လေယာဉ်ဦးပိုင်းမှာ ကောင်မလေး တင်မိလို့၊ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လေယာဉ်မှူး

တရုတ်နိုင်ငံက လေယာဉ်ကပ္ပတိန်တစ်ဦးဟာ လေယာဉ်ဦးပိုင်းထဲမှာ အမျိုးသမီးခရီးသည် ချောချောလေးတစ်ဦးကို ဝင်ခွင့်ပြုခဲ့တဲ့အတွက် ထင်မှတ်မထားပါဘဲ၊ ဘဝနဲ့ချီတဲ့ ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့ရပါတယ်။ သူဟာ လေယာဉ်မှူးတွေ လိုက်နာရမယ့် ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ခဲ့မိတာပါ။

ဒီအကြောင်းကို NextShark က ဖော်ပြထားတာဖြစ်ပြီး AlinnMyay(အလင်းမြေ)က ဘာသာပြန်တင်ဆက်လိုက်တာပါ။ အဆိုပါ လေယာဉ်မှူးဟာ လေယာဉ်ဦးပိုင်းလို အထူးကန့်သတ်နေရာကို ပုဂ္ဂိုလ်ရေးအရ လွဲမှားစွာ အသုံးပြုခဲ့တာပါ။ ခရီးသည်ဟာ လေယာဉ်ခလုတ်တွေကို မလိုအပ်ဘဲ လျှောက်နှိပ်ရင်-

ကျန်တဲ့ခရီးသည်တွေအတွက် ကံဆိုးမိုးမှောင် ကျသွားနိုင်ပါတယ်။ ဒီဥပဒေကို လေယာဉ်မှူးတိုင်း လိုက်နာရပါတယ်။ ယခင်ကလည်း အီဂျစ်လေယာဉ်မှူးတစ်ယောက်ဟာ ဆယ်လီတစ်ဦးကို လေယာဉ်ထိန်းချုပ်ခလုတ်တွေ ကိုင်တွယ်စေခဲ့လို့ ရာသက်ပန် လိုင်စင်ပိတ်သိမ်းခံခဲ့ရသလို၊ လက်ထောက်လေယာဉ်မှုက (၁)နှစ် ပျံသန်းခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

မကြာသေးခင်က ရုရှားမှာ လေယာဉ်မှူးဟာ လေကြောင်းအရာရှိမဟုတ်တဲ့ ချစ်သူကို ဦးပိုင်းမှာ စီးနင်းလိုက်ပါစေခဲ့လို့၊ သူ့ကိုလည်း ရုရှားလေကြောင်းအာဏာပိိုင်တွေက လိုင်စင်ရာသက်ပန် ပိတ်သိမ်းခဲ့ပါတယ်။ အခု ဒီတရုတ်လေယာဉ်မှူးကလည်း ဒီလိုအပြစ်ကို ကျူးလွန်ခဲ့တာပါဘဲ။

သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိဘဲ၊ Air Guilin လေကြောင်းလိုင်းမှ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ဦးပိုင်းကို ဝင်ခဲ့တဲ့ ကောင်မလေးကတော့ Chen Yuying လို့ သိရပြီး၊ ပြီးခဲ့တဲ့ ဆယ်လကြာက အဖြစ်အပျက်ဆိုပေမယ့်၊ သူမရဲ့ဓာတ်ပုံတွေဟာ အပေါ်က အရေးယူမှုတွေအပြီးမှာ လိုင်းပေါ် ပြန်တက်လာခဲ့တာပါ။

Chen ဟာ Guilin Tourism University မှ တတိယနှစ်ကျောင်းသူလေးဖြစ်ပြီး၊ လွန်ခဲ့တဲ့ဆယ်နှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုသော်လည်း လေယာဉ်မှုကို လေကြောင်းဆိုင်ရာ ဥပဒေတွေက အတိအကျ ပြဋ္ဌာန်းထားတဲ့အတွက် ရာသက်ပန် လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)

Zawgyi

တ႐ုတ္ႏိုင္ငံက ေလယာဥ္ကပၸတိန္တစ္ဦးဟာ ေလယာဥ္ဦးပိုင္းထဲမွာ အမ်ိဳးသမီးခရီးသည္ ေခ်ာေခ်ာေလးတစ္ဦးကို ဝင္ခြင့္ျပဳခဲ့တဲ့အတြက္ ထင္မွတ္မထားပါဘဲ၊ ဘဝနဲ႔ခ်ီတဲ့ ဆုံးရႈံးနစ္နာမႈ ျဖစ္ခဲ့ရပါတယ္။ သူဟာ ေလယာဥ္မႉးေတြ လိုက္နာရမယ့္ ဥပေဒကို ေျဗာင္က်က် ခ်ိဳးေဖာက္ခဲ့မိတာပါ။

ဒီအေၾကာင္းကို NextShark က ေဖာ္ျပထားတာျဖစ္ၿပီး AlinnMyay(အလင္းေျမ)က ဘာသာျပန္တင္ဆက္လိုက္တာပါ။ အဆိုပါ ေလယာဥ္မႉးဟာ ေလယာဥ္ဦးပိုင္းလို အထူးကန႔္သတ္ေနရာကို ပုဂၢိဳလ္ေရးအရ လြဲမွားစြာ အသုံးျပဳခဲ့တာပါ။ ခရီးသည္ဟာ ေလယာဥ္ခလုတ္ေတြကို မလိုအပ္ဘဲ ေလွ်ာက္ႏွိပ္ရင္-

က်န္တဲ့ခရီးသည္ေတြအတြက္ ကံဆိုးမိုးေမွာင္ က်သြားႏိုင္ပါတယ္။ ဒီဥပေဒကို ေလယာဥ္မႉးတိုင္း လိုက္နာရပါတယ္။ ယခင္ကလည္း အီဂ်စ္ေလယာဥ္မႉးတစ္ေယာက္ဟာ ဆယ္လီတစ္ဦးကို ေလယာဥ္ထိန္းခ်ဳပ္ခလုတ္ေတြ ကိုင္တြယ္ေစခဲ့လို႔ ရာသက္ပန္ လိုင္စင္ပိတ္သိမ္းခံခဲ့ရသလို၊ လက္ေထာက္ေလယာဥ္မႈက (၁)ႏွစ္ ပ်ံသန္းခြင့္ ပိတ္ပင္ခံခဲ့ရပါတယ္။

မၾကာေသးခင္က ႐ုရွားမွာ ေလယာဥ္မႉးဟာ ေလေၾကာင္းအရာရွိမဟုတ္တဲ့ ခ်စ္သူကို ဦးပိုင္းမွာ စီးနင္းလိုက္ပါေစခဲ့လို႔၊ သူ႔ကိုလည္း ႐ုရွားေလေၾကာင္းအာဏာပိိုင္ေတြက လိုင္စင္ရာသက္ပန္ ပိတ္သိမ္းခဲ့ပါတယ္။ အခု ဒီတ႐ုတ္ေလယာဥ္မႉးကလည္း ဒီလိုအျပစ္ကို က်ဴးလြန္ခဲ့တာပါဘဲ။

သူ႔အမည္ကိုေတာ့ သတင္းမွာ ေဖာ္ျပထားျခင္းမရွိဘဲ၊ Air Guilin ေလေၾကာင္းလိုင္းမွ ေလယာဥ္မႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးပါ။ ဦးပိုင္းကို ဝင္ခဲ့တဲ့ ေကာင္မေလးကေတာ့ Chen Yuying လို႔ သိရၿပီး၊ ၿပီးခဲ့တဲ့ ဆယ္လၾကာက အျဖစ္အပ်က္ဆိုေပမယ့္၊ သူမရဲ႕ဓာတ္ပုံေတြဟာ အေပၚက အေရးယူမႈေတြအၿပီးမွာ လိုင္းေပၚ ျပန္တက္လာခဲ့တာပါ။

Chen ဟာ Guilin Tourism University မွ တတိယႏွစ္ေက်ာင္းသူေလးျဖစ္ၿပီး၊ လြန္ခဲ့တဲ့ဆယ္ႏွစ္က ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ဆိုေသာ္လည္း ေလယာဥ္မႈကို ေလေၾကာင္းဆိုင္ရာ ဥပေဒေတြက အတိအက် ျပ႒ာန္းထားတဲ့အတြက္ ရာသက္ပန္ လိုင္စင္ပိတ္သိမ္းလိုက္တယ္လို႔ သိရပါတယ္။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)

Be the first to comment

Leave a Reply

Your email address will not be published.


*