နိုင်ငံ့ဂုဏ်ဆောင် အားကစားဆုရှင် မသဲစုကို လက်ထောက်နည်းပြတာဝန် ပေးအပ်
ကမ္ဘာ့အဆင့်/နိုင်ငံတော်အဆင့်အောင်မြင်မှုများနှင့် ရွှေတံဆိပ်ဆုများစွာရရှိထားသည့် ကာယဗလအားကစားမယ် မသဲစုအား တာဝန်ရှိသူများကကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။ မသဲစုဟာ ရန်ကုန်တိုင်း၊ ဒလမြို့ရှိ ကျူးကျော်တဲအိမ်တွင်နေထိုင်နေရသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ သူမရဲ့ ဘဝရပ်တည်ရေးအတွက် တာဝန်ရှိသူတွေက မင်္ဂလာဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်ခိုင်ဇာဝေနှင့် တွဲဖက်ပြီး Physical Fitness Dance သင်တန်းများ၊ Zumba သင်တန်းများ၌ လက်ထောက်နည်းပြတာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထို့ပြင် မသဲစုအတွက် လစဉ်ထောက်ပံ့ကြေးရရှိရန်လည်း တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အသက်(၂၁)နှစ်အရွယ်ရှိ မသဲစုသည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အင်ဒိုနီးရှားနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၅၃)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆု၊ တောင်ကိုရီးယားနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုများဆွတ်ခူးရရှိထားခဲ့ပါတယ်။ ဒါ့အပြင် မသဲစုအတွက် လာမည့် အားကစားပြိုင်ပွဲတွေအတွက် VX Supplement နှင့် … Read more