Voting အနဲဆုံးနဲ့ Myanmar Idol ကနေ ထွက်ခွာခဲ့ရပေမယ့် ဒိုင်တွေရဲ့ Save လုပ်ခြင်းခံခဲ့ရတဲ့ နော်စေးစေးထူး

နော်စေးစေးထူးကတော့ Voting အနဲဆုံးနဲ့ Myanmar Idol ကနေ ထွက်ခွာခဲ့ရမယ့် အခြေအနေနဲ့ကြုံခဲ့ရပါတယ်။ အဆိုကောင်းတဲ့ သူတစ်ယောက် အိမ်ပြန်ရတော့မှာကြောင့် ဒိုင်တွေကလဲ စိတ်မကောင်းဖြစ်နေကြပါတယ်။

ဒီနေ့မှာ နှုတ်ဆက်အိမ်ပြန်မဲ့ နော်စေးစေးထူးကတော့ ခြူးစစ်ဟန်တုန်းကလို ငိုကြွေးနေတာမျိုး မတွေ့ရပဲ တည်တည်ငြိမ်ငြိမ်ပဲ Save Song သီချင်းဆိုပြသွားတာပဲဖြစ်ပါတယ်။ ဒိုင်တွေကတော့ Save Song မှာ တည်တည်ညိမ်ညိမ်နဲ့ အကောင်းဆုံးသီဆိုခဲ့တဲ့ နော်စေးစေးထူကို Save လုပ်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရဲ့ ဆုတောင်းကြောင့် နော်စေးစေးထူးလေးလည်း save သွားပါပြီနော် ဒီညလေးကတော့ ထူးခြားတဲ့ညလေးပါပဲ 🥰🥰🥰။ ဒီအပတ်မှာ ဒိုင်တွေက နော်စေးစေးထူးကို Save လုပ်ခဲ့တာကြောင့် နောက်အပတ်မှာတော် Myanmar Idol ကနှစ်ယောက်အိမ်ပြန်ရတော့မှာပဲဖြစ်ပါတယ်။

Zawgyi ဖြင့်ဖတ်ရန်




Be the first to comment

Leave a Reply

Your email address will not be published.


*