ချစ်ဇနီးရဲ့ ပကာသနမပါတဲ့မွေးနေ့လက်ဆောင်ကြောင့် ပီတိဖြာခဲ့ရတဲ့ လင်းလင်း






Myint Myat

Source;Chit Thu Wai’s Facebook

zawgyi ချိုမြိန်လွန်းလှတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အရုပ်လေးတွေလို ချစ်စရာကောင်းတဲ့ အမြွာသမီးလေးနှစ်ဦးနဲ့အတူ အနုပညာအလုပ်တွေလုပ်ရင်း ဘဝကိုပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ခင်ပွန်းကို အရမ်းချစ်ပြီး လေးစားလွန်းတဲ့ ချစ်သုဝေကတော့ ဒီကနေ့ အောက်တိုဘာလ(၂) ရက်နေ့မှာ ကျရောက်တဲ့ ချစ်ခင်ပွန်း လင်းလင်းရဲ့ မွေးနေ့လေးအတွက် ခင်ပွန်းကြိုက်တဲ့ ဟင်းတွေရယ် ချက်ကျွေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ ဘာပကာသနမှမပါတဲ့ ချစ်ဇနီးရဲ့မွေးနေ့လက်ဆောင်ကြောင့် မွေးနေ့ရှင် လင်းလင်းကတစ်ယောက် အရမ်းကို ကျေနပ်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို အားကျစရာကောင်းတဲ့ Romantic ဆန်ဆန် အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အရမ်းကို အလိုက်သိပြီး ချစ်စရာကောင်းတဲ့ ဇနီးချောလေး ချစ်သုဝေကတော့ “ကိုယ်လည်းဒါပဲပေးနိုင်တယ် ချစ်ပါ ဒီထက်ပိုချစ်ပါ နူးညံ့ပါ ပျော့ပျောင်းပါ(ပလာတူးအပြောအရဆို အပိုတွေလုပ်ပါပေါ့အေ)မွေးနေ့ရှင်ပလာတူးအတွက် 2nd postနော်!! လက်ဆောင်တွေကတော့ပေးတာ ၂ခါတောင်ရှိပြီ ဆိုတော့..ဟဲဟဲ🥳😝😜🤩ဒါပဲပြောမယ် ဟဲဟဲ” ဆိုပြီး ခင်ပွန်းကြိုက်တဲ့ ဟင်းတွေချက်ပြီး မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ချစ်ဇနီးလေးက မေတ္တာတွေအပြည့်နဲ့ ချက်ထားပေးတဲ့ ဟင်းတွေကို သဘောကျနေတဲ့ လင်းလင်း…။

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီးလေးတွေရဲ့နာမည်နဲ့လည်းငွေကြေးမတတ်နိုင်တဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေးအတွက်ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပါသေးတယ်နော်။ ချစ်ပရိသတ်တွေလည်း ခင်ပွန်းကို အရမ်းချစ်တတ်လွန်းတဲ့ ချစ်သုဝေရဲ့လက်ဆောင်လေးကို သဘောကျရင်Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat

Source;Chit Thu Wai’s Facebook