အက်ိဳးျပဳဓါတ္ေတြ မ်ားစြာပါဝင္တဲ့ ေ႐ႊအပ္မႈိရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား…

ေ႐ႊအပ္မိႈိအေၾကာင္း

ေ႐ႊအပ္မႈိိ သူ႔ရဲ႕ပုံသ႑ာန္က အပ္လိိုပဲ ရွည္ေမ်ာေမ်ာေသးသြယ္သြယ္ပုံစံရွိၿပီး အျဖဴေရာင္ရွိပါတယ္။ မႈိထိပ္ဖူးကလည္း တျခားမႈိေတြလို တအားကားၿပီးႀကီးမေနပါ။ အဂၤလိိပ္လို Golden Needle M u s h r o o m လို႔ေခၚၿပီး ဂ်ပန္လို E n o k i လို႔ေခၚပါတယ္။႐ုကၡေဗဒ နာမည္ကေတာ့ F l a m m u l i n a velutipes ျဖစ္ပါတယ္။

သစ္္ပင္ႀကီးေတြရဲ႕ ပင္စည္ေတြမွာ သဘာဝအတိုင္း ေပါက္ေရာက္သလို စိုက္ပ်ိဳးလို႔လည္းရပါတယ္။ စိုက္ပ်ိဳးရလည္း လြယ္ပါတယ္။ သဘာဝအတိုင္း ေပါက္ေရာက္တဲ့ ေ႐ႊအပ္မႈိကေတာ႔့ ညိဳေ႐ႊေရာင္ ရွိပါတယ္။ ႐ႊအပ္မိႈိဟာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာေကာ တကမာၻလုံးမွာပါ အစားမ်ားတဲ့မႈိတမ်ိဳးျဖစ္ပါတယ္။

ေ႐ႊအပ္မိႈိကို ဟင္းရည္လုပ္ေသာက္တာ၊ ေၾကာ္စားတာ၊ ဝက္သားလိပ္ထဲထည့္ကာ ကင္စားတာ၊ ဆူရွီထမင္းလိပ္ထဲထည့္စားတာ စသျဖင့္ အမ်ိဳးမ်ိဳးလည္း လုပ္စားၾကပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာ အမ်ားအားျဖင့္ေတာ့ ေဟာ့ေပါ့တို႔ ေခါက္ဆြဲျပဳတ္တို႔ထဲ ထည့္စားေလ့ရွိပါတယ္။

ေ႐ႊအပ္မႈိမွာ အဆီဓါတ္(ကိုလက္စထေရာဓါတ္)လုံးဝမပါရွိဘဲ ဗီတာမင္ဒီ၊ ေဖာလိတ္၊ ဗီတာမင္ဘီဆစ္၊ ပန္သိုတီးနစ္အက္စစ္၊ သိုင္ရာမင္း၊႐ြိဳင္ဘိုဖေလဗင္၊ ႏိုင္ရာဆင္၊အမွ်င္ဓါတ္၊ ဆိုဒီယမ္၊ ပိုတက္စီယမ္၊ ကယ္လ္စီယမ္၊ ေကာ့ပါး၊ ဇင့္၊မဂၢနီဆီယမ္၊ အိုင္႐ြန္း အစရွိတဲ့ ဗီတာမင္၊သတၳဳဓါတ္ေတြနဲ႔တျခားအက်ိဳးျပဳဓါတ္ေတြႂကြယ္ဝစြာပါရွိေနပါတယ္။

ဒီလိုလူစားမ်ားၿပီး အက်ိဳးျပဳဓါတ္ေတြမ်ားစြာပါဝင္တဲ့ ေ႐ႊအပ္မႈိရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ေအာက္ပါအတိုင္းျဖစ္ပါတယ္ေနာ္

၁။ ေသြးဖိအားကိိုေလ်ာ့က်ေစႏိုင္ျခင္း

ေ႐ႊအပ္မိႈိမွာ ပိုတက္ဆီယမ္ဓါတ္ ႂကြယ္ဝစြာပါရွိပါတယ္။ ပိုတက္ဆီယမ္ဓါတ္က ေသြးေၾကာေတြကို က်ယ္ေစၿပီး ေသြးစီးဆင္း လည္ပတ္မႈ ေကာင္းေအာင္ ကူညီေပးတဲ့အတြက္ တက္ေနတဲ့ ေသြးေပါင္ခ်ိန္ကို ေလ်ာ့က်ေစႏိုင္ပါတယ္။

၂။ ကိုိယ္တြင္းရွိ အဆီဓါတ္ေတြကို ေလ်ာ့က်ေစႏိုင္ျခင္း

ေ႐ႊအပ္မိႈိမွာပါတဲ့ linoleic acid ဓါတ္ဟာ အူလမ္းေၾကာင္းမွာရွိတဲ့ အဆီဓါတ္ေတြကို ေခ်ဖ်က္ေပးတဲ့အတြက္ ကိုယ္တြင္းမွာ အဆီေတြစုလာၿပီး ဝလာျခင္းမ်ိဳးမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္္ အဝလြန္ေရာဂါ ျဖစ္ႏိုင္ေျခနဲေအာင္ဆိုရင္ ေ႐ႊအပ္မႈိကို မၾကာခဏ စားသုံးေပးသင့္ပါတယ္။

၃။ ဦးေႏွာက္မွတ္ဉာဏ္္ကို တိုးတက္ေစျခင္း

ေ႐ႊအပ္မႈိမွာပါတဲ့ အမိုင္ႏိုအက္စစ ္(ပ႐ိုတင္း) ဓါတ္ေတြဟာ ဦးေႏွာက္ မွတ္ဉာဏ္တိုးတက္ေစဖို႔ အေထာက္အကူျပဳေၾကာင္း သုေသသနေလ့လာမႈေတြအရ သိရပါတယ္။

၄။ ႏွလုံးက်န္းမာေရးကိုိအေထာက္အကူျပဳျခင္း

ေ႐ႊအပ္မႈိဟာ ေသြးေပါင္ခ်ိန္ တက္ေနတာကို ေလ်ာ့က်ေစႏိုင္ၿပီး ကိုယ္တြင္း အဆီဓါတ္ေတြကိုလည္း ေလ်ာ့က်ေစႏိုင္တာေၾကာင့္ ႏွလုံးေသြးေၾကာက်ဥ္းတာ၊ ႏွလုံးႀကီးတာ၊ ႏွလုံးအဆီဖုံးတာစတဲ့ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေျခေတြကို ေလ်ာ့နည္းေစပါတယ္။

၅။ အူလမ္းေၾကာင္း က်န္းမာေရးကို အေထာက္အကူျပဳျခင္း

ေ႐ႊအပ္မႈိမွာ အမွ်င္ဓါတ္ႂကြယ္ဝစြာပါရွိၿပီး အူလမ္းေၾကာင္းရွိ အဆီဓါတ္ေတြကို ဖယ္ရွားႏိုင္တဲ့ linoleic acid ဓါတ္လည္း ႂကြယ္ဝစြာပါရွိတာေၾကာင့္ ဝမ္းခ်ဳပ္ျခင္း ကင္းေဝေစၿပီး ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာ ျဖစ္ပြားႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္။

၆။ ေသြးတြင္း သၾကားဓါတ္ကို ထိန္းညႇိေပးႏိုင္ျခင္း

ေ႐ႊအပ္မိႈိမွာ ႂကြယ္ဝစြာပါတဲ့ အမွ်င္ဓါတ္ဟာ အူလမ္းေၾကာင္း က်န္းမာေရးကို အေထာက္အကူျပဳ႐ုံသာမက ခႏၶာကိုယ္ထဲက အင္ဆူလင္ေဟာ္မုန္း ထုတ္လႈပ္မႈကိုပါ လႈံ႕ေဆာ္ေပးၿပီး သၾကားဓါတ္စုပ္ယူမႈကို ထိန္းညႇိေပးပါတယ္။ ဒါေၾကာင့္ ေ႐ႊအပ္မႈိ မၾကာခဏစားေပးျခင္းျဖင့္ ဆီးခ်ိဳေရာဂါ ျဖစ္ပြားႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ပါတယ္။

၇။ ဓါတ္မတည့္မႈျဖစ္ျခင္းေတြကို ေလ်ာ့နည္းေစႏိုင္ျခင္း

သုေတသန ေလ့လာခ်က္ေတြအရ ေ႐ႊအပ္မႈိကို မၾကာမၾကာ ပုံမွန္စားသုံးေပးျခင္းျဖင့္ ပန္းနာရင္ၾကပ္ျဖစ္တာ၊ အေရျပားေရာင္ရမ္းတာ၊ ႏွင္းခူျဖစ္တာစတဲ့ ဓါတ္မတည့္လို႔ ျဖစ္တဲ့ေရာဂါေတြ ျဖစ္ပြားႏိုင္ေျခကို ေလ်ာ့နည္းေစႏိုင္ေၾကာင္း သိရပါတယ္။

၈။ သံဓါတ္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါ ျဖစ္ႏိိုင္ေျခကိုေလ်ာ့က်ေစႏိုင္ျခင္း

သံံဓါတ္ဆိုတာဟာ ခႏၶာကိုယ္နဲ႔ ဦးေႏွာက္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ သတၳဳဓါတ္တမ်ိဳးျဖစ္ပါတယ္။ ကေလးငယ္ေတြဟာ ႀကီးထြားဖြံ႕ၿဖိဳးေနဆဲ အ႐ြယ္ျဖစ္လို႔ အ႐ြယ္ေရာက္ၿပီးသား လူငယ္ေတြလူႀကီးေတြထက္ သံဓါတ္ပိုလိုအပ္ပါတယ္။

သံဓါတ္ခ်ိဳ႕တဲ့ပါက အစာစားခ်င္စိတ္ မရွိတာ၊ ကိုယ္အေလးခ်ိန္ မတက္တာ၊ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ ေႏွးတာ၊ ျဖဴဖတ္ျဖဴေရာ္ျဖစ္တာ၊ နည္းနည္းလႈပ္ရွားတာနဲ႔ ေမာတဲ့အတြက္ သိပ္မေဆာ့ သိပ္လႈပ္လႈပ္ရွားရွားမရွိတာ၊ ပင္ပန္းႏြမ္းနယ္ေနတာ၊ လက္သည္းေတြဆိုလည္း ဇြန္းလိုမ်ိဴးခြက္ေနတာ ပါးပီးက်ိဴးလြယ္တာ စတာေတြျဖစ္ႏိုင္ပါတယ္။

ေ႐ႊအပ္မႈိမွာ အိုင္း႐ြန္းေခၚ သံဓါတ္ႂကြယ္ဝစြာပါရွိတာေၾကာင့္ မၾကာခဏစားေပးျခင္းျဖင့္ သံဓါတ္ခ်ိဳ႕တဲ့ျခင္းမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေတြကေတာ့ သိသေလာက္ ေ႐ႊအပ္မႈိစားျခင္းကေန ရႏိုင္တဲ့က်န္းမာေရးအက်ိဳးေက်းဇူးေတြျဖစ္ပါတယ္။

ေ႐ႊအပ္မႈိဝယ္တဲ့အခါ လတ္လတ္ဆတ္ဆတ္ရိွိတဲ့ ေ႐ႊအပ္မႈိကို ေ႐ြးဝယ္ပါ။ ႏြမ္းၿပီး ရိ႐ြဲေနတာ အေရာင္မေကာင္းတာမ်ိဳးကိုေရွာင္ပါ။ ဝယ္ၿပီးသုံးရက္ကေန ၅ရက္္အတြင္းစားပါ။ မခ်က္ျပဳတ္ခင္မွွာ ေရနဲ႔ေသခ်ာေျပာင္ေအာင္ေဆးပါ လို႔ အဆုံးသတ္အေနနဲ႔မွာၾကားခ်င္ပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode

ရွှေအပ်မှိုအကြောင်း

ရွှေအပ်မှို သူ့ရဲ့ပုံသဏ္ဍာန်က အပ်လိုပဲ ရှည်မျောမျောသေးသွယ်သွယ်ပုံစံရှိပြီး အဖြူရောင်ရှိပါတယ်။ မှိုထိပ်ဖူးကလည်း တခြားမှိုတွေလို တအားကားပြီးကြီးမနေပါ။ အင်္ဂလိပ်လို Golden Needle M u s h r o o m လို့ခေါ်ပြီး ဂျပန်လို E n o k i လို့ခေါ်ပါတယ်။ရုက္ခဗေဒ နာမည်ကတော့ F l a m m u l i n a velutipes ဖြစ်ပါတယ်။

သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေမှာ သဘာဝအတိုင်း ပေါက်ရောက်သလို စိုက်ပျိုးလို့လည်းရပါတယ်။ စိုက်ပျိုးရလည်း လွယ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တဲ့ ရွှေအပ်မှိုကတော့ ညိုရွှေရောင် ရှိပါတယ်။ ရွှအပ်မှိုဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာကော တကမ္ဘာလုံးမှာပါ အစားများတဲ့မှိုတမျိုးဖြစ်ပါတယ်။

ရွှေအပ်မှိုကို ဟင်းရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ဝက်သားလိပ်ထဲထည့်ကာ ကင်စားတာ၊ ဆူရှီထမင်းလိပ်ထဲထည့်စားတာ စသဖြင့် အမျိုးမျိုးလည်း လုပ်စားကြပါတယ်။ ကျွန်တော်တို့ဆီမှာ အများအားဖြင့်တော့ ဟော့ပေါ့တို့ ခေါက်ဆွဲပြုတ်တို့ထဲ ထည့်စားလေ့ရှိပါတယ်။

ရွှေအပ်မှိုမှာ အဆီဓါတ်(ကိုလက်စထရောဓါတ်)လုံးဝမပါရှိဘဲ ဗီတာမင်ဒီ၊ ဖောလိတ်၊ ဗီတာမင်ဘီဆစ်၊ ပန်သိုတီးနစ်အက်စစ်၊ သိုင်ရာမင်း၊ရွိုင်ဘိုဖလေဗင်၊ နိုင်ရာဆင်၊အမျှင်ဓါတ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ ဇင့်၊မဂ္ဂနီဆီယမ်၊ အိုင်ရွန်း အစရှိတဲ့ ဗီတာမင်၊သတ္ထုဓါတ်တွေနဲ့တခြားအကျိုးပြုဓါတ်တွေကြွယ်ဝစွာပါရှိနေပါတယ်။

ဒီလိုလူစားများပြီး အကျိုးပြုဓါတ်တွေများစွာပါဝင်တဲ့ ရွှေအပ်မှိုရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်နော်

၁။ သွေးဖိအားကိုလျော့ကျစေနိုင်ခြင်း

ရွှေအပ်မှိုမှာ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါရှိပါတယ်။ ပိုတက်ဆီယမ်ဓါတ်က သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်း လည်ပတ်မှု ကောင်းအောင် ကူညီပေးတဲ့အတွက် တက်နေတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါတယ်။

၂။ ကိုယ်တွင်းရှိ အဆီဓါတ်တွေကို လျော့ကျစေနိုင်ခြင်း

ရွှေအပ်မှိုမှာပါတဲ့ linoleic acid ဓါတ်ဟာ အူလမ်းကြောင်းမှာရှိတဲ့ အဆီဓါတ်တွေကို ချေဖျက်ပေးတဲ့အတွက် ကိုယ်တွင်းမှာ အဆီတွေစုလာပြီး ဝလာခြင်းမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အဝလွန်ရောဂါ ဖြစ်နိုင်ခြေနဲအောင်ဆိုရင် ရွှေအပ်မှိုကို မကြာခဏ စားသုံးပေးသင့်ပါတယ်။

၃။ ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေခြင်း

ရွှေအပ်မှိုမှာပါတဲ့ အမိုင်နိုအက်စစ ်(ပရိုတင်း) ဓါတ်တွေဟာ ဦးနှောက် မှတ်ဉာဏ်တိုးတက်စေဖို့ အထောက်အကူပြုကြောင်း သုသေသနလေ့လာမှုတွေအရ သိရပါတယ်။

၄။ နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း

ရွှေအပ်မှိုဟာ သွေးပေါင်ချိန် တက်နေတာကို လျော့ကျစေနိုင်ပြီး ကိုယ်တွင်း အဆီဓါတ်တွေကိုလည်း လျော့ကျစေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြီးတာ၊ နှလုံးအဆီဖုံးတာစတဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေတွေကို လျော့နည်းစေပါတယ်။

၅။ အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုခြင်း

ရွှေအပ်မှိုမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိပြီး အူလမ်းကြောင်းရှိ အဆီဓါတ်တွေကို ဖယ်ရှားနိုင်တဲ့ linoleic acid ဓါတ်လည်း ကြွယ်ဝစွာပါရှိတာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

၆။ သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးနိုင်ခြင်း

ရွှေအပ်မှိုမှာ ကြွယ်ဝစွာပါတဲ့ အမျှင်ဓါတ်ဟာ အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုရုံသာမက ခန္ဓာကိုယ်ထဲက အင်ဆူလင်ဟော်မုန်း ထုတ်လှုပ်မှုကိုပါ လှုံ့ဆော်ပေးပြီး သကြားဓါတ်စုပ်ယူမှုကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ရွှေအပ်မှို မကြာခဏစားပေးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

၇။ ဓါတ်မတည့်မှုဖြစ်ခြင်းတွေကို လျော့နည်းစေနိုင်ခြင်း

သုတေသန လေ့လာချက်တွေအရ ရွှေအပ်မှိုကို မကြာမကြာ ပုံမှန်စားသုံးပေးခြင်းဖြင့် ပန်းနာရင်ကြပ်ဖြစ်တာ၊ အရေပြားရောင်ရမ်းတာ၊ နှင်းခူဖြစ်တာစတဲ့ ဓါတ်မတည့်လို့ ဖြစ်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။

၈။ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း

သံံဓါတ်ဆိုတာဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓါတ်တမျိုးဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်လို့ အရွယ်ရောက်ပြီးသား လူငယ်တွေလူကြီးတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။

သံဓါတ်ချို့တဲ့ပါက အစာစားချင်စိတ် မရှိတာ၊ ကိုယ်အလေးချိန် မတက်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှု နှေးတာ၊ ဖြူဖတ်ဖြူရော်ဖြစ်တာ၊ နည်းနည်းလှုပ်ရှားတာနဲ့ မောတဲ့အတွက် သိပ်မဆော့ သိပ်လှုပ်လှုပ်ရှားရှားမရှိတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ လက်သည်းတွေဆိုလည်း ဇွန်းလိုမျိူးခွက်နေတာ ပါးပီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။

ရွှေအပ်မှိုမှာ အိုင်းရွန်းခေါ် သံဓါတ်ကြွယ်ဝစွာပါရှိတာကြောင့် မကြာခဏစားပေးခြင်းဖြင့် သံဓါတ်ချို့တဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါတွေကတော့ သိသလောက် ရွှေအပ်မှိုစားခြင်းကနေ ရနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေဖြစ်ပါတယ်။

ရွှေအပ်မှိုဝယ်တဲ့အခါ လတ်လတ်ဆတ်ဆတ်ရှိတဲ့ ရွှေအပ်မှိုကို ရွေးဝယ်ပါ။ နွမ်းပြီး ရိရွဲနေတာ အရောင်မကောင်းတာမျိုးကိုရှောင်ပါ။ ဝယ်ပြီးသုံးရက်ကနေ ၅ရက်အတွင်းစားပါ။ မချက်ပြုတ်ခင်မှာ ရေနဲ့သေချာပြောင်အောင်ဆေးပါ လို့ အဆုံးသတ်အနေနဲ့မှာကြားချင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)

Be the first to comment

Leave a Reply

Your email address will not be published.


*