ကားကြုံလိုက်​လာသော ကျောင်းသူ (၃)ဦးကို မဖွယ်​မရာ လုပ်​ပြသည့် ယာဉ်​​မောင်းအား ဖမ်းဆီ…
ကားကြုံလိုက်​လာသော ကျောင်းသူ (၃)ဦးကို မဖွယ်​မရာ လုပ်​ပြသည့် ယာဉ်​​မောင်းအား ဖမ်းဆီး
ကားကြုံလိုက်​လာသော ကျောင်းသား/သူ (၃)ဦးကို မဖွယ်​မရာပြုလုပ်​ပြသည့် ယာဉ်​​မောင်းအား ဖမ်းဆီးအ​ရေးယူ ကျောင်းတက်ရန် ကျွဲပွဲမြို့မှ လမ်းကြုံလိုက်လာ သောကျောင်းသူ(၂)ဦးနှင့်ကျောင်းသားတစ်ဦးကို (၂၂)ဘီးမောင်းယာဉ်မောင်းမှ ကားပေါ်တွင် မဖွယ်မရာပြုလုပ်ပြသဖြင့် အုတ်တွင်း(မြို့မ) ရဲစခန်းတွင်း ဖမ်းဆီးအရေးယူထားကြောင်းသိရ သည် …. ။
Credit
Unicode
ကားကြုံလိုက်​လာသော ကျောင်​းသူ (၃)ဦးကို မဖွယ်​မရာ လုပ်​ပြသည့့် ယာဉ်​​မောင်​းအား ဖမ်​းဆီး
ကားကြုံလိုက်​လာသော ကျောင်​းသား/သူ (၃)ဦးကို မဖွယ်​မရာပြုလုပ်​ပြသည့့် ယာဉ်​​မောင်​းအား ဖမ်​းဆီးအ​ရေးယူ ကျောင်းတက်ရန် ကျွဲပွဲမြို့မှ လမ်းကြုံလိုက်လာ သောကျောင်းသူ(၂)ဦးနှင့်ကျောင်းသားတစ်ဦးကို (၂၂)ဘီးမောင်းယာဉ်မောင်းမှ ကားပေါ်တွင် မဖွယ်မရာပြုလုပ်ပြသဖြင့် အုတ်တွင်း(မြို့မ) ရဲစခန်းတွင်း ဖမ်းဆီးအရေးယူထားကြောင်းသိရ သည် …. ။
လမ်​းကြုံလိုက်​လာသည်​့ အသက်​ (၁၄) နှစ်​အရွယ်​ ကိုးတန်​း​ကျောင်​းသူ (၂) ဦးနှင်​့ အသက်​ (၁၂) အရွယ်​ ခုနှစ်​တန်​း​ကျောင်​းသား (၁) ဦးတို့ကို ကား​ပေါ်တွင်​ ယာဉ်​​မောင်​းဖြစ်​သူမှပုဆိုးလှန်​ကာ မိမိတန်​ဆာအား လက်​ဖြင်​့ကိုင်​ပြခဲ့သည်​့အတွက်​ အရေးယူဖမ်းဆီးထားကြောင်း၊ ကျွဲပွဲမြို့ ဘန်​့​ဘွေးကုန်​းကျေးရွာအုပ်​စုမှ ​​အဆိုပါကျောင်းသူ/သားများမှာ အ.ထ.က (အုတ်တွင်း) သို့​ ကျောင်​းတက်​ရန်​အတွက်​ နေ့စဉ် လမ်းကြုံကားများတားစီးပြီးကျောင်းသို့ သွားရောက်ရပါသည် …. ။ သြဂုတ်​လ (၁၉) ရက်​​နေ့ မနက်​ ရးဝဝ နာရီအချိန်​ခန့်ကရန်ကုန်ဘက်​မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဝင်းမော်(၂၄) ဂျပန်လမ်း ၊အင်းစိန်မြို့နယ်​နေသူ ​မောင်​းနှင်​လာ​သော YGN-1L/6 – – – beiben truck ဖြူ/နီကျား (၂၂) ဘီး နောက်တွဲယာဉ်ခေါင်းခန်းမှ လမ်​းကြုံ လိုက်​လာခဲ့ကြခြင်းဖြစ်သည် … ။
ရန်​ကုန်​-မန္တ​လေး လမ်​း​ဟောင်​း မိုင်တိုင် ၁၄၆/၂ နှင့် ၃ ကြား ကျောက်တလင်းရွာနှင့် တဲကြီးကုန်းရွာကြားအ​ရောက်​တွင် ယာဉ်မောင်းမှ​ မော်​​တော်​ယာဉ်​အား ရပ်တန့်ပြီး လိုက်ကာများကာချလိုက်​သဖြင်​့​ ကျောင်​းသူ (၂) ဦးနှင်​့​ ကျောင်​းသား (၁) ဦးတို့မှာ ​ကြောက်​လန်​့ပြီးဆင်း​ပြေးရန်ပြင်ဆင်စဉ် ယာဉ်မောင်းမှ ၎င်းတန်ဆာအား လက်ဖြင့် ကိုင်ပြသဖြင့် မှန်ပြတင်းပေါက်မှ အတင်းတိုးဝှေ့ ဆင်းခဲ့ပြီး မိဘများနှင်​့အတူ ကျွဲပွဲနယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့​ကြောင်​းအဆိုပါစခန်းမှ သိရသည်​ …. ။ အုတ်တွင်းမြို့(မြ်ို့မ)ရဲစခန်​းမှ တပ်​ဖွဲ့ဝင်​များသည်​ အုတ်​တွင်​းမြို့နယ်​ ဥယျာဉ်တော်ကျေးရွာအုပ်စု မှော်ရောတံတားအနီး၌ အဆိုပါကားနှင်​့ယာဉ်​​မောင်​းဖြစ်​သူအား ဖမ်​းဆီးရမိထားပြီး အမှုဖွင့်အ​ရေးယူသွားရန်​ စီစဉ်​​ဆောင်​ရွက်​လျက်​ရှိသည်​ဟုသိရသည်​ … ။
Credit