ဖုန္းနဲ႔ သီခ်င္းနားေထာင္ရင္း အိပ္ေပ်ာ္သြားတဲ့ မိန္းကေလး ရင္ကြဲစရာျဖစ္ပြား

အသက္(၁၄)ႏွစ္သာရွိေသးတဲ့ Alua Asetkyzy Abzalbek အမည္ရ ေကာင္မေလးဟာ ဖုန္းနဲ႔သီခ်င္းနားေထာင္ရင္း အိပ္ေပ်ာ္သြားစဥ္၊ ဖုန္းက အပူလြန္ကဲၿပီး ေပါက္ကြဲခဲ့ေၾကာင္း သိရပါတယ္။ Alua ဟာ ကာဇက္စတန္ႏုိင္ငံ၊ Bastobe မွာ ေနထုိင္ပါတယ္။

ဒီအေၾကာင္းကို DailyStar သတင္းမွာ ေဖာ္ျပထားတာျဖစ္ၿပီး၊ ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ တင္ဆက္လုိက္တာပါ။ သတင္းမွာ ေဖာ္ျပခ်က္အရေတာ့ Alua ဟာ ဖုန္းကို အားသြင္းလွ်က္တန္းလန္း၊ ေခါင္းအုံးေပၚမွာ တင္ထားေၾကာင္း၊ ဒီလုိပဲ သီခ်င္းနားေထာင္ရင္လည္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဖုန္းဟာ Alua ရဲ႕ ဦးေခါင္းအနီးမွာကပ္ၿပီး၊ ျပင္းထန္စြာ ေပါက္ကြဲခဲ့တာေၾကာင့္ သူမဟာ ဦးေခါင္းထိခုိက္ဒဏ္ရာ ျပင္းထန္စြာရရွိခဲ့ၿပီး၊ အခင္းျဖစ္ေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လုိ႔ သိရပါတယ္။ ေပါက္ကြဲသံေၾကာင့္ မိဘေတြ အျမန္ေရာက္သြားေပမယ့္ သမီးကို မကယ္တင္ႏုိင္ခဲ့ပါဘူး။

ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ ဖုန္းအမ်ိဳးအစားကိုေတာ့ သတင္းမွာ ထုတ္ေဖာ္ေရးသားျခင္း မရွိပါဘူး။ Alua ေသဆုံးမႈေၾကာင္း မိဘေတြ၊ သူငယ္ခ်င္းေတြက အလြန္ဝမ္းနည္းခဲ့ၾကပါတယ္။ သူမရဲ႕အခင္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ Ayazhan Dolasheva က သူမရဲ႕ လူမႈကြန္ရက္ေပၚမွာ-

“အျဖစ္အပ်က္က ျမန္ဆန္လြန္းတယ္ သူငယ္ခ်င္းေရ … ထင္လည္း ထင္မထားဘူး … ငါတုိ႔က ငယ္ငယ္ကတည္းက အတူတူ ႀကီးျပင္းလာၾကတာ … မင္းမရွိဘဲ ငါ ဘယ္လုိေရွ႕ဆက္မွာလဲ … ငါ့ကို ထာဝရခြဲခြာသြားခဲ့ၿပီလား မင္းကို အရမ္းသတိရေနမယ္ “လုိ႔ ေရးခဲ့ပါတယ္။

နတ္သူႀကီး APANNPYAY

APANNPYAY ၏ ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ကူးယူေဖာ္ျပပါသည္။

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၁၄)နှစ်သာရှိသေးတဲ့ Alua Asetkyzy Abzalbek အမည်ရ ကောင်မလေးဟာ ဖုန်းနဲ့သီချင်းနားထောင်ရင်း အိပ်ပျော်သွားစဉ်၊ ဖုန်းက အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ Alua ဟာ ကာဇက်စတန်နိုင်ငံ၊ Bastobe မှာ နေထိုင်ပါတယ်။

ဒီအကြောင်းကို DailyStar သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန် တင်ဆက်လိုက်တာပါ။ သတင်းမှာ ဖော်ပြချက်အရတော့ Alua ဟာ ဖုန်းကို အားသွင်းလျှက်တန်းလန်း၊ ခေါင်းအုံးပေါ်မှာ တင်ထားကြောင်း၊ ဒီလိုပဲ သီချင်းနားထောင်ရင်လည်း တန်းလန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းဟာ Alua ရဲ့ ဦးခေါင်းအနီးမှာကပ်ပြီး၊ ပြင်းထန်စွာ ပေါက်ကွဲခဲ့တာကြောင့် သူမဟာ ဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး၊ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲသံကြောင့် မိဘတွေ အမြန်ရောက်သွားပေမယ့် သမီးကို မကယ်တင်နိုင်ခဲ့ပါဘူး။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖုန်းအမျိုးအစားကိုတော့ သတင်းမှာ ထုတ်ဖော်ရေးသားခြင်း မရှိပါဘူး။ Alua သေဆုံးမှုကြောင်း မိဘတွေ၊ သူငယ်ချင်းတွေက အလွန်ဝမ်းနည်းခဲ့ကြပါတယ်။ သူမရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Ayazhan Dolasheva က သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ-

“အဖြစ်အပျက်က မြန်ဆန်လွန်းတယ် သူငယ်ချင်းရေ … ထင်လည်း ထင်မထားဘူး … ငါတို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာ … မင်းမရှိဘဲ ငါ ဘယ်လိုရှေ့ဆက်မှာလဲ … ငါ့ကို ထာဝရခွဲခွာသွားခဲ့ပြီလား မင်းကို အရမ်းသတိရနေမယ် “လို့ ရေးခဲ့ပါတယ်။

နတ်သူကြီး APANNPYAY