10 နှစ်လောက်တွဲခဲ့တဲ့ ချစ်သူကို လူအုပ်ကြီးရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့လို့….


မကြာသေးခင်ကမှ တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့အဖြစ်ဟာ အတော်လေးကို လူပြောများလျက်ရှိပါတယ် ။ သူတို့နှစ်ဦးဟာ ကျောင်းတက်ကတည်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး 10 နှစ်လုံးလုံး နှစ်ယောက်အတူ ကြိုးစားအလုပ်လုပ်ကိုင်ပြီး ၊ ပိုက်ဆံတွေလည်း အတူရှာဖွေခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကောင်မလေးကို လက်ထပ်ခွင့်တောင်းတိုင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့လို့ နောက်ဆုံး ကောင်လေးက လူအသွားအလာများတဲ့ နေရာမှာ သတ္တိရှိရှိ လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။

ကောင်လေးဟာ ပန်းစည်းတွေ နဲ့ အရုပ်လေးကို ကိုင်ထားပြီး ‘ Hao Hao ငါ့ကို လက်ထပ်ပါလာ ၊ ငါနင့်ကို မိသားစုအိမ်လေး ဖန်တီးပေးချင်တယ် ‘ ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ဘေးက ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးကလည်း ‘ လက်ထပ်လိုက် ၊ လက်ခံလိုက် ‘ ဆိုပြီး ဝိုင်းအော်နေခဲ့ကြတာပါ ။

ကောင်မလေးမှာတော့ ရုတ်တရက် စိတ်တိုသွားပြီး ‘ အသက် 30 ရှိနေပြီ ၊ အိမ်မရှိ ၊ ကားမရှိ ၊ စုဆောင်းထားတဲ့ ငွေလည်းမရှိ ငါ့ကို ဘယ်လို စောင့်ရှောက်ပေးမှာလဲ ‘ ဆိုပြီး အော်ဟစ်ကာ ကောင်လေးကို ဝက်ဝံရုပ်နဲ့ ပစ်ပေါက်ခဲ့ပြီး အဆိုပါနေရာကနေ ထပြန်သွားခဲ့ပါတယ် ။

ကောင်လေးကတော့ ကျန်ရစ်ခဲ့ရင် ‘ 10 နှစ်ရှိပြီ ၊ ပြီးခဲ့တဲ့ 10 နှစ်လုံး ငါမင်းနဲ့အတူ ပင်ပန်းခဲ့တာပါ ၊ ငါ့ကိုဘာလို့ အခုလို ဆက်ဆံရတာလည်း ‘ ဆိုပြီး အော်ဟစ်ကာ လူအများရှေ့မှာ ကျန်ရစ်ခဲ့ပါတော့တယ် ။

Jasmine ( EVeronline )

Leave a Comment