ သားသမီးများကြောင့် စိတ်ညစ်ရလိမ့်မယ်။ ဒီကာလအတွင်း ထိုသူတွေကို အရာရာမျက်နှာလွှဲထားတာမျိုးမလုပ်ပါနဲ့။

တစိမ်းတရံတွေနဲ့ ဆက်ဆံလုပ်ကိုင် ရသော ကိစ္စများ သတိထားလုပ်ပါ။ အိမ်ထောင်သည်များ အကြီးအကျယ်စကားများရန်ဖြစ်ကိန်းရှိပါတယ်။ စကား အမှားတွေကြောင့် ဖြစ်တတ်တာပါ။ ဒါကြောင့်ဒီကာလအတွင်း ဘယ်သူနဲ့ပဲစကားပြောပြော အပြောလျော့ပြီး နားထောင်တဲ့ဘက်ကနေတာ အကောင်းဆုံးပါ။ ပြဿ နာဟောင်း အမှုဟောင်းများပြန်လည်ဖြေရှင်းရပါလိမ့်မယ်။

အလုပ်ကံကောင်းပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နားလည်မှုလွဲပြီး စိတ်ဝမ်းကွဲရတတ်ပါတယ်။ အချစ်ရေးအနေနဲ့ ချစ်သူရဲ့ စိတ္တဇဆန်ဆန် အပြောတွေ အပြုအမူတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။ ပညာရေးမှာ မရည်မှန်းထား ဘဲနဲ့ ရလဒ်တွေကောင်းတာမျိုးကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၀/၉/၆

အထူးဟော ကံညံ့နေပါတယ်

ယတြာ ထန်းလျက်ခဲ ၁၁လုံးကို လမ်းဘေးခွေးချကျွေးပါ

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695(Viber) / 09 44 5555 695