(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (BULBUL) အခြေအနေ နှင့် ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ

(၁)။ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၂၃/၂၀၁၉)

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်)

(မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ နှင့် ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ အရှေ့ တောင်ဘက် ရေမိုင်(၇၀)မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည် နယ်-West Bengal)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အနောက်တောင်ဘက် ရေမိုင်(၂၀၀)မိုင်ခန့်၊ မြန်မာ နိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၃၀၀)မိုင်ခန့်နှင့် မောင်တောမြို့(Maungdaw)၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(၁) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၉.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၆)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၀)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၈၀)နှုန်းဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိရွေ့လျားနှုန်းမှာ တစ်နာရီလျှင် (၅)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

(၁) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)သည် ကနဉီးတွင် မြောက်ဘက်သို့ ရွေ့လျားပြီးနောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားကာ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စာဂါကျွန်း (Sagar Islands)နှင့် ခီပူပါရာမြို့(Khepupara)တို့ကြားမှ ယနေ့ညပိုင်းတွင် အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အနေဖြင့် ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက်

(၁) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီး မည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

(၂)။ယနေ့ညနေအထိခန့်မှန်းချက်။

(က)။ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ် တို့တွင် နေရာကွက်ကျား၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

(၁)။မြန်မာ့ပင်လယ်ပြင်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၅၅) မိုင်မှ မိုင်(၆၀) အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် မှ လှိုင်းကြီးမည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀) ပေမှ (၁၅) ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၇) ပေမှ (၉) ပေခန့်ရှိနိုင်ပါသည်။

(ခ)။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

(၁)။စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေ အထိခန့်မှန်းချက်။

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိ ခန့်မှန်းချက်။

မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

(၂)။အကြံပြုချက်

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်”(BULBUL)၏ အရှိန် ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Source – မိုးဇလ

Zawgyi

(၁)။ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းသတင္းအမွတ္စဥ္(၂၃/၂၀၁၉)

(၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္)

(ျမန္မာစံေတာ္ခ်ိန္(၀၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

(က) အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအေျခအေန နွင့္ ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ ေအာ္အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားအလြန္ေကာင္းေသာဆိုင္ကလုန္း မုန္တိုင္း(Very Severe Cyclonic Storm) “ဘာဘ္ဘယ္” (BULBUL)သည္ ေျမာက္ဘက္ သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕(Paradip) (ဩရိႆ-Odisha)၏ အေရွ႕ ေတာင္ဘက္ ေရမိုင္(၇၀)မိုင္ခန႔္၊ စာဂါကြၽန္း(Sagar Islands) (အေနာက္ဘဂၤလားျပည္ နယ္-West Bengal)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၁၃၀)မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ၊ ခီပူပါရာၿမိဳ႕ (Khepupara)၏ အေနာက္ေတာင္ဘက္ ေရမိုင္(၂၀၀)မိုင္ခန႔္၊ ျမန္မာ ႏိုင္ငံ၊ စစ္ေတြၿမိဳ႕(Sittwe)၏ အေနာက္- အေနာက္ေတာင္ဘက္ ေရမိုင္(၃၀၀)မိုင္ခန႔္ႏွင့္ ေမာင္ေတာၿမိဳ႕(Maungdaw)၏ အေနာက္- အေနာက္ေတာင္ဘက္ ေရမိုင္(၂၈၀)မိုင္ခန႔္ အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။

ကပၸလီပင္လယ္ျပင္ႏွင့္ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူ ထပ္ေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ တိမ္ထူထပ္ေနပါသည္။

အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)၏ လက္ရွိ အေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

(ခ) အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(၁) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL) သည္ ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၉.၆)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၇.၆)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၈၀)ဟက္တိုပါစကယ္ ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၈၀)ႏႈန္းျဖစ္ပါသည္။ မုန္တိုင္း၏ လက္ရွိေ႐ြ႕လ်ားႏႈန္းမွာ တစ္နာရီလွ်င္ (၅)မိုင္ႏႈန္း ျဖစ္ပါသည္။

(ဂ) ေနာက္(၂၄)နာရီအတြင္းခန္႔မွန္းခ်က္

(၁) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)သည္ ကနဉီးတြင္ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီးေနာက္ အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕ လ်ားကာ၊ အေနာက္ဘဂၤလားျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကမ္းေျခကို စာဂါကြၽန္း (Sagar Islands)ႏွင့္ ခီပူပါရာၿမိဳ႕(Khepupara)တို႔ၾကားမွ ယေန႔ညပိုင္းတြင္ အားေကာင္း ေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm)အေနျဖင့္ ျဖတ္ေက်ာ္ဝင္ေရာက္ ႏိုင္သည္ဟု ခန္႔မွန္းရပါသည္။

(ဃ) အသိေပးႏႈိးေဆာ္ခ်က္

(၁) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)၏ အရွိန္ေၾကာင့္ ယေန႔နံနက္မွ ေနာက္(၄၈)နာရီအတြင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္ ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား၊ ေနျပည္ေတာ္၊ တနသၤာရီ တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။

(၂) ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာ ခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္။ မိုးသက္ ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၅၅)မိုင္မွ မိုင္(၆၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္မွ လႈိင္းႀကီး မည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၅)ေပခန္႔ႏွင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၉)ေပခန႔္ ရွိႏိုင္ပါသည္။

(၂)။ယေန႔ညေနအထိခန္႔မွန္းခ်က္။

(က)။ ရွမ္းျပည္နယ္ (ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္ တို႔တြင္ ေနရာကြက္က်ား၊ ေနျပည္ေတာ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီး တို႔တြင္ ေနရာက်ဲက်ဲ၊ မႏၲေလးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

(၁)။ျမန္မာ့ပင္လယ္ျပင္။

ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ မၾကာခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလ သည္ တစ္နာရီလွ်င္ (၅၅) မိုင္မွ မိုင္(၆၀) အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ မွ လႈိင္းႀကီးမည္။

လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀) ေပမွ (၁၅) ေပခန္႔ႏွင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၇) ေပမွ (၉) ေပခန႔္ရွိႏိုင္ပါသည္။

(ခ)။ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။

(၁)။စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူး တိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခ်င္း ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာမည္။

ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေန အထိခန္႔မွန္းခ်က္။

ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေနအထိ ခန္႔မွန္းခ်က္။

ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိ ခန္႔မွန္းခ်က္။

မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ ရာႏႈန္းျပည့္ ျဖစ္ပါသည္။

(၂)။အႀကံျပဳခ်က္

အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္”(BULBUL)၏ အရွိန္ ေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳ ႏိုင္ပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။

Source – မုိးဇလ

Be the first to comment

Leave a Reply

Your email address will not be published.


*