နားထဲကို ပိုးဟပ်မိသားစုလိုက် ဝင်နေလို့၊ ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရသူ

တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ နားထဲကို ပိုးဟပ္ေတြက မိသားစုလိုက္ဝင္ေနတဲ့အတြက္ ဒုကၡအလြန္ေရာက္ခဲ့ရတယ္လို႔ ဆိုပါတယ္။ သူဟာ မခံမရပ္ႏိုင္ေအာင္ နားကိုက္လြန္းလို႔ ေဒါက္တာေတြကို သြားေရာက္ျပသခဲ့တာပါ။ ဒီအေၾကာင္းကို TheStar ကေန ေဖာ္ျပထားတာပါ။

ဒီသတင္းကို AlinnMyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ေပးလိုက္တာပါ။ လူနာရဲ႕အမည္ကိုေတာ့ Lv လို႔သာ ေဖာ္ျပထားၿပီး၊ ေဒါက္တာေတြက စစ္ေဆးတဲ့အခါမွာ ပိုးဟပ္ေတြဟာ နားထဲကို ဟိုမွသည္မွ တေ႐ြ႕ေ႐ြ႕သြားေနၾကတယ္လို႔ေတာင္ ဆိုပါတယ္။

သူဟာ Huiyang မွာတည္ရွိတဲ့ Sanhe Hospital မွာ ၿပီးခဲ့တဲ့ ႏိုဝဘၤာ(၆)ရက္၊ ဗုဒၶဟူးေန႔က သြားေရာက္ျပသခဲ့တာပါ။ ဒီမတိုင္ခင္ Lv ရဲ႕ မိသားစုဝင္ေတြက နားကို ၿဖဲၾကည့္ေတာ့ ပိုးဟပ္ေတြ ႁပြတ္သိပ္ေနတာကို အူယားဖြယ္ရာ ျမင္ေတြ႕ခဲ့ရပါတယ္တဲ့။

Lv ကေတာ့ အသက္(၂၄)ႏွစ္ျဖစ္ၿပီး၊ သူ႔ကို တာဝန္ယူစစ္ေဆးခဲ့တဲ့ ဆရာဝန္ကေတာ့ နားႏွာေခါင္းလည္ေခ်ာင္း ကြၽမ္းက်င္ေဒါက္တာ Zhong Yijin ျဖစ္ပါတယ္။ သူဟာ ဇာကနာနဲ႔ပဲ နားထဲက ပိုးဟပ္ေတြကို ထုတ္ယူခဲ့ပါတယ္။ ပိုးဟပ္ ဘယ္ႏွစ္ေကာင္ ဖယ္လိုက္ရတယ္ဆိုတာ သတင္းမွာ ေဖာ္ျပထားျခင္း မရွိေပမယ့္-

အျခားသတင္းမွာေတာ့ ေဒါက္တာ Yijin ဟာ ပိုးဟပ္သားေပါက္(၁၀)ေကာင္နဲ႔ ပိုးဟပ္မိခင္ႀကီး တစ္ေကာင္ ဖယ္ရွားႏိုင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ Lv ဟာ နားလမ္းေၾကာင္းမွာလည္း ဒဏ္ရာရရွိခဲ့ေပမယ့္၊ အဲဒီေန႔မွာပဲ ေဆး႐ုံကေန ျပန္ဆင္းႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)

Unicode

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ နားထဲကို ပိုးဟပ်တွေက မိသားစုလိုက်ဝင်နေတဲ့အတွက် ဒုက္ခအလွန်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ မခံမရပ်နိုင်အောင် နားကိုက်လွန်းလို့ ဒေါက်တာတွေကို သွားရောက်ပြသခဲ့တာပါ။ ဒီအကြောင်းကို TheStar ကနေ ဖော်ပြထားတာပါ။

ဒီသတင်းကို AlinnMyay ပရိသတ်ကြီးအတွက် ဘာသာပြန်ပေးလိုက်တာပါ။ လူနာရဲ့အမည်ကိုတော့ Lv လို့သာ ဖော်ပြထားပြီး၊ ဒေါက်တာတွေက စစ်ဆေးတဲ့အခါမှာ ပိုးဟပ်တွေဟာ နားထဲကို ဟိုမှသည်မှ တရွေ့ရွေ့သွားနေကြတယ်လို့တောင် ဆိုပါတယ်။

သူဟာ Huiyang မှာတည်ရှိတဲ့ Sanhe Hospital မှာ ပြီးခဲ့တဲ့ နိုဝင်္ဘာ(၆)ရက်၊ ဗုဒ္ဓဟူးနေ့က သွားရောက်ပြသခဲ့တာပါ။ ဒီမတိုင်ခင် Lv ရဲ့ မိသားစုဝင်တွေက နားကို ဖြဲကြည့်တော့ ပိုးဟပ်တွေ ပြွတ်သိပ်နေတာကို အူယားဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်တဲ့။

Lv ကတော့ အသက်(၂၄)နှစ်ဖြစ်ပြီး၊ သူ့ကို တာဝန်ယူစစ်ဆေးခဲ့တဲ့ ဆရာဝန်ကတော့ နားနှာခေါင်းလည်ချောင်း ကျွမ်းကျင်ဒေါက်တာ Zhong Yijin ဖြစ်ပါတယ်။ သူဟာ ဇာကနာနဲ့ပဲ နားထဲက ပိုးဟပ်တွေကို ထုတ်ယူခဲ့ပါတယ်။ ပိုးဟပ် ဘယ်နှစ်ကောင် ဖယ်လိုက်ရတယ်ဆိုတာ သတင်းမှာ ဖော်ပြထားခြင်း မရှိပေမယ့်-

အခြားသတင်းမှာတော့ ဒေါက်တာ Yijin ဟာ ပိုးဟပ်သားပေါက်(၁၀)ကောင်နဲ့ ပိုးဟပ်မိခင်ကြီး တစ်ကောင် ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Lv ဟာ နားလမ်းကြောင်းမှာလည်း ဒဏ်ရာရရှိခဲ့ပေမယ့်၊ အဲဒီနေ့မှာပဲ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)