RS ေတြ လိုက္မမီႏိုင္တဲ့ Single တစ္ေယာက္ရဲ႕ အားသာခ်က္ (၅) ခု…

Single ဆုိတာ ၾကားေတာ့သာ အထီးက်န္ဆန္တယ္၊ အတြဲေတြကို အားက်လိမ့္မယ္လို႔ ထင္ရတာပါ။ တကယ္ေတာ့ လံုးဝမွားပါတယ္။ Single ဘဝရဲ႕ သာယာမႈေတြကို ရွာေတြ႕သြားရင္ အဲ့ဒီ့လူဟာ လံုးဝ Single ဘဝကေနမကၽြတ္ခ်င္ေတာ့ပါဘူူး။ RS ေတြ လံုးဝလိုက္မမီႏိုင္တဲ့ Single တစ္ေယာက္ရဲ႕ အားသာခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကိုယ့္ပိုက္ဆံ ကိုယ့္စိတ္ၾကိဳက္သံုးႏိုင္တယ္

ေငြေရးေၾကးေရးနဲ႔ပတ္သက္ျပီး ကိုယ့္မွာရွိတဲ့ ပိုက္ဆံကို ကိုယ့္စိတ္ၾကိဳက္သံုးႏိုင္ပါတယ္။ ကိုယ့္တစ္ေယာက္တည္းအတြက္ ေဖာေဖာသီသီသုံု းႏိုင္ျပီး စားခ်င္တာစား၊ သြားခ်င္တာသြား ဘာမွေျခြတာေနစရာမလုိေတာ့ပါဘူး။

(၂) ကိုယ့္အခ်ိန္ေတြ ကိုယ္ပိုင္တယ္

ကိုယ့္ရဲ႕ အခ်ိန္ေတြကို ကိုယ့္အတြက္ အျပည့္ေပးႏိုင္သြားပါျပီ။ ၾကိဳက္တဲ့ေနရာသြား၊ ၾကိဳက္တဲ့သူနဲ႔ေတြ႕၊ ၾကိဳက္တာလုပ္ ပူညံပူညံလုပ္တဲ့သူလည္း မရွိေတာ့သလို၊ သြားခ်င္တဲ့ေနရာလည္းမသြားရ၊ လုပ္ခ်င္တာလည္းမလုပ္ရ ဘဝကေန လြတ္ေျမာက္သြားတာပါ။

(၃) ကိုုယ္ၾကိဳက္တာကိုယ္လုပ္

ဘယ္သူ႔အၾကိဳက္မွ လိုက္စရာမလုိေတာ့ပါဘူး။ ကုိယ့္ဆႏၵမပါတဲ့ ဘယ္အရာကိုမွ ေအာင့္အည္းသည္းခံေနစရာလည္း မလိုေတာ့ပါဘူး။ လိုက္ညွိေနစရာလည္းမလိုေတာ့သလို၊ စိတ္မပါလည္း လိုက္ေခ်ာ့ရတာမ်ိဳး၊ ဘလိုင္းၾကီးစိတ္ေကာက္လည္း ဘုမသိဘမသိ လိုက္ေတာင္းပန္ေနရတာမ်ိဳးေတြ မရွိေတာ့ပါဘူး။

(၄) လူတိုင္းကို ခ်စ္ႏိုင္တယ္

Crush ေတြအမ်ားၾကီးလည္း ထားႏိုင္သလို၊ အီစီကလီေတြလည္း အမ်ားၾကီးထားႏိုင္ပါတယ္။ ဘယ္သူ႔ကိုမွ တရားဝင္မတြဲေသးသေရြ႕ ဘယ္သူ႔ကိုမဆို၊ ဘယ္သူ႔ကိုမဆို အေရာတဝင္ေနလို႔လည္းရသလို၊ ဘယ္သူ႔ကိုပဲ ၾကိဳက္ၾကိဳက္ လံုးဝအျပစ္မျဖစ္ပါဘူး။

(၅) တင္ျပေနစရာမလုိေတာ့ဘူး

ဘယ္သြားတယ္၊ ဘာလုပ္တယ္၊ ဘယ္ေနရာမွာရွိတယ္ဆိုတာမ်ိဳးေတြကို သံေတာ္ဦးတင္ေနစရာမလိုေတာ့ပါဘူး။ သူငယ္ခ်င္းေတြနဲ႔လည္း ၾကိဳက္တဲ့အခ်ိန္ေတြ႕၊ ၾကိဳက္သေလာက္ေတြ႕ ျပန္ေျဖရွင္းရတာမ်ိဳးေတြ၊ အရစ္ခံရတာမ်ိဳးေတြလံုးဝ မရွိပါဘူး။

Em Em

Unicode

Single ဆိုတာ ကြားတော့သာ အထီးကျန်ဆန်တယ်၊ အတွဲတွေကို အားကျလိမ့်မယ်လို့ ထင်ရတာပါ။ တကယ်တော့ လုံးဝမှားပါတယ်။ Single ဘဝရဲ့ သာယာမှုတွေကို ရှာတွေ့သွားရင် အဲ့ဒီ့လူဟာ လုံးဝ Single ဘဝကနေမကျွတ်ချင်တော့ပါဘူူး။ RS တွေ လုံးဝလိုက်မမီနိုင်တဲ့ Single တစ်ယောက်ရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ့်ပိုက်ဆံ ကိုယ့်စိတ်ကြိုက်သုံးနိုင်တယ်

ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို ကိုယ့်စိတ်ကြိုက်သုံးနိုင်ပါတယ်။ ကိုယ့်တစ်ယောက်တည်းအတွက် ဖောဖောသီသီသုုံ းနိုင်ပြီး စားချင်တာစား၊ သွားချင်တာသွား ဘာမှခြွေတာနေစရာမလိုတော့ပါဘူး။

(၂) ကိုယ့်အချိန်တွေ ကိုယ်ပိုင်တယ်

ကိုယ့်ရဲ့ အချိန်တွေကို ကိုယ့်အတွက် အပြည့်ပေးနိုင်သွားပါပြီ။ ကြိုက်တဲ့နေရာသွား၊ ကြိုက်တဲ့သူနဲ့တွေ့၊ ကြိုက်တာလုပ် ပူညံပူညံလုပ်တဲ့သူလည်း မရှိတော့သလို၊ သွားချင်တဲ့နေရာလည်းမသွားရ၊ လုပ်ချင်တာလည်းမလုပ်ရ ဘဝကနေ လွတ်မြောက်သွားတာပါ။

(၃) ကိုုယ်ကြိုက်တာကိုယ်လုပ်

ဘယ်သူ့အကြိုက်မှ လိုက်စရာမလိုတော့ပါဘူး။ ကိုယ့်ဆန္ဒမပါတဲ့ ဘယ်အရာကိုမှ အောင့်အည်းသည်းခံနေစရာလည်း မလိုတော့ပါဘူး။ လိုက်ညှိနေစရာလည်းမလိုတော့သလို၊ စိတ်မပါလည်း လိုက်ချော့ရတာမျိုး၊ ဘလိုင်းကြီးစိတ်ကောက်လည်း ဘုမသိဘမသိ လိုက်တောင်းပန်နေရတာမျိုးတွေ မရှိတော့ပါဘူး။

(၄) လူတိုင်းကို ချစ်နိုင်တယ်

Crush တွေအများကြီးလည်း ထားနိုင်သလို၊ အီစီကလီတွေလည်း အများကြီးထားနိုင်ပါတယ်။ ဘယ်သူ့ကိုမှ တရားဝင်မတွဲသေးသရွေ့ ဘယ်သူ့ကိုမဆို၊ ဘယ်သူ့ကိုမဆို အရောတဝင်နေလို့လည်းရသလို၊ ဘယ်သူ့ကိုပဲ ကြိုက်ကြိုက် လုံးဝအပြစ်မဖြစ်ပါဘူး။

(၅) တင်ပြနေစရာမလိုတော့ဘူး

ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်နေရာမှာရှိတယ်ဆိုတာမျိုးတွေကို သံတော်ဦးတင်နေစရာမလိုတော့ပါဘူး။ သူငယ်ချင်းတွေနဲ့လည်း ကြိုက်တဲ့အချိန်တွေ့၊ ကြိုက်သလောက်တွေ့ ပြန်ဖြေရှင်းရတာမျိုးတွေ၊ အရစ်ခံရတာမျိုးတွေလုံးဝ မရှိပါဘူး။

Em Em