သနားစဖြယ္ ေတာဆင္ရိုင္းႀကီး ရထားနဲ႔ တိုက္မိထားတဲ့ (႐ုပ္သံ)

အိႏၵိယနိုင္ငံ၊ အေနာက္ဘန္ေဂါလ္ျပည္နယ္က ရထားသံလမ္းပိုင္းတစ္ခုမွာ ရထားလမ္းကို ျဖတ္ကူးတဲ့ ဆင္တစ္ေကာင္ဟာ ရထားနဲ႔ ဆိုးဆိုးရြားရြား တိုက္မိခဲ့တာေၾကာင့္ ဆင္ႀကီးဟာ ဆိုးဆိုးရြားရြား ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ ဒီအေၾကာင္းကို WorldOfBuzz က ေဖာ္ျပထားတာပါ။

အဲဒီသတင္းကို ApannPyay က ဘာသာျပန္တင္ဆက္လိုက္တာ ျဖစ္ပါတယ္။ အဲဒီေတာဆင္ရိုင္းႀကီးႀကီးဟာ ေျခေထာက္ေတြ သြင္သြင္က်ိဳးသြားခဲ့ပါတယ္။ သူဟာ သံလမ္းေပၚကေန ဒယီးဒယိုင္ ေလၽွာက္လမ္းက လြတ္ေအာင္ႀကိဳးစားေနရွာတာကိုလည္း ေတြ႕ရပါတယ္။

အခင္းျဖစ္ရာေနရာကေတာ့ Banarhat နဲ႔ Nagrakata နယ္ေျမၾကားက Jalpaiguri ခရိုင္မွာျဖစ္ၿပီး၊ ယခင္ကလည္း ေတာဆင္ရိုင္းေတြကို ရထားေတြ ကားေတြနဲ႔ မၾကာခဏတိုက္မိၿပီး မေတာ္တဆမႈျဖစ္ခဲ့တာ အႀကိမ္ႀကိမ္ရွိခဲ့ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ တစ္ျခားတိရစၧာန္ေတြလည္း ေသဆုံးမႈေတြ ရွိခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ စက္တင္ဘာ (၂၇)ရက္၊ မနက္ (၈.၃၀)မွာ ျဖစ္ခဲ့တာပါ။ ဆင္ႀကီးဟာ ရထားေရွ႕ကေန မီတာ(၃၀)အကြာေလာက္အထိ ဒရြတ္ပါလာခဲ့တယ္လို႔ သိရပါတယ္။ ရထားစက္လည္း ခ်ိဳ႕ယြင္းသြားလို႔၊ အဲဒီလမ္းပိုင္းကို တစ္ေန႔တာ ယာယီပိတ္စို႔ခဲ့ရပါတယ္။ ဆင္ႀကီးကို သစ္ေတာအဖြဲ႕က ေဆးကု ေပး/မေပး သတင္းမွာ ေဖာ္ျပမထားပါဘူး။

နတ္သူႀကီး APANNPYAY

APANNPYAY ၏ ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ ကူးယူေဖာ္ျပပါသည္။

Unicode

အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါလ်ပြည်နယ်က ရထားသံလမ်းပိုင်းတစ်ခုမှာ ရထားလမ်းကို ဖြတ်ကူးတဲ့ ဆင်တစ်ကောင်ဟာ ရထားနဲ့ ဆိုးဆိုးရွားရွား တိုက်မိခဲ့တာကြောင့် ဆင်ကြီးဟာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားတာပါ။

အဲဒီသတင်းကို ApannPyay က ဘာသာပြန်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီတောဆင်ရိုင်းကြီးကြီးဟာ ခြေထောက်တွေ သွင်သွင်ကျိုးသွားခဲ့ပါတယ်။ သူဟာ သံလမ်းပေါ်ကနေ ဒယီးဒယိုင် လျှောက်လမ်းက လွတ်အောင်ကြိုးစားနေရှာတာကိုလည်း တွေ့ရပါတယ်။

အခင်းဖြစ်ရာနေရာကတော့ Banarhat နဲ့ Nagrakata နယ်မြေကြားက Jalpaiguri ခရိုင်မှာဖြစ်ပြီး၊ ယခင်ကလည်း တောဆင်ရိုင်းတွေကို ရထားတွေ ကားတွေနဲ့ မကြာခဏတိုက်မိပြီး မတော်တဆမှုဖြစ်ခဲ့တာ အကြိမ်ကြိမ်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် တစ်ခြားတိရစ္ဆာန်တွေလည်း သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ (၂၇)ရက်၊ မနက် (၈.၃၀)မှာ ဖြစ်ခဲ့တာပါ။ ဆင်ကြီးဟာ ရထားရှေ့ကနေ မီတာ(၃၀)အကွာလောက်အထိ ဒရွတ်ပါလာခဲ့တယ်လို့ သိရပါတယ်။ ရထားစက်လည်း ချို့ယွင်းသွားလို့၊ အဲဒီလမ်းပိုင်းကို တစ်နေ့တာ ယာယီပိတ်စို့ခဲ့ရပါတယ်။ ဆင်ကြီးကို သစ်တောအဖွဲ့က ဆေးကု ပေး/မပေး သတင်းမှာ ဖော်ပြမထားပါဘူး။

နတ်သူကြီး APANNPYAY