ဇေယျတုသဗ္ဗမင်္ဂလံ။ တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်း ဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ် အဝဿန်နဝင်းမှသည် တန်ခူးဖြစ်သော မိဿရာသီ အဿဝနီနက္ခတ်ပထမပါဒ်အာဒိအင်္ဂါနဝင်းထက်သို့တွက်စစ်ကောဇာနှစ်သင်္ချာကားမြန်မာ သက္ကရာဇ်၁၃၈၄-ခုနှစ်၊နှောင်းတန်ခူးလပြည့်ကျော်(၁၀)ရက်၊ခရစ်နှစ်၂၀၂၃-ခုနှစ်၊ ဧပြီလ(၁၄)ရက်၊ သောကြာနေ့မြန်မာစံတော်ချိန်ညနေ့စက်(၆)နာရီ၊ (၁၂)မိနစ်(၈) စက္ကန့်အချိန် ကန်ရာသီ လဂ်၊ မကာရရာသီ စန်း၊ တနင်္ဂနွေဟောရတ်၊ သောကြာ တြင်း၊ ဗုဒ္ဓဟူးနဝင်း၊ တနင်္ဂနွေ ဒွါဒသင်း၊အင်္ဂါတိသင်း၊ လဂ်စီနက္ခတ် (၆)လုံး အဒြနက္ခတ် တတိယပါဒ်၊(၁၁)ဃဋီ၊(၁ဝ)ဝိဃဋီထက်လဂ်စီးပြီး၊ကောလဝကရိုဏ်းနှင့်ယှဉ်လျက် တနင်္ဂနွေဂြိုဟ်မင်းသည် ခရူသင်းအဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်လျက် နွားလာဥဿဘကိုစီး၍လက်တစ်ဖက်ကားပုဆိန်၊လက်တစ်ဖက်ကားတံစဉ်းကိုကိုင်လျက် အရှေ့တောင်ထောင့်ကသည်အနောက်သို့ဝင်၏၊ ပြောက္ကာဒေဝီနတ်သမီးကားအလှည့်စေ့၍ ပရမီသွာနတ်မင်း၏သားအာသီအမည်ရှိသောဗြဟ္မာမင်း၏ဦးခေါင်းကိုကမ်းသည်ရှိသော် ရဿကာဒေဝီနတ်သမီးကားဆောင့်ကြောင့်ထိုင်၍လှမ်းလင့်၏၊ နန္ဒာဒေဝီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊အင်္ဂါအားဖြင့်ငါးပါးသောအဆင်းဖြင့်ပြီးသောအဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကိုစောင့်လင့်၏။ ထိုကြောင့်ဤနှစ်တွင် (၇)ရက်သားသမီး တစ်နှစ်စာ ဟောစာတမ်း တနင်္ဂနွေနေ့ဖွား သားသမီးတို့ သည် ဤနှစ်တွင် စည်းကမ်းကို အလေးအနက် … Read more