အဝတ်အစား ဝတ်ဆင်မှု ပုံစံနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (14) ချက်

“ကပေကရေ အဝတ်အစားတွေကို ဝတ်တဲ့အခါ လူတွေက အဝတ်အစားတွေကို သတိထားမိပါလိမ့်မယ် ။ ကြော့ကြော့မော့မော့ ဝတ်တဲ့အခါ လူတွေက သင့်ကို သတိထားမိလိမ့်မယ်”လို့ Coco Chanelက ပြောပါတယ် ။ အဝတ်အစားကလည်း လူတစ်ယောက်ရဲ့ ပုံရိပ်အတွက် အလွန်အရေးကြီးပါတယ် ။ တစ်ယောက်ယောက်နဲ့ ပထမဆုံးအကြိမိ တွေ့မယ်ဆိုရင် ပိုလို့တောင် အရေးကြီးပါသေးတယ် ။

1.ကုတ်ရဲ့ အလယ်ကြယ်သီးတွေကို အမြဲ တပ်ထားသင့်ပါတယ် ။ အပေါ်ကြယ်သီးကိုတော့ မတပ်ချင်ရင်လည်း ရပါတယ် ။ အောက်ကြယ်သီးကိုတော့ ဘယ်တော့မှ မတပ်ထားသင့်ပါဘူး ။

2. ရှပ်ကို ဝတ်တာပဲဖြစ်ဖြစ် ၊ ဘလောက်စ်ကို ဝတ်တာပဲဖြစ်ဖြစ် ကြယ်သီး နှစ်လုံးထက်ပိုပြီး မဖြုတ်သင့်ပါဘူး ။

3. နားကပ်ကို လက်ကောက် ၊ ဆွဲကြိုး ၊ လက်စွပ်တို့နဲ့ ဆင်တူဝတ်တာက သိပ် ကြည့်မလှပါဘူး ။ 4 မျိုးဝတ်ရင် 3 မျိုးလောက် ဆင်တူတာက ကြည့်ကောင်းပါတယ် ။

4. နက်တိုင်ရဲ့ အစွန်းက ခါးပေါ်မှာ အနည်းငယ် ရှိနေသင့်ပါတယ် ။

5. Miniskirt ဒါမှမဟုတ် ရင်ဟိုက်တဲ့ ဝတ်စုံကို ရွေးဝတ်ပါ ။ skirt က တိုပြီး ရင် ဟိုက်နေတဲ့အခါ အမြင် ရိုင်းစေပါတယ် ။

6. ရှပ်အပေါ်မှာ ကုတ်ထပ် မဝတ်တော့ဘူးဆိုရင် နက်တိုင် စည်းစရာ မလိုတော့ပါဘူး ။

7. ရုံးမှာဝတ်တဲ့ ရှပ်က လည်ပင်း ညှပ်ရိုးရဲ့အောက် 4 လက်မထက် ပိုပြီး မဟိုက်သင့်ပါဘူး ။

8. ရှပ်ဝတ်တဲ့အခါ ခါးပတ် ပတ်သင့်ပါတယ် ။

9. ရင်ကွဲ သိုးမွှေးအက်ျီ နဲ့ ဂျင်းဘောင်းဘီကြားမှာ အသားကို မဖော်ထားသင့်ပါဘူး ။

10. ခါးပတ်ကို ဖိနပ်နဲ့ အရောင်တူတာကို ရွေးပါ ။

11. အက်ျီပေါ်က တံဆိပ်တွေ အားလုံးကို ခွာပြီးမှ ဝတ်ပါ ။

 

12. အပွင့်တွေ အများကြီးပါတာက ကြည့်မလှပါဘူး ။ အပွင့်တွေ အများကြီး ပါတာကို ဝတ်ချင်ရင် အရောင် သိပ်မကွဲတာကို ရွေးသင့်ပါတယ် ။

13.ထိုင်နေတဲ့အခါ ခြေထောက်အသားကို မမြင်ရအောင်အထိ ခြေအိတ်ကို ရှည်ရှည် ဝတ်သင့်ပါတယ် ။

14. ရုံးတက်တဲ့အခါ ပုခုံးဖုံးတဲ့ အက်ျီကိုသာ ဝတ်သင့်ပါတယ် ။ အက်ျီလက်လည်းမပါ ၊ ပုခုံးလည်း မြင်နေရတဲ့ အက်ျီက အပြင် ထွက်လည်တဲ့အခါ အဆင်ပြေပါတယ် ။

Zombie ( Love အတိုစလေးများ )

Credit; Love အတိုစလေးများ

Unicode
















