အတူအိပ်ပြီးမှ ချစ်သူမိန်းကလေးက အသက်မပြည့်သေးမှန်း သိခဲ့ရသူရဲ့ ဖြစ်ရပ်

အတူအိပ်ပြီးမှ ချစ်သူမိန်းကလေးက အသက်မပြည့်သေးမှန်း သိခဲ့ရသူရဲ့ ဖြစ်ရပ်

တရုတ်​ပြည်​၊ ရှန်​ဟိုင်းမြို့က အသက်​ ၂၈ အရွယ် ​အမျိုးသား Lu ဟာ ၂၀၁၈ ခုနှစ် ​တုန်းက အွန်​လိုင်း​ပေါ်မှာ ဂိမ်း​ဆော့ရင်း ချစ်​သူဖြစ်​ခဲ့တဲ့ ချစ်​သူ​ကောင်​မ​လေးကို အပြင်​မှာ သွား​တွေ့ပြီးမှ ချစ်​သူ​ကောင်​မ​လေးရဲ့ အသက်​ လိမ်​လည်​​ ပြောဆိုမှု​ကြောင့်​ သက်​ငယ် ​မုဒိမ်းမှု နဲ့ ​ထောင်​ကျ သွားခဲ့တယ်​လို့ South China Morning Post သတင်းရဲ့​ဖော်​ပြမှုအရ သိရှိခဲ့ရ ပါတယ်​။

အွန်​လိုင်းချစ်​သူ​ ကောင်​မ​လေးက သူဟာ အသက်​ ၂၂ နှစ်​ အရွယ် ​ရှိပြီ ဖြစ်​​ကြောင်း လိမ်​လည်​​ပြောဆို ခဲ့တာဖြစ်​ပြီး ဒါကို အလွယ်​ ယုံကြည်​ခဲ့တဲ့ Lu ဟာ ​ကောင်​မ​လေးနဲ့ အပြင်​​တွေ့လို့ အတူ​နေပြီး ချိန်​မှ ​ကောင်​မ​လေးရဲ့အသက်​ဟာ ၁၂ နှစ်​သာ ရှိ​သေး ​ကြောင်း သိရှိခဲ့ ရတယ်​လို့ South China Morning Post ရဲ့ သတင်း​ဖော်​ပြမှုမှာ ​တွေ့ခဲ့ရ ပါတယ်​။

သူတို့နှစ်​ဦးဟာ အွန်​လိုင်းမှာ တစထက် ​တစ ချစ်​ကြိုးသွယ်​လို့ မက်​​ဆေ့ခ်ျ​​တွေ အပြန်​အလှန် ​ပို့ရင်း အွန်​လိုင်းချစ်​သူ​တွေ ဖြစ်​ခဲ့ကြပြီး Lu ဟာ ​ကောင်​မ​လေး ရှိရာ ​ဟောင်​​ကောင်​ကို သွားလည်​ ခဲ့​ကြောင်း၊ နှစ်​ရက်​ ဆက်​တိုက်​ အတူ​နေဖြစ်​ပြီး​ ဆက်​ဆံခဲ့ကြ ​ကြောင်း South China Morning Post သတငိးအရ သိရှိခဲ့ရပါတယ် ။

Lu နဲ့​ တွေ့ဆုံချိန်​ အစပိုင်းမှာ ​ကောင်​မ​လေးဟာ သူဟာ အသက် ​လိမ်​ပြီး​ပြော ခဲ့တာ ဖြစ်​​ကြောင်း၊ သူ့ရဲ့ အသက်​ဟာ အခုမှသာ ၁၈ နှစ် ​ပြည်​ခဲ့တာ ဖြစ်​​ကြောင်း ထပ်​မံ လိမ်​လည်​​ ပြောဆို ခဲ့​ကြောင်း၊ Lu ကို ​လေဆိပ် ​ပြန်​လိုက်​ပို့ချိန်​ မှသာ သူဟာ အသက်​ ၁၂ အရွယ်​သာ ရှိ​သေးတာ ဖြစ်​​ကြောင်း အကုန်​အစင် ​ဖွင့်​​ပြောခဲ့​ကြောင်း သိရှိရ ပါတယ်​။

Lu ဟာ သူ့ရဲ့ပြစ်​ဒဏ်​ကို မ​ရှောင်​လွှဲ ခဲ့ဘဲ ​ဟောင်​​ကောင်​မှာပဲ ဆက်​လက်​​ နေထိုင်​လို့ တရား ရင်​ဆိုင်​ခဲ့ပြီး ​ဟောင်​​ကောင်​နိုင်​ငံ ဥပ​ဒေအရ အသက်​ ၁၃ နှစ်​​အောက်​ မိန်းက​လေးနဲ့ ဆက်​ဆံမှု ပြုခဲ့တဲ့ အမှုနဲ့ စွဲချက်​ တင်​ခံခဲ့ရကာ သူဟာ​ ​ထောင်​ဒဏ်​ ၁၀ လ ကျခဲ့ဖို့ ဆုံးဖြတ်ခြင်း ခံခဲ့ရ​​​​တယ်​လို့ သိရှိရ ပါတယ်​။

တရားသူကြီး ကိုယ်​တိုင်​က Lu ရဲ့ ရိုးသားမှုကို လက်​ခံခဲ့ပြီး ​ကောင်​မ​လေးဟာ အရွယ်​နဲ့ မမျှ​အောင်​ လူကြီး ဆန်​​နေခဲ့ တာ​ကြောင့်​ Lu က အလွယ်​တကူ ယုံကြည်​ခဲ့တာ ဖြစ်​သလို ​ကောင်​မ​လေးကိုလဲ အမှန်​တကယ် ​ချစ်​မြတ်​နိုး ခဲ့တာဖြစ်​​ကြောင်း၊ အသက် ​မပြည့်​သူ က​လေးငယ်​မှန်း သိခဲ့ရင်​ Lu ဟာ လိင် ​မှု ကိစ္စကို ကျူးလွန်​ခဲ့မှာ မဟုတ်​​ကြောင်း ​ဖြေရှင်းချက်​​ ပေးခဲ့​ကြောင်း ​ဖော်​ပြမှု​တွေ အရ သိခဲ့ရပါတယ်​။

ခရစ်ဒက် — ApannPyay