ပုလောမြို့နယ်၌ မိုးကြိုးထိမှန်၍ အောင်စကြာစေတီတော်ကြီး ထီးတော်မြေခ….

Thursday,October 3, 2019 / ပုလောမြို့နယ်၌ မိုးကြိုးထိမှန်၍ အောင်စကြာစေတီတော်ကြီး ထီးတော်မြေခ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးများပစ်သောကြောင့် အမှတ်(၅) နယ်မြေပိုင်၊ ကျောက်စုရပ်၊ မိန်းမလှ တောင်ပေါ်ရှိ အောင်စကြာ စေတီတော်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။

မိန်းမလှတောင် မိုးကြိုးထိမှန်သည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ ပထမအကြိမ်တွင် စေတီတော်အနီးရှိ ဘုန်းတော်ကြီးကျောင်းကိုထိမှန်ခဲ့ပြီး ဒုတိယအကြိမ်တွင် စေတီတော် ရင်ပြင်ကို ထိမှန်ပျက်စီးခဲ့ကာ တတိယအကြိမ်တွင် စေတီတော်အလယ်ပစ္စယံ ဌာပနာတိုက်အား ထိမှန်ခဲ့ပြီး စေတီတော်မြေခ ခဲ့ကြောင်း သီတင်းသုံးနေထိုင်နေသော ဆရာတော် ဦးဃောတိတထံမှ သိရသည်။

အဆိုပါ မိန်းမလှတောင်သည် တောင်ခြေမှ တောင်အပေါ်ထိ ခန့်မှန်းခြေ ပေ ၄ဝဝ ကျော် မြင့်မားကြောင်း ဒေသခံများထံမှ သိရှိရသည်။ မိုးကြိုးထိမှန်မှုကြောင့် အောင်စကြာစေတီတော် အလယ်ပစ္စယံ ဌာပနာတိုက်ကို ထိမှန်ခဲ့ပြီး ရှေးဟောင်းဘုရားများနှင့် ဌာပနာပစ္စည်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအားအပ်နှံပြီး ဘုရားစေတီတော်ကြီးအား ပြန်လည်မွမ်းမံ မည်ဖြစ်ကြောင်း သိရသည်။

ထူးဝေယံ(ပြန်/ဆက်) #ပုလောမြို့နယ် #မိုးကြိုးထိမှန် #အာင်စကြာစေတီတော်ကြီး #ထီးတော်မြေခ

<<Zawgyi>>

Thursday,October 3, 2019 / ပုေလာၿမိဳ႕နယ္၌ မိုးႀကိဳးထိမွန္၍ ေအာင္စၾကာေစတီေတာ္ႀကီး ထီးေတာ္ေျမခ

တနသၤာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္၌ ေအာက္တိုဘာ ၂ ရက္ေန႔ ည ၁၀ နာရီခန္႔တြင္ မိုးသည္းထန္စြာ႐ြာသြန္း၍ မိုးႀကိဳးမ်ားပစ္ေသာေၾကာင့္ အမွတ္(၅) နယ္ေျမပိုင္၊ ေက်ာက္စုရပ္၊ မိန္းမလွ ေတာင္ေပၚရွိ ေအာင္စၾကာ ေစတီေတာ္ႀကီး ထိမွန္ခဲ့ေၾကာင္း သိရသည္။

မိန္းမလွေတာင္ မိုးႀကိဳးထိမွန္သည္မွာ သုံးႀကိမ္ရွိၿပီျဖစ္ေၾကာင္း၊ ပထမအႀကိမ္တြင္ ေစတီေတာ္အနီးရွိ ဘုန္းေတာ္ႀကီးေက်ာင္းကိုထိမွန္ခဲ့ၿပီး ဒုတိယအႀကိမ္တြင္ ေစတီေတာ္ ရင္ျပင္ကို ထိမွန္ပ်က္စီးခဲ့ကာ တတိယအႀကိမ္တြင္ ေစတီေတာ္အလယ္ပစၥယံ ဌာပနာတိုက္အား ထိမွန္ခဲ့ၿပီး ေစတီေတာ္ေျမခ ခဲ့ေၾကာင္း သီတင္းသုံးေနထိုင္ေနေသာ ဆရာေတာ္ ဦးေဃာတိတထံမွ သိရသည္။

အဆိုပါ မိန္းမလွေတာင္သည္ ေတာင္ေျခမွ ေတာင္အေပၚထိ ခန္႔မွန္းေျခ ေပ ၄၀ဝ ေက်ာ္ ျမင့္မားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ မိုးႀကိဳးထိမွန္မႈေၾကာင့္ ေအာင္စၾကာေစတီေတာ္ အလယ္ပစၥယံ ဌာပနာတိုက္ကို ထိမွန္ခဲ့ၿပီး ေရွးေဟာင္းဘုရားမ်ားႏွင့္ ဌာပနာပစၥည္းမ်ားအား ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအားအပ္ႏွံၿပီး ဘုရားေစတီေတာ္ႀကီးအား ျပန္လည္မြမ္းမံ မည္ျဖစ္ေၾကာင္း သိရသည္။

ထူးေဝယံ(ျပန္/ဆက္) #ပုေလာၿမိဳ႕နယ္ #မိုးႀကိဳးထိမွန္ #အာင္စၾကာေစတီေတာ္ႀကီး #ထီးေတာ္ေျမခ

Be the first to comment

Leave a Reply

Your email address will not be published.


*