ဥရုချောင်းရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ် လုံးခင်းကျေးရွာမှာ ရေကြီးမှုစတင်ဖြစ်ပေါ်နေ

ဥရုချောင်းရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ် လုံးခင်းကျေးရွာမှာ ရေကြီးမှုစတင်ဖြစ်ပေါ်နေ ဖားကန့်ကျောက်စိမ်းမှော်ဒေသအား ဖြတ်သန်းစီးဆင်းနေသည့် ဥရုချောင်းရေမြင့်တက်လာမှုနှင့်အတူ လုံးခင်းကျေးရွာအတွင်းရှိ လမ်းမများပေါ်တွင် ယနေ့ ဇွန်လ ၂၂ ရက် ညနေပိုင်းအချိန်မှ စတင်၍ ရေကြီးရေလျှံမှု စတင်ဖြစ်ပေါ်နေကြောင်း ဒေသခံများမှ သိရသည်။ ဖားကန့်မြို့နယ် ကံဆီးဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ညနေအထိ ဥရုချောင်းရေ ၉ ပေခန့်အထိ ရောက်ရှိနေပြီးဖြစ်ကြောင်း လုံးခင်းကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “အထက် ကံဆီးဘက်က မိုးများလို့ ဥရုချောင်းရေကြီးရင် လုံးခင်းက ရေမြုပ်တော့တာပဲ၊အခုလည်း တစ်နာရီကို တစ်ပေခွဲလောက်အထိ ရေကတက်နေတယ်”ဟု လုံးခင်းကျေးရွာဒေသခံ ဦးဇော်မိုးကပြောသည်။ ဥရုချောင်းရေတက်လာမှုနှင့်အတူ လုံးခင်းကျေးရွာအတွင်းရှိ လမ်းများတွင်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး၊ရပ်ကွက်(၄)အတွင်းရှိ နေအိမ်တချို့ ရေစတင် ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ယခုသတင်းရေးသားနေသည့် ညနေ ၆း၃၀ အချိန်အထိ ကံဆီး၊ဖားကန့်၊လုံးခင်းတွေ မိုးရွာသွန်းနေဆဲဖြစ်ပြီး … Read more

မျက်မမြင်မိခင်ကို ထီးပြင်သည့် အလုပ်ဖြင့် လုပ်ကျွေးပြုစုနေတဲ့ ၁၁ နှစ်အရွယ်ကလေးငယ်

မျက်မမြင်မိခင်ကို ထီးပြင်သည့် အလုပ်ဖြင့် လုပ်ကျွေးပြုစုနေတဲ့ ၁၁ နှစ်အရွယ်ကလေးငယ် မျက်စိမမြင်ရတော့တဲ့ မိခင်ဖြစ်သူ ဘာအလုပ်မှ မလုပ်နိုင်တော့တဲ့အတွက် ၁၁နှစ်အရွယ်ပဲ ရှိသေးတဲ့ သားငယ်လေး မောင်ဖြိုးဝေအောင် ဟာ ထီးအစုတ်တွေကို ဝယ်ပြီး တစ်စစီပြန်ဖြုတ် ၊ ထီးအကောင်းတစ်လက်ဖြစ်အောင် ပြန်ပြုပြင်ရောင်းချနေပါတယ်။ အဲဒီမြင်ကွင်းကို သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီးမှာမြင်တွေ့နေကြရတာပါ။သူက ပြန်ပြုပြင်ပြီး ထီးတစ်လက်ကို ၁၅၀၀ နဲ့ ရောင်းတာ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ မိခင် ဒေါ်သန်းသန်းမော် က ဈေးရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့သူ တစ်ဦးပါ။ကလေးတွေ ငယ်စဉ်ကတည်းက ဈေးရောင်းတဲ့အလုပ်နဲ့ပဲ အသက်မွေးခဲ့သူပါ။ မျက်စိက တတိယ ကိုယ်ဝန်ရပြီး လုံးဝ မမြင်ရတော့တာလို့ ဆိုပါတယ်။ အခု လက်ရှိ သူမကို လုပ်ကျွေးနေတဲ့ သားငယ် မောင်ဖြိုးဝေအောင် ကိုယ်ဝန်ရစဉ်မှာပဲ ဒေါ်သန်းသန်းမော် … Read more

ဇွန်လ ၂၃ ရက် (သောကြာနေ့) အတွက် ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းများ

ဇွန်လ ၂၃ ရက် (သောကြာနေ့) အတွက် ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းများ   ၂၀၂၃ ခုနှစ်ဇွန်လ ၂၃ ရက် (သောကြာနေ့) အတွက် ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်း တို့ကိုစုစည်းဖော်ပြပေးလိုက်ပါသည်။ ရန်ကုန် စက်သုံးဆီစျေးနှုန်း 92 တစ်လီတာ − 2005 ကျပ် 95 တစ်လီတာ − 2100 ကျပ် ဒီဇယ်တစ်လီတာ − 2000 ကျပ် ပရီမီယံ ဒီဇယ်တစ်လီတာ − 2080 ကျပ် နေပြည်တော် စက်သုံးဆီစျေးနှုန်း 92 တစ်လီတာ − 2045 ကျပ် 95 တစ်လီတာ − 2145 ကျပ် ဒီဇယ်တစ်လီတာ − 2045 … Read more

၂၀၀၇ ခုနှစ်မတိုင်ခင် ဆောက်ထားတဲ့ ထိုင်းနိုင်ငံရှိ အဆောက်အဦးများ ငလျင်ဒဏ်သင့်နိုင် ကြောင်းသတိပေးထုန်ပြန်

၂၀၀၇ ခုနှစ်မတိုင်ခင် ဆောက်ထားတဲ့ ထိုင်းနိုင်ငံရှိ အဆောက်အဦးများ ငလျင်ဒဏ်သင့်နိုင် ကြောင်းသတိပေးထုန်ပြန် မကြာသေးခင်တုန်းက မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသမှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ၆ အဆင့်ရှိတဲ့ ငလျင်ရဲ့အရှိန်ကို ထိုင်းနိုင်ငံမှာပါ သိရှိခံစားခဲ့ရပြီးတဲ့နောက် ဘန်ကောက်မြို့တော်က ၂၀၀၇ ခုနှစ်မတိုင်ခင်တုန်းကဆောက်ထားတဲ့ အဆောက်အဦး တွေမှာ ငလျင်ဒဏ်အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်မတိုင်ခင်က ဆောက်လုပ်ခဲ့တဲ့ ဘန်ကောက်မြို့တော်က အဆောက်အဦး တွေ မှာ အနာဂတ်မှာလှုပ်ခတ်မယ့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နိုင်ကြောင်း ထိုင်းအစိုးရ ဓာတ်သတ္တုအရင်းအမြစ်ဌာန (DMT) ကနေ သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်သတ္တုအရင်းအမြစ်ဌာန (DMT) အကြီးအကဲ အိုရာနူ လော်ဖန်စရီက မကြာသေးမီက လှုပ်ခတ်ခဲ့ တဲ ငလျင်ရဲ့ဗဟိုချက်ဟာ မြန်မာနိုင်ငံရဲ့ ကီလိုမီတာ ၁၂၀၀ ရှည်လျားတဲ့ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာတည်ရှိပြီး … Read more

နိုင်ငံ့ဂုဏ်ဆောင် အားကစားဆုရှင် မသဲစုကို လက်ထောက်နည်းပြတာဝန် ပေးအပ်

နိုင်ငံ့ဂုဏ်ဆောင် အားကစားဆုရှင် မသဲစုကို လက်ထောက်နည်းပြတာဝန် ပေးအပ်   ကမ္ဘာ့အဆင့်/နိုင်ငံတော်အဆင့်အောင်မြင်မှုများနှင့် ရွှေတံဆိပ်ဆုများစွာရရှိထားသည့် ကာယဗလအားကစားမယ် မသဲစုအား တာဝန်ရှိသူများကကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။ မသဲစုဟာ ရန်ကုန်တိုင်း၊ ဒလမြို့ရှိ ကျူးကျော်တဲအိမ်တွင်နေထိုင်နေရသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ သူမရဲ့ ဘဝရပ်တည်ရေးအတွက် တာဝန်ရှိသူတွေက မင်္ဂလာဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်ခိုင်ဇာဝေနှင့် တွဲဖက်ပြီး Physical Fitness Dance သင်တန်းများ၊ Zumba သင်တန်းများ၌ လက်ထောက်နည်းပြတာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထို့ပြင် မသဲစုအတွက် လစဉ်ထောက်ပံ့ကြေးရရှိရန်လည်း တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အသက်(၂၁)နှစ်အရွယ်ရှိ မသဲစုသည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အင်ဒိုနီးရှားနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၅၃)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆု၊ တောင်ကိုရီးယားနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုများဆွတ်ခူးရရှိထားခဲ့ပါတယ်။ ဒါ့အပြင် … Read more

ယနေ့ (၂၁.၆၂၀၂၃) ဗုဒ္ဓဟူးနေ့ အတွက် ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး ၊မြန်မာ့ ရွှေဈေး ၊ ဒေါ်လာဈေး ၊ စက်သုံးဆီ ဈေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ…

ယနေ့ (၂၁.၆၂၀၂၃) ဗုဒ္ဓဟူးနေ့ အတွက် ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး ၊မြန်မာ့ ရွှေဈေး ၊ ဒေါ်လာဈေး ၊ စက်သုံးဆီ ဈေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ… ယနေ့ (၂၁.၆၂၀၂၃) ဗုဒ္ဓဟူးနေ့ အတွက် ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး ၊မြန်မာ့ ရွှေဈေး ၊ ဒေါ်လာဈေး ၊ စက်သုံးဆီ ဈေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ… ပြည်တွင်းရွှေဈေးနှုန်းများ . . . အခေါက်ရွှေရောင်းဈေး = 3 140000ကျပ် အခေါက်ရွှေဝယ်ဈေး =3135000ကျပ် ၁၅ ပဲရည်ရောင်းဈေး 2950000 ကျပ် ၁၅ ပဲရည် ဝယ်ဈေး 2945000 ကျပ် YGEA 2280800 ကျပ် ကမ္ဘာရွှေဈေး = 1936 USဒေါ်လာဖြစ်ပါသည်။ စက်သုံးဆီဈေးနှုန်းများ … Read more