



Source:E!news

Zawgyi

Justin Bieber တစ်ယောက် ဒုတိယအကြိမ် မိတ်ဆွေတွေနဲ့ မင်္ဂလာပွဲ ကျင်းပအပြီးမှာ Selena ကို ပရိသတ်တွေ စိတ်ဝင်စားနေပြန်ပါတယ် ။ သူတို့နှစ်ဦးဟာ ကာလကြာရှည် ချစ်ခဲ့ကြပြီး ပရိသတ်တွေ အချစ်ခင်ခံရဆုံး စုံတွဲတစ်တွဲလည်း ဖြစ်ခဲ့တာပါ ။ JB တစ်ယောက် အတည်တကျလက်ထပ်ပွဲ ကျင်းပအပြီးမှာ Selena ရဲ့ ဆံပင်စတိုင်အသစ်နဲ့ မိတ်ကပ် အပြင်အဆင်တွေကတော့ အသစ်တစ်ဖန် ပြန်စတဲ့ အမှတ်အသားလိုပါပဲ ။

ပရိသတ်တွေ ဆံပင်အတို ဖောင်းဖောင်းလေးကို တွေ့နေကျ ဖြစ်ပေမဲ့ အခုတော့ စတိုင်အသစ်နဲ့ အပြတ် လန်းနေပြန်ပါပြီ ။ ကျောလယ်လောက်ရှိတဲ့ ဆံပင်အတိုလေးကို ကောက်ထားတာဟာ မိန်းကလေးဆန်ဆန်နဲ့ လှနေပြန်ပါတယ် ။ ဒါ့အပြင် overall ဂျင်းအနက်ကလေးနဲ့ လွတ်လပ်ပေါ့ပါးနေဟန် ရှိပါတယ် ။ အထူးသဖြင့်တော့ လန်းဆန်း တက်ကြွနေတဲ့ သူ့မျက်နှာက အပြုံးတွေပါပဲ ။

Selena တစ်ယောက်ဟာ အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို ခံယူထားခဲ့ရတာပါ ။ လက်ရှိန် အချိန်မှာ တည်ငြိမ်လာပြီဖြစ်တဲ့ Selena ဟာ အလုပ်တွေကို ပုံမှန် လုပ်နေပြီ ဖြစ်သလို စီးပွားရေး လုပ်ငန်းအသစ်တွေ ချဲ့ထွင်ဖို့ကိုတောင်မှ ကြိုးပမ်းနေတာ ဖြစ်ပါတယ် ။

 

Source:E!news

Be the first to comment

Leave a Reply

Your email address will not be published.


*