လုံးဝမပေါ့ဆသငျ့တဲ့ ဦးနှောကျအကွိတျရဲ့ လက်ခဏာတှေ
















ခရကျဒစျ Em Em

Zawgyi ဖြင့်ဖတ်ရန်

ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ အတွေးအခေါ်၊ အာရုံတွေအားလုံးအပြင် ခံစားချက်တွေကိုတောင် ဦးနှောက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဦးနှောက်မှာ အကြိတ်ရှိနေပြီဆိုရင်တော့ ကင်ဆာအဆင့် မရောက်သေးခင်မှာ အချိန်မီသိရှိပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဦးနှောက်အကြိတ်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခေါင်းကိုက်ခြင်း

အပြင်းအထန် ခေါင်းကိုက်မယ်၊ အထူးသဖြင့် မနက်ပိုင်းတွေမှာ ပိုပြီးတော့ ခံစားရပါလိမ့်မယ်။ ဒါဟာ ဦးနှောက်ထဲက ကြွက်သားတွေ ကြီးထွားနေတဲ့ လက္ခဏာပါပဲ။

(၂) မူးခြင်း၊ အန်ခြင်း

ဒါဟာ မနက်ပိုင်းမှာ အဖြစ်များပါတယ်။ မူးဝေနေပြီး မအီမသာ ခံစားရပါလိမ့်မယ်။ ဦးနှောက်အကြိတ် ဝေဒနာရှင်တွေ ပြောကြားချက်အရ အန်လိုက်ရင်တောင် ခေါင်းမူးတာ မသက်သာသွားဘူးလို့ ဆိုပါတယ်။

(၃) တုန်ခြင်း

ခြေလက်တွေတုန်တာ၊ ရင်တုန်တာ စတဲ့လက္ခဏာတွေဟာလည်း ဦးနှောက်အကြိတ်ရှိခြင်းရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

(၄) အမြင်အာရုံချို့တဲ့ခြင်း

ဦးနှောက်မှာ အကြိတ်ရှိတဲ့သူတွေဟာ အမြင်အာရုံ ဝေဝါးခြင်း၊ ရှင်းလင်းပြတ်သားစွာ မမြင်ရခြင်းအပြင် နှစ်ထပ်မြင်နေရ တတ်ပါတယ်။

(၅) စိတ်ပိုင်းဆိုင်ရာအားနည်းခြင်း

အာရုံမစူးစိုက်နိုင်ခြင်း၊ မှတ်ဥာဏ်အားနည်းခြင်း၊ ဘယ်အရာကိုမှ ကောင်းကောင်းမွန်မွန် မစဉ်းစား မတွေးခေါ်နိုင်ခြင်းတွေဟာလည်း ဦးနှောက်ကင်ဆာရဲ့ အစဖြစ်နေတတ်ပါတယ်။

(၆) မျှမျှတတမလုပ်နိုင်ခြင်း

လုပ်ငန်းစွမ်းဆောင်ရည်တွေ ကျဆင်းပြီး အလုပ်တွေကို အရင်ကလို မျှမျှတတ မလုပ်နိုင်တော့ပဲ ထိန်းသိမ်းနိုင်စွမ်း ကျဆင်းသွားပါလိမ့်မယ်။

(၇) ခံစားမှုများပြောင်းနေခြင်း

ဦးနှောက်မှာရှိတဲ့ အကြိတ်က နားအူခြင်း၊ ထုံကျင်ခြင်းအပြင် တခြား ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်း ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေစေပါတယ်။

ခရက်ဒစ် Em Em

Be the first to comment

Leave a Reply

Your email address will not be published.


*