ဝင်းနဲ့ ဇော်အတွက် မြန်မာ ဟက်ကာအဖွဲ့က ထိုင်းကို ဆိုက်ဘာစစ်ပွဲ တိုက်ခိုက်ရန် ကြေညာလိုက်ပြီ

လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာနိုင်ငံသား ဝင်းနဲ့ ဇော်ရဲ့ သေဒဏ်ကို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ပယ်ချ အတည်ပြုလိုက်ပြီးဖြစ်ပါတယ်… ဒီလိုဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိတဲ့အတွက် ထိုင်းနိုင်ငံကို ဆိုက်ဘာစစ်ပွဲ ဆင်နွှဲပြီး မတရားမှုတွေကို ကမ္ဘာသိအောင် ပြုလုပ်သွားမယ်လို့ Union Of Underground Myanmar Hacker အဖွဲ့ ကကြေညာခဲ့ပါတယ်…

ဝင်းနဲ့ ဇော်ကို ခိုင်မာတဲ့ သက်သေပြနိုင်မှုမရှိဘဲ လေးနှစ်ကြာဖမ်းဆီးထားခဲ့ပြီး နောက်ဆုံးအယူခံကိုပါ ပယ်ချခဲ့ပါတယ်… စတင်ဖမ်းဆီးစဉ်ကတည်းက ဒီလိုမတရားတဲ့ ပြစ်ဒဏ်အတွက် ဝင်းနဲ့ ဇော်အပေါ် မီဒီယာတွေရဲ့ ကာကွယ်ပေးမှုဟာ လုံလောက်မှု မရှိခဲ့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်…

ယခုနောက်ဆုံးအယူခံပယ်ချခံရပြီး ဒီအမိန့်ဟာ မတရားတဲ့အမိန့် ဖြစ်တယ်ဆိုတာ ကမ္ဘာသိအောင် ကြေညာပေးဖို့ မီဒီယာတွေကို အားကိုးလို့ မရနိုင်ဘူးလို့ ဆိုပါတယ်…

အဲဒီအတွက် Union Of Underground Myanmar Hacker (UGMH) လို့ခေါ်တဲ့ မြန်မာဟက်ကာတွေနဲ့ ဟက်ကင်းအဖွဲ့တွေ ပေါင်းစည်းထားတဲ့ ဟက်ကာအဖွဲ့ကြီးက ထိုင်းနိုင်ငံအပေါ်ကို ဆိုက်ဘာစစ်ပွဲဆင်နွှဲပြီးထိုင်းနိုင်ငံ Website တွေမှာ ထိုင်းနိုင်ငံရဲ့မတရားတဲ့လုပ်ရပ်တွေကို ဖော်ပြပြီး ကမ္ဘာကသိအောင်လုပ်သွားမယ်လို့ အဆိုပါ ကြေညာချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်…

ဒီတိုက်ခိုက်မှုတွေကို မကြာခင်မှာ စတင်ပြုလုပ်သွားမယ်လို့လည်း ပြောထားပါတယ်…. ကြေညာချက် အပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်….

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

Source : Myanmar Anonymous Hacking News