မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးကို မမှုတ်သင့်တဲ့ အဓိကအချက်

မွေးနေ့ကိတ်ပေါ်က ရောင်စုံဖယောင်းတိုင်လေး တွေရဲ့နောက်ကွယ်မှာ ကျန်းမာရေး အတွက် အန္တရာယ်ရှိနေတယ်လို့ ပြောရင် ယုံရ ခက်ခက်ပါပဲ။ မွေးနေ့ရောက်တဲ့အခါ မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းပြီး ဆုတောင်းကြ ပါတယ်။ ဆုတောင်းပြီး နောက်မှာတော့ ဖယောင်းတိုင်မီးကို မှုတ်လိုက်ကြပါတယ်။

ဒါပေမယ့် ဖယောင်းတိုင်လေးကို မီးမှုတ်လိုက်တဲ့ အခါ ဘာတွေဖြစ်လာမလဲ ဆိုတာ လူအများစုက မစဉ်းစားမိကြပါဘူး။

ပျော်ရွှင်စရာကောင်းတဲ့ ပွဲတွေ၊ ပျော်ရွှင်မှုတွေကြားမှာ ဘက်တီးရီးယားတွေ ရှိမနေသင့် ပါဘူး။ ကိတ်ပေါ်က ဖယောင်းတိုင်မီးကို မှုတ်လိုက်တဲ့ အခါ ရောဂါပိုးပေါင်း 1500 % က ပျံ့နှံ့သွား နိုင်ကြောင်း ပညာရှင်တွေက ရှာဖွေတွေ့ရှိထားကြပါတယ်။

ဒါကို သက်သေပြနိုင်ဖို့အတွက် သုတေသနပညာရှင်တွေက ကိတ်မုန့် အတုကို အသုံးပြုခဲ့ ပါတယ်။ ကိတ်မုန့် အတုရဲ့ ခရင်မ်တွေပေါ်မှာ ဖယောင်းတိုင်တွေကို ထွန်းပြီး မှုတ်လိုက်ပါတယ်။ နောက်တစ်ဆင့်ကတော့ ဘက်တီးရီးယားတွေကို ရေတွက်တဲ့ အပိုင်း ဖြစ်ပါတယ်။

ပိုးသတ်ထားတဲ့ရေကို ကိတ်မုန့်ပေါ်ကို လောင်းလိုက်ပါတယ်။ ပြီးတော့ အချိန်ခဏ စောင့်ကြည့်လိုက်ပါတယ်။ ရလဒ်က အတော် လန့်စရာ ကောင်းပါတယ်။ ဖယောင်းတိုင်မီးကို မှုတ်လိုက်တဲ့ အခါ ပျမ်းမျှအားဖြင့် ဘက်တီးရီးယား အရေအတွက်ဟာ 15 ဆ တိုးပွားလာ ပါတယ်။ ဒီရလဒ်က တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

တချို့လူတွေက ဘက်တီးရီးယား အများကြီးကို သယ်ဆောင်လာကြ ပါတယ်။ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်ကို မှုတ်လိုက်တဲ့ အခါ ရောဂါပိုးတွေက ဘေးပတ်ဝန်းကျင် ကို သာမက ကိတ်မုန့်ပေါ်ကိုပါ ပျံနှံ့သွား ပါတယ်။

အဲဒီကိတ်မုန့်ကို လူတွေ အများကြီးက စားကြ ပါတယ်။ ဒီလို သုတေသနကြောင့် မွေးနေ့ကိတ်ကို ရောဂါပိုး အန္တရာယ် ကင်းကင်း စားနိုင်ဖို့ သိသွားကြ ပါပြီ။ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီး မှုတ်သူက နေမကောင်းသူ ဆိုရင် ဖယောင်းတိုင် မပါဘဲ မွေးနေ့ကိတ် ခွဲတာ ပိုကောင်း ပါတယ်။

Zombie(LoveMedia)

Zawgyi ျဖင့္ဖတ္ရန္

ေမြးေန႔ကိတ္ေပၚက ေရာင္စုံဖေယာင္းတိုင္ေလး ေတြရဲ႕ေနာက္ကြယ္မွာ က်န္းမာေရး အတြက္ အႏၲရာယ္ရွိေနတယ္လို႔ ေျပာရင္ ယုံရ ခက္ခက္ပါပဲ။ ေမြးေန႔ေရာက္တဲ့အခါ ေမြးေန႔ကိတ္ေပၚမွာ ဖေယာင္းတိုင္ေလးေတြ ထြန္းၿပီး ဆုေတာင္းၾက ပါတယ္။ ဆုေတာင္းၿပီး ေနာက္မွာေတာ့ ဖေယာင္းတိုင္မီးကို မႈတ္လိုက္ၾကပါတယ္။

ဒါေပမယ့္ ဖေယာင္းတိုင္ေလးကို မီးမႈတ္လိုက္တဲ့ အခါ ဘာေတြျဖစ္လာမလဲ ဆိုတာ လူအမ်ားစုက မစဥ္းစားမိၾကပါဘူး။

ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ပြဲေတြ၊ ေပ်ာ္႐ႊင္မႈေတြၾကားမွာ ဘက္တီးရီးယားေတြ ရွိမေနသင့္ ပါဘူး။ ကိတ္ေပၚက ဖေယာင္းတိုင္မီးကို မႈတ္လိုက္တဲ့ အခါ ေရာဂါပိုးေပါင္း 1500 % က ပ်ံ႕ႏွံ႔သြား ႏိုင္ေၾကာင္း ပညာရွင္ေတြက ရွာေဖြေတြ႕ရွိထားၾကပါတယ္။

ဒါကို သက္ေသျပႏိုင္ဖို႔အတြက္ သုေတသနပညာရွင္ေတြက ကိတ္မုန႔္ အတုကို အသုံးျပဳခဲ့ ပါတယ္။ ကိတ္မုန႔္ အတုရဲ႕ ခရင္မ္ေတြေပၚမွာ ဖေယာင္းတိုင္ေတြကို ထြန္းၿပီး မႈတ္လိုက္ပါတယ္။ ေနာက္တစ္ဆင့္ကေတာ့ ဘက္တီးရီးယားေတြကို ေရတြက္တဲ့ အပိုင္း ျဖစ္ပါတယ္။

ပိုးသတ္ထားတဲ့ေရကို ကိတ္မုန႔္ေပၚကို ေလာင္းလိုက္ပါတယ္။ ၿပီးေတာ့ အခ်ိန္ခဏ ေစာင့္ၾကည့္လိုက္ပါတယ္။ ရလဒ္က အေတာ္ လန႔္စရာ ေကာင္းပါတယ္။ ဖေယာင္းတိုင္မီးကို မႈတ္လိုက္တဲ့ အခါ ပ်မ္းမွ်အားျဖင့္ ဘက္တီးရီးယား အေရအတြက္ဟာ 15 ဆ တိုးပြားလာ ပါတယ္။ ဒီရလဒ္က တစ္ေယာက္နဲ႔ တစ္ေယာက္ မတူႏိုင္ပါဘူး။

တခ်ိဳ႕လူေတြက ဘက္တီးရီးယား အမ်ားႀကီးကို သယ္ေဆာင္လာၾက ပါတယ္။ ေမြးေန႔ကိတ္ေပၚက ဖေယာင္းတိုင္ကို မႈတ္လိုက္တဲ့ အခါ ေရာဂါပိုးေတြက ေဘးပတ္ဝန္းက်င္ ကို သာမက ကိတ္မုန႔္ေပၚကိုပါ ပ်ံႏွံ႔သြား ပါတယ္။

အဲဒီကိတ္မုန႔္ကို လူေတြ အမ်ားႀကီးက စားၾက ပါတယ္။ ဒီလို သုေတသနေၾကာင့္ ေမြးေန႔ကိတ္ကို ေရာဂါပိုး အႏၲရာယ္ ကင္းကင္း စားႏိုင္ဖို႔ သိသြားၾက ပါၿပီ။ ေမြးေန႔ကိတ္ေပၚက ဖေယာင္းတိုင္မီး မႈတ္သူက ေနမေကာင္းသူ ဆိုရင္ ဖေယာင္းတိုင္ မပါဘဲ ေမြးေန႔ကိတ္ ခြဲတာ ပိုေကာင္း ပါတယ္။

Zombie(LoveMedia)

Be the first to comment

Leave a Reply

Your email address will not be published.


*