ရဟတ်မစီးရဲပေမယ့် ပြင်သစ်သူလေးကြောင့် အပြုံးမျက်နှာကြီးနဲ့ ပျော်ပျော်ကြီး ရဟတ်လိုက်စီးခဲ့တဲ့ ယုန်လေး





Unicode

အမိုက်စားရုပ်ရှင်ဇာတ်ကားတွေ ဖန်တီးရိုက်ကူးနေတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ယုန်လေးက ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် အဘက်ဘက်မှာ အရည်အချင်းတွေပြည့်စုံတဲ့ အနုပညာရှင်တစ်ဦးပါ။ အမြဲတမ်း ဒဲ့တိုးပြောတတ်ပြီး ပွင့်ပွင့်လင်းလင်းရှိတဲ့ သူ့ရဲ့ ပုံစံကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးနေပြီး အပစ်အခတ်တွေ ဝေဝေဆာနေတဲ့ ဒါရိုက်တာ ယုန်လေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှူရအုံးမှာပါ။ ခပ်မိုက်မိုက် မော်ဒယ် သရုပ်ဆောင်တွေကို ကြိုဆိုရင်း ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းတတ်ပါတယ်။ အခုလည်း ချစ်စရာကောင်းတဲ့ မော်ဒယ်မလေးတစ်ယောက်ကို ယုန်လေးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင်တွေ့ရအုံးမှာပါ။

ချစ်စရာကောင်းတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Anna S. Jean နဲ့အတူ လမ်းမတော်ပွဲဈေးမှာ ပျော်နေတဲ့ ပရိသတ်အချစ်တော် လူပျိုကြီး ယုန်လေးကို တွေ့ရမှာပါနော်။ ချစ်စရာကောင်းတဲ့ ပြင်သစ်သူလေးကြောင့် ပါးစပ်မစိနိုင်အောင် အပြုံးတွေဝေနေတဲ့ ယုန်လေးက “ရဟတ်ကို စီးရမှာ လန့်လို့ ဒါပေမယ့် စီးလိုက်တယ် သူလေးရှိလို့” ဆိုပြီး နှစ်ယောက်သား ရဟတ်အတူစီးခဲ့ကြတဲ့ ပုံလေးတွေကို တင်ထားတာပါ။ လူပျိုကြီး ယုန်လေးတစ်ယောက်အရမ်းကို သဘောတွေကျနေလို့ ပရိသတ်ကြီးလည်း နှစ်ယောက်လုံးကို အားပေးလို့ရအောင် တင်ပေးလိုက်ပါတယ်နော်။

Source: Yone Lay,CRD-Cele Gabar

Be the first to comment

Leave a Reply

Your email address will not be published.


*