ရိုးသားတဲ့ မြန်မာပြည်က အငှါးယာဉ်မောင်းရဲ့ စေတနာအကျိုးပေး

ဖေ့စ်ဘွတ်ခ်ပေါ်မှာ အကောင့်ပိုင်ရှင် Justin Htet Paing တင်ပြမျှ ဝေထားတဲ့ပို့စ်တစ်ခုကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ တစ်ဦးမေတ္တာ တစ်ဦးစေတနာ ဆိုတဲ့ မြန်မာလူမျိုးတို့ရဲ့ စိတ်ဓာတ်မွန်လေးကို ဖော်ပြပေးခဲ့ပြတဲ့ ကျေနပ်ပီတိစရာ ဖြစ်ရပ်လေးပါပဲ။ ရိုးသားတဲ့ မြန်မာပြည်က အငှါးယာဉ်မောင်းရဲ့ စေတနာအကျိုးပေးအကြောင်းကို တင်ဆက်ပေးပါရစေ ApannPyay ချစ်ပရိသတ်ကြီးတို့ရေ။

ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် Justin Htet Paing တင်ပြထားခဲ့တဲ့ ဖြစ်စဉ်က ဒီလိုပါ။

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က Myanmar Plaza ကို တက္ကစီငှားရမ်းစီးနင်းသွားခဲ့ပြီးနောက် အဲ့ဒီတက္ကစီ ကားပေါ်မှာ သူ့ရဲ့ တန်ဖိုးကြီးဖုန်းကို မေ့ကျန်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

 

သူ သတိရလာချိန် သူ့ရဲ့ဖုန်းကိုပြန်ခေါ်ပြီး ဖုန်းဆက်တဲ့အခါမှာတော့ အငှါးယာဉ်မောင်း ကိုကျော်သူရ ဆိုသူဟာ Myanmar Plaza အထိ အရောက်ပြန်လာခဲ့ပြီး ရိုးသားစွာနဲ့ ခရီးသည် မေ့ကျန်ခဲ့တဲ့ ဖုန်းကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စိတ်နှလူံးထားလှတဲ့ ကိုကျော်သူရဟာ BB-2841 Probox ဆိုတဲ့ အငှါးယာဉ်ကိုမောင်းနေတယ်လို့ သိရပြီး ရွှေပြည်သာမှာနေထိုင်နေသူဖြစ်ကြောင်း ဆိုပါတယ်။

သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေတစ်သိန်းပေးတာမယူတဲ့အတွက် ကို Justin က အတင်းပေးလိုက်တဲ့အကြောင်း၊ ကိုကျော်သူရရဲ့ရိုးသားတဲ့စိတ်ဓာတ်ကို လေးစားစွာနဲ့ အသိအမှတ်ပြုရကြောင်းကိုပါ မျှဝေရေးသားထားပါတယ်။

 

ရှားပါးတဲ့ စိတ်ဓာတ်နဲ့ ရိုးသားမှုကို ပိုင်ဆိုင်ထားပြီး စိတ်နှလူံးထားလှပတဲ့ ကိုကျော်သူရကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေကလည်း ချီးကျူးပြောဆိုနေကြတာတွေကိုလည်း အခုလိုတွေ့ ခဲ့ရပါတယ်။

“​လေးစားလိုက်​တာ သူ့လိုလူ​တွေ အများကြီးရှိရင်​​ကောင်​းမယ်​

ရချင်​လို့. ရိုက်​လု ဓားနဲ့ထိုးလုလု​နေကြတာ ရိုးသားစွာပြန်​​ပေးတာ ချီးကြူးပါတယ်​

ရိုးသားမှုကြောင့်ရ ရှိတဲ့ငွေတစ်သိန်းကအဆပေါင်းများစွာတန်ဖိုးရှိတာပါ

၂ ယောက်လုံးကိုလေးစားပါတယ် ရိုးသားသူရော ရိုးသားမှူကို ချီးမြောက်တဲ့သူရော စေတနာအကျိုးပေးပါစေ

အ​ကို​ရေအခုဖုန်​းကိုအမြဲကိုင်​ထားပါရန်​ကုန်​​ရောက်​ရင်​အကိုကားကိုစီချင်​လို့ ​ရွှေထက်​ရှားတယ်​ ​စေတနာအကျိုး​ပေးပါ​စေဗျာ

ရိုးသားတဲ့ အငှါးယာဉ်မောင်းအား လေးစားမိပါတယ်

ဒီခေါတ်ကြီးမှာလေးစားလောက်ပါရဲ့ဗျာရှားသွားပြီ ပြန်​​ပေးတဲ့သူကရိုးသားသူ ​ငွေ​ပေးတဲ့လူက​ကျေးဇူးသိတက်​တဲ့လူ​ပေါ့

ယာဉ်မောင်းရော ဖုန်းပိုင်ရှင်ရောကို နှစ်ယောက်လုံးကို လေးစား ဂုဏ်ယူပါတယ် ဗျာ တစ်ဦးမေတ္တာ တစ်ဦးစေတနာပေါ့ဗျာ အချို့သော ဖုန်းပိုင်ရှင်တွေက သူတို့ပစ္စည်းတာ ပြန်သွားပေးရတယ် သွားပို့ပေးတဲ့ ကားခလောက်တောင် မပေးချင်ကြဘူး ယခု ဖုန်းပိုင်ရှင် အကိုကိုယ်တော့ တကယ်လေးစားပါတယ် ဗျာ”

အစရှိတဲ့ အားပေးဂုဏ်ပြုမှု ကွန်မန့်ရေးသားမှုဝေဆာနေခဲ့ပြီး တစ်ဦးမေတ္တာ တစ်ဦးစေတနာအဖြစ် ပြန်​​ပေးတဲ့သူကရိုးသားသူ ​ငွေ​ပေးတဲ့လူက​ကျေးဇူးသိတက်​တဲ့လူပဲပေါ့လေ လို့ နှစ်ဦးစလုံးအပေါ် ချီးမွမ်းဂုဏ်ယူနေခဲ့ကြတာဟာ မြင်တွေ့ရသူတို်င်းအတွက် ကြည်နူးနှစ်သိမ့်စရာ ဖြစ်စေခဲ့ရပါတယ်။

ကိုကျော်သူရ လို လူမျိုးရဲ့ အငှါးယာဉ်ကိုမှ စိတ်လုံခြုံစွာစီးပြီး ခရီးသွားလာချင်ပါတယ်ဆိုသူတွေအတွက်လည်း သူရဲ့ ဖုန်းနံပါတ်လေးကိုပါ ဖော်ပြပေးပါရစေ။

#ကိုကျော်သူရ 09772772897

EFIL-ApannPyay Source Justin Htet Paing FB

(Zawgyi)

႐ိုးသားတဲ့ ျမန္မာျပည္က အငွါးယာဥ္ေမာင္းရဲ႕ ေစတနာအက်ိဳးေပး

ေဖ့စ္ဘြတ္ခ္ေပၚမွာ အေကာင့္ပိုင္ရွင္ Justin Htet Paing တင္ျပမ်ွ ေဝထားတဲ့ပို့စ္တစ္ခုကို ေတြ႕႐ွိခဲ့ရတာျဖစ္ပါတယ္။ တစ္ဦးေမတၲာ တစ္ဦးေစတနာ ဆိုတဲ့ ျမန္မာလူမ်ိဳးတို႔ရဲ႕ စိတ္ဓာတ္မြန္ေလးကုိ ေဖာ္ျပေပးခဲ့ျပတဲ့ ေက်နပ္ပီတိစရာ ျဖစ္ရပ္ေလးပါပဲ။ ႐ိုးသားတဲ့ ျမန္မာျပည္က အငွါးယာဥ္ေမာင္းရဲ႕ ေစတနာအက်ိဳးေပးအေၾကာင္းကို တင္ဆက္ေပးပါရေစ ApannPyay ခ်စ္ပရိသတ္ႀကီးတို႔ေရ။

ေဖ့စ္ဘြတ္ခ္အေကာင့္ပုိင္႐ွင္ Justin Htet Paing တင္ျပထားခဲ့တဲ့ ျဖစ္စဥ္က ဒီလိုပါ။

သူဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၃၀ ရက္ေန႔က Myanmar Plaza ကို တကၠစီငွားရမ္းစီးနင္းသြားခဲ့ၿပီးေနာက္ အဲ့ဒီတကၠစီ ကားေပၚမွာ သူ႕ရဲ႕ တန္ဖိုးႀကီးဖုန္းကို ေမ့က်န္ခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

သူ သတိရလာခ်ိန္ သူ႕ရဲ႕ဖုန္းကိုျပန္ေခၚၿပီး ဖုန္းဆက္တဲ့အခါမွာေတာ့ အငွါးယာဥ္ေမာင္း ကိုေက်ာ္သူရ ဆိုသူဟာ Myanmar Plaza အထိ အေရာက္ျပန္လာခဲ့ၿပီး ႐ိုးသားစြာနဲ႔ ခရီးသည္ ေမ့က်န္ခဲ့တဲ့ ဖုန္းကို ျပန္လည္ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။

စိတ္ႏွလံူးထားလွတဲ့ ကိုေက်ာ္သူရဟာ BB-2841 Probox ဆိုတဲ့ အငွါးယာဥ္ကိုေမာင္းေနတယ္လို႔ သိရၿပီး ေရႊျပည္သာမွာေနထိုင္ေနသူျဖစ္ေၾကာင္း ဆိုပါတယ္။

သူ႕ကို ေက်းဇူးဆပ္တဲ့အေနနဲ႔ ေငြတစ္သိန္းေပးတာမယူတဲ့အတြက္ ကို Justin က အတင္းေပးလိုက္တဲ့အေၾကာင္း၊ ကိုေက်ာ္သူရရဲ့ရိုးသားတဲ့စိတ္ဓာတ္ကို ေလးစားစြာနဲ့ အသိအမွတ္ျပဳရေၾကာင္းကိုပါ မ်ွေဝေရးသားထားပါတယ္။

႐ွားပါးတဲ့ စိတ္ဓာတ္နဲ႔ ႐ိုးသားမႈကို ပိုင္ဆိုင္ထားၿပီး စိတ္ႏွလံူးထားလွပတဲ့ ကိုေက်ာ္သူရကို ေဖ့စ္ဘြတ္ခ္အသုံးျပဳသူေတြကလည္း ခ်ီးက်ဴးေျပာဆိုေနၾကတာေတြကိုလည္း အခုလိုေတြ႕ ခဲ့ရပါတယ္။

“​ေလးစားလိုက္​တာ သူ႔လိုလူ​ေတြ အမ်ားႀကီး႐ွိရင္​​ေကာင္​းမယ္​

ရခ်င္​လို႔. ႐ိုက္​လု ဓားနဲ႔ထိုးလုလု​ေနၾကတာ ႐ိုးသားစြာျပန္​​ေပးတာ ခ်ီးၾကဴးပါတယ္​

ရိုးသားမႈေျကာင့္ရ ရွိတဲ႕ေငြတစ္သိန္းကအဆေပါင္းမ်ားစြာတန္ဖိုးရွိတာပါ

၂ ေယာက္လံုးကိုေလးစားပါတယ္ ရုိးသားသူေရာ ရုိးသားမွူကို ခ်ီးေျမာက္တဲ႔သူေရာ ေစတနာအက်ိဳးေပးပါေစ

အ​ကုိ​ေရအခုဖုန္​းကုိအျမဲကုိင္​ထားပါရန္​ကုန္​​ေရာက္​ရင္​အကုိကားကုိစီခ်င္​လုိ႔ ​ေရႊထက္​႐ွားတယ္​ ​ေစတနာအက်ိဳး​ေပးပါ​ေစဗ်ာ

႐ိုးသားတဲ့ အငွါးယာဥ္ေမာင္းအား ေလးစားမိပါတယ္

ဒီေခါတ္ႀကီးမွာေလးစားေလာက္ပါရဲ႕ဗ်ာ႐ွားသြားၿပီ ျပန္​​ေပးတ့ဲသူကရုိးသားသူ ​ေငြ​ေပးတ့ဲလူက​ေက်းဇူးသိတက္​တ့ဲလူ​ေပါ့

ယာဥ္ေမာင္းေရာ ဖုန္းပိုင္ရွင္ေရာကို ႏွစ္ေယာက္လံုးကို ေလးစား ဂုဏ္ယူပါတယ္ ဗ်ာ တစ္ဦးေမတၲာ တစ္ဦးေစတနာေပါ့ဗ်ာ အခ်ဳိ႔ေသာ ဖုန္းပိုင္ရွင္ေတြက သူတို႔ပစၥည္းတာ ျပန္သြားေပးရတယ္ သြားပို့ေပးတဲ႔ ကားခေလာက္ေတာင္ မေပးခ်င္ျကဘူး ယခု ဖုန္းပိုင္ရွင္ အကိုကိုယ္ေတာ့ တကယ္ေလးစားပါတယ္ ဗ်ာ”

အစ႐ွိတဲ့ အားေပးဂုဏ္ျပဳမႈ ကြန္မန္႔ေရးသားမႈေဝဆာေနခဲ့ၿပီး တစ္ဦးေမတၲာ တစ္ဦးေစတနာအျဖစ္ ျပန္​​ေပးတ့ဲသူကရုိးသားသူ ​ေငြ​ေပးတ့ဲလူက​ေက်းဇူးသိတက္​တ့ဲလူပဲေပါ့ေလ လို႔ ႏွစ္ဦးစလံုးအေပၚ ခ်ီးမြမ္းဂုဏ္ယူေနခဲ့ၾကတာဟာ ျမင္ေတြ႕ရသူတို္င္းအတြက္ ၾကည္ႏူးႏွစ္သိမ့္စရာ ျဖစ္ေစခဲ့ရပါတယ္။

ကိုေက်ာ္သူရ လို လူမ်ိဳးရဲ႕ အငွါးယာဥ္ကိုမွ စိတ္လံုျခံဳစြာစီးၿပီး ခရီးသြားလာခ်င္ပါတယ္ဆိုသူေတြအတြက္လည္း သူရဲ့ ဖုန္းနံပါတ္ေလးကိုပါ ေဖာ္ျပေပးပါရေစ။

#ကိုေက်ာ္သူရ 09772772897

EFIL-ApannPyay Source Justin Htet Paing FB

Be the first to comment

Leave a Reply

Your email address will not be published.


*