ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြတဲ့ သူ့ရဲ့ရှိုးပွဲနဲ့ ပတ်သက်ပြီး မြန်မာဆိုတာဘာလဲ ပြောလိုက်တဲ့ မနော …










Unicode

အဆိုတော် မနောဟာ မြန်မာနိုင်ငံမှာ အတော့်ကို အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တ စ်ေ ယာက်ပါ… သူ့ရဲ့ ကျေးလက်သဘာဝကို ထင်ဟပ်စေတဲ့ သီချင်းတွေဟာ ဆိုရင် တောရောမြို့ပါမကျန် အကုန်ကြိုက်ကြတာပဲ ဖြစ်ပါတယ်..ဒါ့အပြင် အလှူမင်္ဂလာပွဲတွေမှာလည်း မနောမပါရင် မပြီးဘူး လို့ ဆိုရမှာပါ…

ဒီလို မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းဆိုရင် နိုင်ငံခြားထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်…လတ်တလောမှာလည်း မနောဟာ ထိုင်းနိုင်ငံမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ခုလိုချပြခဲ့ပါ တယ်

“ထိုင်းနိုင်ငံ မဲဆောက်မှာ ဆိုခဲ့တယ် ..ချီးကျူးစရာတစ်ခုတွေ့ခဲ့တယ် ….အမျိုး ဘာသာသာ သနာကိုစောင့်ရှောက်တဲ့ ထိုင်းနိုင်ငံမှာအနေကြာပြီး မြန်မာလူမျိုးတွေ အဲဒီမှာတော်တော်များ များကိုရှိနေတာဗျာ့…

ရှိတဲ့ထဲမှာ ထူးခြားတာက …ဦးကျော်သောင်းတို့ဇနီးမောင်နှံ ဟာ မြန်မာလူမျိုးရဲ့ ဓလေ့ ထုံးတန်း အစဉ်အလာကို အမြဲထိမ်းသိမ်းပေးနေပြီး သူ၏ သားသမီးမြေးလေးတွေဟာ ထိုင်းမှာပဲမွေးေ ပ မယ့် အားလုံးမြန်မာစကားပဲပြောခိုင်းတယ် … ထိုင်းစာလည်းတက်တယ်ပေါ့…

ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာလှူတာတွေတော်တော်များတယ် … အခုပွဲမှာလည်း မြန်မာ့ ဓလေ့ဝတ်စားတွေနဲ့ယဉ်ကျေးမှုကို ချပြတယ်…မြန့်မာ့ဆိုင်းဝိုင်းနဲ့ အဆို အတီးအက အစုံ ပါ တယ်… မြန်မာမုန့်အစုံဆိုင်တန်းများဖွင့်ရောင်းကြတယ် ….

ထိုင်းနိုင်ငံလူကြီးများကြွရောက်အားပေးဖွင့်ပွဲလုပ်ကြတယ် …ထိုလူကြီးများကိုမြန်မာမုန့်နဲ့ပဲ ဧည့်ခံတယ်… ပြီးတော့ ဦးကျော်သောင်းဟာ မိခင်ကြီး ၉၃ နှစ်ထိ လိုတာမရှိအောင်ေ ဆာင်ရွ က်ပြီး ကျေးဇူးဆပ်သူတစ်ဦးလည်းဖြစ်တယ်….

ဒါကြောင့် ကျနော်တို့ အတုယူစရာတွေတွေ့ခဲ့ရတယ်…မိမိဘယ်နေရာ ဘယ်နိုင်ငံရော က်ရော က် မိမိရဲ့ နိုင်ငံ နှင့် လူမျိုး ဘာသာ ကိုတော့အလေးထားရမယ်…တိုင်းတစ်ပါးရဲ့ အရိပ်မိပြီး မိခင်ဘာသာရပ်မေ့သွားသူမဖြစ်ရဘူး… ဒါဟာ အင်မတန်မှ ဂုဏ်ယူစရာဖြစ်တာမို့ တင်ပြအပ် ပါတယ် …အားလုံးသာယာချမ်းမြေ့ပါစေ…” ဆိုပြီး ရေးသားခဲ့တာပါ…

မနောပြောတာလည်း မှန်ပါတယ်…မြန်မာဆိုတာ ဘယ်နေရာရောက်ရောက်မြန်မာပါပဲ…အဲတာကြောင့် ကျနော်တို့ အားလုံး မြန်မာဆိုတဲ့ စိတ်နဲ့ ကိုယ့်မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း ပြီး မြန်မာ့ဂုဏ်တက်အောင် ကြိုးစားကြပါစို့နော်..

Credit Writer ; Kwee (Jeeptoolay)Source ; မနော Manaaw

Be the first to comment

Leave a Reply

Your email address will not be published.


*