ဖခင်ဖြစ်သူအား သမီးအရင်းဖြစ်သူမှ အမှုဖွင့် တိုင်ကြား

သထုံမြို့တွင် ဖခင်ဖြစ်သူမှ သမီးအရင်းအား ညစ်ညမ်းကားများပြသကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည့် အပြင် ရိုက်နှက်သည့် အတွက် သမီးဖြစ်သူမှ အမှုဖွင့် တိုင်ကြား

မွန်ပြည်နယ် သထုံမြို့ ဘင်လှိုင်ရပ်ကွက်တွင် ဖခင်ဖြစ်သူမှ သမီးဖြစ်သူအား အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်သည့် အပြင် ရိုက်နှက်သည့်အတွက် သမီးဖြစ်သူမှ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက သထုံမြို့မ ရဲစခန်းသို့ ဒဏ်ရာများဖြင့် ရောက်ရှိလာရာ ရဲစခန်းတာဝန်ရှိသူများမှ ဖြစ်စဉ် အခြေနေအား မေးမြန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မ —- ပြောပြရာတွင် ၂၀၁၈ ခုနှစ် ရက်မမှတ်မိတွင် မိခင်ဖြစ်သူ ခရီးသွားနေခိုက် နေအိမ်တွင် မည်သူမျှ မရှိချိန် ဖခင်ဖြစ်သူ စိုင်းကျော်ဇော ၄၃ နှစ် ဘ ဦးသန်းရွှေမှ နေအိမ်အိပ်ခန်း အတွင်းသို့ ခေါ်ယူ အင်္ကျီချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်ခိုင်းပြီး ဖုန်းအတွင်းရှိ ညစ်ညမ်းခွေအား ပြသကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊

ဖခင်အားကြောက်ရသဖြင့် အဖြစ်ပျက်အား မည်သူကိုမျှ မပြောပြဘဲ နေထိုင်စဉ် မိခင်ဖြစ်သူ အလစ်တွင် မကြာခဏ သားမယား အဖြစ်ပြုကျင့်ပြီး တားဆေးတိုက်ကြောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက် ညတွင် ဖခင်ဖြစ်သူမှ နေအိမ်အိပ်ခန်း အတွင်းသို့ ရောက်ရှိလာကာ ညစ်ညမ်းကားပြပြီး သားမယားအဖြစ် တစ်ကြိမ်ထပ်မံ ပြုကျင့်ခဲ့ကာ နိုဝင်ဘာ ၇ ရက် နံနက် အစောပိုင်းတွင် သားမယားအဖြစ် တစ်ကြိမ် ထပ်မံပြုကျင်ခဲ့ကြောင်း ပြောပြခဲ့သည်။

အဆိုပါ နိုဝင်ဘာလ ၇ရက် နံနက် ၅ နာရီခန့်တွင် ဖခင်ဖြစ်သူမှ မ—-အား နှိုးကာ မ—-၏ ဖုန်းကိုယူကြည့်ပြီး အခြားတစ်ယောက်နဲ့ ရည်းစားထားရမလားဟု ပြောဆိုကာ တံပျက်စည်းစတီးလက်ကိုင်ရိုး၊ သစ်သားချောင်းများဖြင့် ရိုက်နှက်ခဲ့သဖြင့် မ—-တွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ယာ လက်ခံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ယာဂျိုစောင်းဖူးယောင်၊ ယာခါးဖူးယောင်၊ နောက်စေ့ဖူးယောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် နေအိမ်မှထွက်ပြေးကာ ရဲစခန်းသို့ရောက်ရှိလာကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ သထုံမြို့မ ရဲစခန်းမှ စိုင်းကျော်ဇောအား (ပ) ၂၃၀၉/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/ ၃၂၅ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

ဓာတ်ပုံ / မြစ်မခ ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့

Source – အောင်မြင့်ထွန်း(မြစ်မခ)

Zawgyi ျဖင့္ဖတ္ရန္

သထုံၿမိဳ႕တြင္ ဖခင္ျဖစ္သူမွ သမီးအရင္းအား ညစ္ညမ္းကားမ်ားျပသကာ သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္သည့္ အျပင္ ႐ိုက္ႏွက္သည့္ အတြက္ သမီးျဖစ္သူမွ အမႈဖြင့္ တိုင္ၾကား

မြန္ျပည္နယ္ သထုံၿမိဳ႕ ဘင္လႈိင္ရပ္ကြက္တြင္ ဖခင္ျဖစ္သူမွ သမီးျဖစ္သူအား အႀကိမ္ႀကိမ္ သားမယားအျဖစ္ ျပဳက်င့္သည့္ အျပင္ ႐ိုက္ႏွက္သည့္အတြက္ သမီးျဖစ္သူမွ ႏိုဝင္ဘာ ၇ ရက္ ညေနပိုင္းက သထုံၿမိဳ႕မ ရဲစခန္းသို႔ ဒဏ္ရာမ်ားျဖင့္ ေရာက္ရွိလာရာ ရဲစခန္းတာဝန္ရွိသူမ်ားမွ ျဖစ္စဥ္ အေျခေနအား ေမးျမန္းခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မ —- ေျပာျပရာတြင္ ၂၀၁၈ ခုႏွစ္ ရက္မမွတ္မိတြင္ မိခင္ျဖစ္သူ ခရီးသြားေနခိုက္ ေနအိမ္တြင္ မည္သူမွ် မရွိခ်ိန္ ဖခင္ျဖစ္သူ စိုင္းေက်ာ္ေဇာ ၄၃ ႏွစ္ ဘ ဦးသန္းေ႐ႊမွ ေနအိမ္အိပ္ခန္း အတြင္းသို႔ ေခၚယူ အက်ႌခြၽတ္ခိုင္းကာ ကုတင္ေပၚထိုင္ခိုင္းၿပီး ဖုန္းအတြင္းရွိ ညစ္ညမ္းေခြအား ျပသကာ သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း၊

ဖခင္အားေၾကာက္ရသျဖင့္ အျဖစ္ပ်က္အား မည္သူကိုမွ် မေျပာျပဘဲ ေနထိုင္စဥ္ မိခင္ျဖစ္သူ အလစ္တြင္ မၾကာခဏ သားမယား အျဖစ္ျပဳက်င့္ၿပီး တားေဆးတိုက္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၆ ရက္ ညတြင္ ဖခင္ျဖစ္သူမွ ေနအိမ္အိပ္ခန္း အတြင္းသို႔ ေရာက္ရွိလာကာ ညစ္ညမ္းကားျပၿပီး သားမယားအျဖစ္ တစ္ႀကိမ္ထပ္မံ ျပဳက်င့္ခဲ့ကာ ႏိုဝင္ဘာ ၇ ရက္ နံနက္ အေစာပိုင္းတြင္ သားမယားအျဖစ္ တစ္ႀကိမ္ ထပ္မံျပဳက်င္ခဲ့ေၾကာင္း ေျပာျပခဲ့သည္။

အဆိုပါ ႏိုဝင္ဘာလ ၇ရက္ နံနက္ ၅ နာရီခန႔္တြင္ ဖခင္ျဖစ္သူမွ မ—-အား ႏႈိးကာ မ—-၏ ဖုန္းကိုယူၾကည့္ၿပီး အျခားတစ္ေယာက္နဲ႔ ရည္းစားထားရမလားဟု ေျပာဆိုကာ တံပ်က္စည္းစတီးလက္ကိုင္႐ိုး၊ သစ္သားေခ်ာင္းမ်ားျဖင့္ ႐ိုက္ႏွက္ခဲ့သျဖင့္ မ—-တြင္ ဝဲ/ယာ ပုခုံးညိဳမဲ၊ ဝဲ/ယာ လက္ခံေပါက္ၿပဲ၊ ယာေပါင္ညိဳမဲ၊ ယာဂ်ိဳေစာင္းဖူးေယာင္၊ ယာခါးဖူးေယာင္၊ ေနာက္ေစ့ဖူးေယာင္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ေနအိမ္မွထြက္ေျပးကာ ရဲစခန္းသို႔ေရာက္ရွိလာေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သတ္၍ သထုံၿမိဳ႕မ ရဲစခန္းမွ စိုင္းေက်ာ္ေဇာအား (ပ) ၂၃၀၉/ ၂၀၁၉ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၇၆/ ၃၂၅ ျဖင့္ အမႈဖြင့္ဖမ္းဆီးထားေၾကာင္း သိရသည္။

ဓာတ္ပုံ / ျမစ္မခ ၊ မြန္ျပည္နယ္ရဲတပ္ဖြဲ႕

Source – ေအာင္ျမင္႔ထြန္း(ျမစ္မခ)

Be the first to comment

Leave a Reply

Your email address will not be published.


*