ကိုယ်ဝန်ရှိတာ မသိလိုက်လို့ ရေချိုးခန်းထဲမှာပဲ ဖြစ်သလိုမွေးလိုက်ရတဲ့ မော်ဒယ်

သြစတေးလျနိုင်ငံက မော်ဒယ်တစ်ဦးဟာ သူမမှာ ကိုယ်ဝန်ရှိနေတာကို မသိလို့၊ ရေချိုးခန်းထဲမှာပဲ ဖြစ်သလို ကလေးမွေးလိုက်ရတယ်လို့ ဆိုပါတယ်။ ကလေးမွေးရတဲ့အချိန်ကလည်း (၁၀)မိနစ်လောက်နဲ့ ထင်မထားလောက်အောင် မြန်လွန်းလို့ သူမက အံ့သြဝမ်းသာနေပါတယ်။

ဒီအကြောင်းကို LadBible ကနေ ဖော်ပြထားတာဖြစ်ပြီး AlinnMyay ကနေ ဘာသာပြန်လိုက်တာပါ။ မော်ဒယ်ရဲ့အမည်ကတော့ Erin Langmaid ဖြစ်ပြီး Melbourne မှာ နေထိုင်ပါတယ်။ သူမဟာ ယခင်က ကိုယ်ဝန်ရှိနေတာကို လုံးဝ မသိခဲ့ကြောင်း-

ဗိုက်နာလာတာနဲ့ ချက်ချင်း သန့်စင်ခန်းထဲ ပြေးလိုက်ချိန်မှာပဲ ထင်မှတ်မထားဘဲ ကလေး မွေးလာခဲ့တာဖြစ်ကြောင်း Erin က ပြောပါတယ်။ သမီးလေးဖြစ်ပြီး၊ သူမကတော့ Isla လို့ အမည်ပေးလိုက်ပါတယ်။ အသက်(၂၃)နှစ်အရွယ် Erin က သူမအနေနဲ့ ကလေးမလိုသေးလို့ တားဆေးထိုးခဲ့ကြောင်း-

ဒီကြားထဲမှာလည်း ကလေးလို့ ထင်ရလောက်တဲ့ ဗိုက်က ကြီးမလာခဲ့ဘဲ အနည်းငယ် ဝလာတယ်လို့ ထင်မိတာမျိုးလောက်သာ ရှိကြောင်း၊ သို့သော်လည်း အခုလို သမီးလေးကို မထင်မှတ်ဘဲ ပိုင်ဆိုင်လိုက်ရပေမယ့် မိခင်စိတ်နဲ့ အလွန်ဝမ်းသာမိတယ်လို့ ပြောခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)

 

Be the first to comment

Leave a Reply

Your email address will not be published.


*