ကြည့်မိသူတိုင်းကို မျက်ရည်ကျစေတဲ့ “၀င်း နှင့် ဇော် အတွက် ကမ္ဘာမကျေဘူး ” သီချင်း (ရုပ်သံ )

လိပ်ကျွန်းလူသတ်မူနဲပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွေပြောင်းလူငယ်၂ဦးရဲ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်က သြဂုတ်လ၂၉ ရက်နေ့မှာပဲ သေဒဏ်အမိန့်ကို ပြန်ချမှတ်ခဲ့ပါတယ်

ဗြိတိန်သျှလူငယ်၂ဦး ဖြစ်တဲ့ Hannah Witheridge နဲ့ David Millerတို့ အသတ်ခံရတဲ့အမူနဲပတ်သက်လို့ မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်ကြောင်း နွန်ထဘူရီခရိုင်တရားရုံးမှာ ကြားနာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်ကတည်းက ၅ နှစ်နီးပါးကြာခဲ့ပြီဖြစ်တဲ့ ဒီအမူကို တရားခံ အကျိုးဆောင် တွေဘက်က တရားရုံးအဆင့်ဆင့်ကနေ ခုခံချေပမူတွေလုပ်ခဲ့ပေမဲ့သူတို့ ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ ကော့စမွေမြိုနယ် တရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီအမူနဲ့ပတ်သက်လို့ သတ်ဖြတ်မူ့ ကို မကျုးလွန်ခဲ့ကြောင်း နဲ့ လူသတ်လက်နက်မှာ တွေရတဲ့ DNAမှာ မြန်မာလူငယ်ရဲ့ အထောက်အထားများ ရှိမနေတဲ့အကြောင်း ပါဝင်တဲ့ နောက်ဆုံးအယူခံ တင်ထားခဲ့တာပါ။

မြန်မာသံရုံးဘက်ကတော့ ဥပဒေအကျိုးဆောင် ရှေ့နေဦးအောင်မျိုးသန့်နဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံမှူးကြီးလည်း တရားရုံးကို တက်ရောက်လာခဲ့ပြီး ဥပဒေအကျိုးဆောင် ရှေ့နေဦးအောင်မျိုးသန့်ကတော့ “ဒီလိုအမူကို စီရင်ချက်ချမဲ့ကိစ္စနဲ့ ပတ်သက်လို့ တပတ်ကြိုတင်ပြီး အကြောင်းကြားရမှာဖြစ်တဲ့အကြောင်းနဲ့ အခုလိုချမှတ်လိုက်တဲ့အတွက် မြန်မာသံရုံးနဲ့တရားခံ အကျိုးဆောင်တွေကတော့လူငယ် ၂ဦး ပြန်လည် လွတ်မြောက်ဖို့အတွက် နောက်ဆုံးအဆင့်အနေနဲ့ ထိုင်းဘုရင်ထံကို အသနားခံစာတင်ဖို့ ဆက်လုပ်သွားမှာဖြစ်တယ် လို့လည်း ပြောဆိုသွားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင်အပမ်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ် ၂ ဦးသတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကိုလူသတ်မူဖြစ်ပြီး ၂ပတ်ကျော်အကြာမှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မူ့ နဲ တရားစွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ ၂ ယောက်ကိုတော့ ၂၀၁၅ ခုနှစ်ကုန်မှာတော့ ထိုင်းနိုင်ငံကောစမွေတရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ဒီအမှုကို အယူခံပယ်ချခံလိုက်ရပြီး သေဒဏ် ချမှတ်ခံလိုက်တာကို သိရှိလိုက်ရတဲ့အခါ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ ကြိတ်မနိုင် ခဲမရ ခံစားကြရပြီး ၀င်း နှင့် ဇော် အတွက် များစွာ စိတ်မကောင်း ဖြစ်ကြရပါတယ်

ဒီသီချင်းလေးကတော့ ၀င်း နဲ့ ဇော်အတွက် “ကမ္ဘာမကျေဘူး” ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်. . .ကျနော်ကတော့ သီချင်းကို ကြည့်နေရင်းနဲ့ မျက်ရည်ကျမိပါတယ်ဗျာ

Video ကြည့်ရန်

Video Source : Sai Min Khant

မဟာ ခေတ်သစ်မီဒီယာ