17 လက်မအရှည်ရှိတဲ့ အဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကို တယုတယမွေးထားပြီး ခန္ဓာကိုယ်


17 လက်မအရှည်ရှိတဲ့ အဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကို တယုတယမွေးထားပြီး ခန္ဓာကိုယ်ပေါ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ အမျိုးသား

လူအတော်အများက အိမ်မွေးတိရစ္ဆာန်တွေဆိုရင် ချစ်ဖို့ကောင်းတဲ့ ခွေးလေး ၊ ကြောင်လေးတွေကိုမွေးလေ့ရှိပေမဲ့လည်း ၊

အချို့သောသူတွေကတော့ ကြောက်ဖို့ကောင်းလွန်းပြီး အဆိပ်ပြင်းတဲ့ အကောင်တွေကို အိမ်မွေးအကောင်အဖြစ် မွေးထားတတ်ကြပါတယ် ။

ဒီတစ်ခေါက်မှာလည်းထိုင်ဝမ်မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ 17လက်မခန့်အရှည်ရှိတဲ့ ကြီးမားပြီးအဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကိုအိမ်မွေးအကောင်အဖြစ် တယုတယမွေးထားပြီး ၊

သူ့ရဲ့ခန္ဓာကိုယ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ် ။

 

Neil Cheng Le အမည်ရှိတဲ့ အမျိုးသားဟာ 2014 ခုနှစ်က အဆိုပါကင်းခြေများကို ဝယ်ပြီးမွေးခဲ့တာပါ ။

အစပိုင်းမှာကင်းခြေများက ယခုလောက်အထိတော့ မကြီးသေးပါဘူး ။

Neil ဟာအဆိုပါကင်းခြေများကို ကြောင်တွေ၊ခွေးတွေမွေးသလိုမွေးထားပြီး နေရာအနှံ့ပေးသွားခွင့်ပေးကာ ၊

လက်နဲ့လည်းကိုယ်တိုင်အစာကျွေးပြီး ၊ ခေါင်းကိုပါ လက်နဲ့ပွတ်သပ်ပေးလေ့ရှိပါသေးတယ် ။

ကင်ခြေများကတော့ သူ့ကို တစ်ကြိမ်တစ်ခါမှ ထိခိုက်ဒဏ်ရာ ပေးဖူးခြင်းမျိုး မရှိကြောင်းလည်း Neil က ပြောပြခဲ့ပါသေးတယ် ။

ကင်းခြေများတွေကိုက်ရင်တော့ မအီမသာဖြစ်ပြီး ပျို့အန်ခြင်း ၊ အဖျားတက်ခြင်း နဲ့ ရည်ကြည်ဖုထခြင်းစတဲ့လက္ခဏာမျိုး ခံစားကြရမှာပါ ။

ယခုလို အကောင်ကြီးဆိုရင်တော့ ပိုပြီးတော့တောင် အန္တရာယ်ဖြစ်နိုင်လို့ အကိုက်မခံရဖို့ အထူးသတိထားသင့်ကြောင်းလည်း သိရှိရပါတယ် ။

Zawgyi

17 လက်မအရှည်ရှိတဲ့ အဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကို တယုတယမွေးထားပြီး ခန္ဓာကိုယ်ပေါ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ အမျိုးသား

လူအတော်အများက အိမ်မွေးတိရစ္ဆာန်တွေဆိုရင် ချစ်ဖို့ကောင်းတဲ့ ခွေးလေး၊ ကြောင်လေးတွေကို မွေးလေ့ရှိပေမဲ့လည်း၊အချို့သောသူတွေကတော့ ကြောက်ဖို့ကောင်းလွန်းပြီး အဆိပ်ပြင်းတဲ့ အကောင်တွေကို အိမ်မွေးအကောင်အဖြစ် မွေးထားတတ်ကြပါတယ် ။

ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်မှာ နေထိုင်တဲ့အမျိုးသားတစ်ဦးဟာ 17 လက်မခန့်အရှည်ရှိတဲ့ ကြီးမားပြီးအဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကို အိမ်မွေးအကောင်အဖြစ် တယုတယမွေးထားပြီး ၊ သူ့ရဲ့ခန္ဓာကိုယ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ် ။

Neil Cheng Le အမည်ရှိတဲ့ အမျိုးသားဟာ2014 ခုနှစ်ကအဆိုပါကင်းခြေများကိုဝယ်ပြီးမွေးခဲ့တာပါ ။အစပိုင်းမှာကင်းခြေများကယခုလောက်အထိတော့ မကြီးသေးပါဘူး ။ Neil ဟာအဆိုပါကင်းခြေများကို ကြောင်တွေ၊ ခွေးတွေ မွေးသလို မွေးထားပြီး နေရာအနှံ့ပေးသွားခွင့်ပေးကာ ၊လက်နဲ့လည်း ကိုယ်တိုင်အစာကျွေးပြီး ၊ ခေါင်းကိုပါ လက်နဲ့ပွတ်သပ်ပေးလေ့ရှိပါသေးတယ် ။

ကင်ခြေများကတော့ သူ့ကို တစ်ကြိမ်တစ်ခါမှ ထိခိုက်ဒဏ်ရာ ပေးဖူးခြင်းမျိုး မရှိကြောင်းလည်း Neil က ပြောပြခဲ့ပါသေးတယ် ။ကင်ခြေများတွေကိုက်ရင်တော့ မအီမသာဖြစ်ပြီး ပျို့အန်ခြင်း ၊ အဖျားတက်ခြင်း နဲ့ ရည်ကြည်ဖုထခြင်း စတဲ့လက္ခဏာမျိုး ခံစားကြရမှာပါ ။ယခုလိုအကောင်ကြီးဆိုရင်တော့ ပိုပြီးတော့တောင် အန္တရာယ်ဖြစ်နိုင်လို့ အကိုက်မခံရဖို့ အထူးသတိထားသင့်ကြောင်းလည်း သိရှိရပါတယ် ။

crd

Leave a Comment